ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 February 2013

ဂျပန် သင်္ဘော ပေါ်ရှိ ပစ်မှတ်ရှာ ရေဒါကို တရုတ် သင်္ဘော ပိတ်ခဲ့ခြင်းအား ဂျပန် အစိုးရ ကန့်ကွက်

.

တိုကျို ဖေဖော်ဝါရီ  ၆
အရှေ့ တရုတ်ပင်လယ် အတွင်းရှိ နှစ်နိုင်ငံကြား အငြင်းပွားလျက် ရှိသော ရေပိုင်နက် အတွင်းရှိ ဂျပန် ရေကြောင်း ကာကွယ်ရေး သင်္ဘော တစ်စင်းပေါ်မှ ပစ်မှတ်ရှာ ရေဒါ တစ်ခုကို တရုတ် ဖရီးဂိတ် စစ်သင်္ဘော တစ်စင်းက ပိတ်ခဲ့မှုနှင့် စပ်လျဉ်း၍  ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနက တရုတ်အစိုးရကို  ကန့်ကွက် ခဲ့ကြောင်း သိရသည်။
ဂျပန် သင်္ဘောပေါ်ရှိ အဆိုပါ ပစ်မှတ်ရှာ ရေဒါအား တရုတ် စစ်သင်္ဘောက ဇန်နဝါရီ ၃ဝ ရက် တွင် ပိတ်ပစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ဂျပန်နှင့် တရုတ် နိုင်ငံတို့ အကြားအငြင်းပွား မှုများသည် ပိုမို တင်းမာ လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဂျပန် ကိုယ်စားလှယ် တစ်ဦးနှင့် တရုတ် ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ပြီးနောက်တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာရန် မျှော်လင့်ကြောင်း နှစ်နိုင်ငံ အရာရှိများ က ဖော်ပြခဲ့သည်ဟု တိုကျိုရှိ BBC သတင်းဌာန ၏ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ကင်းလှည့် ရေယာဉ်များကို ဖေဖော်ဝါရီ ၄ ရက်က အဆိုပါ ရေပိုင်နက် အတွင်းသို့ စေလွှတ် ခဲ့ကြောင်း သတင်းထောက် များက ထပ်လောင်း ပြောကြားခဲ့သည်။
ဂျပန် အာဏာပိုင် များသည် ပစ်မှတ်ရှာ ရေဒါများကို ရေဒီယို လှိုင်းများ အသုံးပြု၍ ဒုံးကျည် များ သို့မဟုတ် လက်နက်များ ရှာဖွေရန် ရည်ရွယ်၍ စစ်သင်္ဘောများ၌ တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ အငြင်းပွားလျက် ရှိသော ရေပိုင်နက် အတွင်းရှိ ကျွန်းသုံး ကျွန်းကို ဂျပန်နိုင်ငံက ၂ဝ၁၂ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် အချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး မှာ ပိုမို တင်းမာ လာခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ