ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား  Saturday, 02 February 2013 16:04  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။  ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ဆေးတက္ကသိုလ် (၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်  Credit to : Eleven Media Group Post By : အေးချမ်းမွန် https://www.facebook.com/excellencemedia၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆေးတက္ကသိုလ် (၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်
Credit to : Eleven Media Group

ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား  Saturday, 02 February 2013 16:04  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။  ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။  ဆေးတက္ကသိုလ် (၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်  Credit to : Eleven Media Group Post By : အေးချမ်းမွန် https://www.facebook.com/excellencemedia

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ