ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 February 2013

ခေတ်အဆက်ဆက်အသုံးပြုခရေ ရခိုင်အက္ခရာ ကျောက်စာသင်တန်းကို စစ်တွေမြို့မှာ သင်ကြားပို့ချနီကြောင်း သိရ


layမင်းဇံ (လေးဝတီ)။   ။ရခိုင်သမိုင်းခတ်အဆက်ဆက် အသုံးပြုခရေ ရခိုင်အက္ခရာကျောက်စာသင်တန်းကို စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ လွန်ခရေ ဂျန္န၀ါရီလ ၉ ရက်နိ့က စတင်သင်ကြားပို့ချနီကြောင်း သိရှိရပါသည်။
ယင်းကျောက်စာသင်တန်းကို သင်တန်းဆရာဦးကျော်ဇံမောင်က အခမဲ့သင်ကြားပို့ချနိန်စွာဖြစ်ပြီးကေ  သင်တန်းသား  ၁၀၀ ကျော် ရှိရေလို့ သိရပါသည်။

“သင်တန်းကို အပါတ်စဉ် ညဇာဖက် ၇ နာရီကပင် ၉ နာရီအထိ သင်ကြားပို့ချနိန်စွာဖြစ်ပြီးကေ အဂုလက်ဟိ အာနန္ဒာဒန္ဒြားကျောက်စာကိုသင်ကြားနိန်ပြီးကေ နောက်ထပ်ခေတ်အဆက်ဆက်က အသုံးပြုခရေ ကျောက်စာရီးနည်းဖတ်နည်းတိကိုလည်း သင်ကြားပို့ချလားဖို့ရှိရေ” လို့ သင်တန်းဆရာဖြစ်တေ ဆရာဦးကျော်ဇံမောင် က ပြောပါသည်။
အယင်က အဂုပိုင် ရခိုင်ကျောက်စာသင်ကြားခြင်းကို အယင်အစိုးရအဆက်ဆက် ပိတ်ပင်တာဆီးခကေ့လေ့ အဂုယင်းသင်တန်းဖွင့်လှစ်သင်ကြားပို့ချခြင်းကို အာဏာပိုင်တိက နှောက်ယှက်စွာ တခုလေ့မရှိလို့လည်း သိရပါသည်။
အဂုအခါ ယင်းကျောက်စာသင်တန်းကို ရခိုင်လူငယ်တိအများအပြားတက်ရောက်လာပြီးကေ  သင်တန်းပို့ချသင်ကြားမှု အားရကျေနပ်ဖို့ကောင်းရေလို့လည်း ပြောဆိုပါသည်။
အဂုပိုင် ရခိုင်ကျောက်စာကို အခမဲ့သင်ကြားပီးနိန်ရေ ဆရာဦးကျော်ဇံမောင်ရေ  ရခိုင်အနုပညာကို  ရှာဖွေဖော်ထုတ်ခသူတစ်ယောက်ဖြစ်ပြီးကေ ရခိုင်စိုင်းန္ဒြားဗဟိုလ်စည်အဖွဲ့ကို ထိန်းသိမ်းစောင့်ရှောက်ထားရေ  ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါသည်။
lay 1
ရခိုင်လူမျိုးတိအတွက် ပျောက်ကွယ်စပြုလာရေ ရခိုင်စာပီအက္ခရာတိကို ဆရာဦးကျော်ဇံမောင်က မျိုးဆက်သစ်ရခိုင်လူငယ်တိအတွက် သင်ကြားပို့ချနိန်စွာ ဖြစ်ကြောင်း သိရပါသည်။
ယင်းအပြင် ရခိုင်ကျောက်စာသင်တန်းကို Internet Online ကပါ သင်ကြားနိုင်အောင်အတွက် စစ်တွေမြို့က နည်းပညာကျွမ်းကျင်ရေ လူငယ်တချို့နန့်လည်း စီစိုင်နိန်ကတ်တေလို့ သတင်းရရှိပါသည်။
lay 12

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ