ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 February 2013

တောင်ကုတ်မြို့နယ် နေပူတောင်မှ ဗီယက်နမ်ကျောက်ထုတ်မည်


RSVလေးဝတီ။            ။တောင်ကုတ်မြို့နယ် နေပူတောင်မှ အလှဆင်ကျောက်များထုတ်လုပ်မှုကို ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့် လက်မှတ်ရေးထိုးလိုက် ကြောင်း RSV သတင်းအရ လေးဝတီက သိရှိရပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ သယံဇာတများကို အမြဲထုတ်ယူရန် ကြိုးစားနေသော နိုင်ငံခြားသားများသည် ယခုအခါတွင် တောင်ကုတ်မြို့နယ်ရှိ နေပူတောင်မှ ကျောက်များကို မျက်စီကျလာခဲ့ရာ ဗီယက်နမ် ကုမ္ပဏီတစ်ခုမှ မာဘယ်အလှဆင်ကျောက် ထုတ်လုပ်ခြင်းကို ကြီးကြီးမားမား လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုအစိုးရနှင့် သဘောတူညီမှု စာချုပ်များချုပ်ဆိုခဲ့ပြီဖြစ်သဖြင့် ယခုခါတွင် ပြည်နယ်အစိုးရမှလည်း ခွင့်ပြုလိုက်ပြီဟု သိရပါသည်။
ယင်းအတွက် Mysico Company နှင့် Vietnam သံအမတ်တို့ (၂၈-၁-၂၀၁၃) ရက်နေ့၌ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ၂၅ နှစ်တာ လုပ်ပိုင်ခွင့် ထပ်ဆင့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ကြကြောင်း သိရသည်။
အဆိုပါ အမှတ် (၃) သတ္တုတွင်းလုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံမှ SIMCO Song Da Joint Stock Company ကုမ္ပဏီတို့သည် မာဘယ်အလှဆင်ကျောက် အကြီးစားထုတ်လုပ်မှုလုပ်ငန်း အောင်မြင်နိုင်ရေးအတွက်နှင့် ပြဿနာများမဖြစ်ပေါ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဗီယက်နမ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ်သုံးဦးနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်လေးဦးတို့ ပါဝင်သည့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမှ SIMCO Song Da Joint Stock Company သည် မာဘယ်အလှဆင်ကျောက်အကြီးစား ထုတ်လုပ်ရေးလုပ်ငန်းကို အမှတ် (၃) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီသည် မာဘယ်အလှဆင်ကျောက်ထုတ်လုပ်ရာ၌ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးပြန်ရနှုန်း (Recovery) မြင့်မားရေး၊ အရည်အသွေးစံချိန်မီရေးလုပ်ငန်းစဉ်များကို စိစစ်အတည်ပြုခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် မမျှော်လင့်သော လုပ်ငန်းနှောင့်နှေးမှုများ (Force Majeure) ဖြစ်ပေါ်လာပါက နှောင့်နှေးသောကာလအပိုင်းအခြားကို စိစစ်ပြီး ၀န်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်းနှင့် အလှဆင်ကျောက် ထုတ်လုပ်ခြင်းလုပ်ငန်း၌ မြန်မာဝန်ထမ်းများ ခန့်ထားရေးနှင့် အဆိုပါလုပ်ငန်း၏ နည်းပညာနှင့် ကျွမ်းကျင်မှု ရရှိစေရေးအတွက် လေ့ကျင့်ပညာပေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။
SIMCO Song Da ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး ဦးဆောင် ကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ မြို့ပြနှင့် စက်မှုဆိုင်ရာလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းနှင့် အခြား စီးပွားရေး လုပ်ငန်းပေါင်းစုံကို ဆောင်ရွက်နေသည့်ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ သယံဇာတများသည် ယခုကဲ့သို့ တိုင်းတစ်ပါးသားများ လက်ထဲသို့ကျရောက်သွားခြင်းများ၊ ထုတ်ယူသုံးစွဲခြင်း များကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခင်ကလည်း နေပူတောင်မှ ကျောက်များကို ထုတ်ယူခဲ့ပြီ ဖြစ်သည်ဟု သိရသည်။
နေပူတောင်မှ ကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ဒေသခံများက ကျေနပ်မှုမရှိကြောင်းနှင့် ယင်းကိစ္စအပေါ် ပြည်ထောင်စုအစိုးရသို့ တင်ပြမှုများ ပြုလုပ်နိုင်ခြေရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။
သဘာဝသယံဇာတများအား ထိုသို့အမြဲ တစ်စေ ထုတ်လုပ်ရောင်းချခြင်းများပြုလုပ်နေမှုအပေါ် ပြည်သူများအတွက် အကျိုးခံစားခွင့်နှင့် ဒေသတွင်းဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် မည်ရွှေ့မည်မျှသုံးစွဲလာမည်ဆိုသည်ကို တင်ပြသင့်ကြောင်းလည်း ပြောဆိုကြပါသည်။


RSV

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ