ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 February 2013

အိုမီကာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြထုတ်ဖော်






Omeecarထိုင်းနိုင်ငံ တာ့ခ်ရိုင်၊ မဲဆောက်မြို့၊ ဘတ်စံကွင်း ရပ်ကွက်၊ အိုမီကာ အထည်ချုပ်စက်ရုံတွင် မနေ့က ညနေ ၅ နာရီကျော်ခန့်တွင် အလုပ်သမား ၃၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်ကို အလုပ်သမားတစ်ဦးက " ဆန္ဒပြတဲ့ သဘောတော့ မဟုတ်ပါဘူး။ သူဌေးက လိုင်းဝဏ္ဏတွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ အခု လက်ရှိ DAY ကြေးတွေကို မတိုးပေးဘဲနဲ့ အထည်ကောက်ပဲ(အထည်အရေအတွက်နဲ့ ပိုက်ဆံရှင်းခြင်း) ပေးတော့မယ်လို့ ပြောပါတယ်။ အဲဒါကို အလုပ်သမား ၃၀၀ လောက်က မလုပ်နိုင်ဘူးလို့ ပြောကြပါတယ်။ အလုပ်သမားတွေ အားလုံးရဲ့ ဆန္ဒကတော့ အတူတူပါပဲ။ အခု ဘယ်သူမှ OT မဆင်းကြဘဲနဲ့ အကုန်လုံးအပြင်မှာပဲ ထွက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထည်ကောက်ပေးမယ်ဆိုရင် ချည်လုံးပြတ်တာတို့၊ စက်ပြောင်းရတာတို့၊ စတိုင်ပြောင်းတာတွေ ဖြစ်တတ်တာကြောင့် အလုပ်သမားတွေက အယုံအကြည်မရှိကြပါဘူး။ " ဟု ပြောသည်။
မဲဆောက်မြို့တွင် ပါ့စ်ပို့ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအား တစ်နေ့လုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ ပေးရမည်ဟု ထိုင်းအစိုးရမှ တရားဝင်ကြေညာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဖြစ်လာရခြင်း ဖြစ်နိုင်ကြောင်းကို " အခု ပါ့စ်ပို့ရှိတဲ့ အလုပ်သမားတွေက မေးတယ်။ တကယ်လို့ သူတို့က မလုပ်နိုင်ဘူးဆိုရင် ပါ့စ်ပို့ကို ပြန်ပေးမလားဆိုပြီးတော့ မေးပါတယ်။ အဲဒါကိုတော့ အကြောင်းမပြန်သေးပါဘူး။ ကျွန်မထင်တာကတော့ ထိုင်းအစိုးရက ပါ့စ်ပို့၊ ဝက်(ခ်)ပါမစ်(အလုပ်လုပ်ခွင့်2 copy)ရှိသော အလုပ်သမများအား DAY ကြေး(တစ်နေ့လုပ်အားခ) ဘတ်ငွေ ၃၀၀ ပေးရမည်ဟု တရားဝင် ကြေညာပြီးတဲ့နောက်မှာမှ သူဌေးက အထည်ကောက်ပေးမယ်ဆိုတော့ ဒါကကျွန်မတို့ကို ဘတ် ၃၀၀ မပေးချင် လို့ ဒီလိုလုပ်တာလို့ မြင်ပါတယ်။ " ဟု ပြောသည်။
အိုမီကာ အထည်ချုပ်စက်ရုံတွင် နေ့စားခမှာ ၁၁၅ ဘတ်မှ ၁၅၀ ထိရှိပြီး အလုပ်သမားများမှာ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများသည် တစ်နေ့လုပ်အားခ ဘတ် ၃၀၀ ကို မရရှိတဲ့အပြင် အထည်ကောက် (အထည်အရေအတွက်နဲ့ ပိုက်ဆံရှင်းခြင်း) ချုပ်ခိုင်းခြင်းများကိုလည်း ခံနေရကြောင်းသိရသည်။
 

Arakan Time
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ