ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

7 February 2013

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခု အတွက် ဆရာဝန် ကောင်းများ ပေါ်ထွန်းလာရေး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီ သူများကို အဆင့်ဆင့် ရွေးချယ်ခဲ့

.

နေပြည်တော် ဖေဖော်ဝါရီ ၆
ယနေ့တွင် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့ကို အစီအစဉ် (၁၃)ခုဖြင့် ကျင်းပပြီး မေးခွန်း(၅)ခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေ ကြမ်း (၂)ခု တင်သွင်းခြင်းနှင့် အဆို(၁) ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ခဲ့ကြသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဟာရှိန်းဘွေ တင်သွင်းထားသည့် ဝေးလံ ခေါင်သီပြီး သွားလာရေး ခက်ခဲသည့် မြို့နယ်များမှ ဆေးကျောင်းသားများ ရွေးချယ်ရာတွင် အောက်ခြေ လက်တွေ့ ဘဝနှင့် ကိုက်ညီမှု မရှိသည့် (၈)တန်း၊ (၉)တန်း၊ (၁ဝ) တန်းကို မိမိ ဒေသမှ အောင်မြင်သူ ဖြစ်ရန် ဆိုသည့် မူစည်းမျဉ်းကို ပြန်လည်ပြင်ဆင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင် ရေးကို ရှေးရှု၍ လည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခု ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ''ဝ''နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့် ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသော ဒေသများ၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက် ရေးကို ရှေးရှု၍ လည်းကောင်း ဆေးပညာကို အမှန်တကယ် ဝါသနာ ပါပြီး မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ပြန်လည် ထမ်းဆောင်နိုင်မည့် အရည်အသွေး ပြည့်ဝသော ဆေးပညာရှင် ဆရာဝန် ကောင်းများ ပေါ်ထွန်း လာစေရေး တို့ကို ရည်ရွယ်၍ အဆိုပါ ဒေသများမှ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ပြီး လျှောက်ထားသူများ အနက်မှ သတ်မှတ် အရည်အချင်း များနှင့် ကိုက်ညီ သူများကို အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး ဆေးတက္က သိုလ် (မကွေး) တွင် တက်ရောက် ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ ခက်ခဲ ဒေသများနှင့်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် နေထိုင်ကြ သော်လည်း တက္ကသိုလ်ဝင် စာမေးပွဲအား အခြား ဒေသများမှ ဖြေဆိုအောင်မြင် ခဲ့သူများကို ခက်ခဲဒေသ များ၌သာ နေထိုင် ကျောင်းတက်ခဲ့ ရပြီး ထိုဒေသများမှ ကြိုးကြိုးစားစားဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ဆင်းရဲ နွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တန်းတူယှဉ်ပြိုင်၍ ဆေးတက္ကသိုလ် ဝင်ခွင့် ရွေးချယ်မည် ဆိုပါက မျှတမှု မရှိသည့် အပြင် ခက်ခဲဒေသ များ၌ နေထိုင် အောင်မြင် ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်းများ လျော့နည်းသွားနိုင်မည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွားလာရေး၊ လူမှုရေး ခက်ခဲသော ဒေသများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန် ထမ်းဆောင် နိုင်မည့် ဆေးပညာရှင် ဆရာဝန် ကောင်းများ ပေါ်ထွန်း လာစေရေးနှင့် ယင်းဒေသနေ ကျောင်းသား၊ ကျောင်းသူများမှ ဆေးပညာသင်ကြားရန် အခွင့်အလမ်းများ ပိုမိုရရှိ စေရေးအတွက် သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ပါသဖြင့် ယခုအဆိုအား မှတ်တမ်းတင် သင့်ပါ ကြောင်းနှင့် နောင်ပြောင်းလဲ တိုးတက်လာမည့် ပညာရေး စနစ်နှင့် လိုက်လျော ညီထွေမှု ရှိအောင် စိစစ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာမြဦးက ယခုထက် ပို၍ ကောင်းမွန်သော စနစ်သစ် တစ်ရပ်ကို အများက လေးလေးနက်နက် စဉ်းစား အကြံပြု ကြစေ လိုပါကြောင်း၊ ပညာရေး အခွင့်အလမ်း မတူညီမှုကို ဖြေလျှော့သည့် အနေဖြင့် တက္ကသိုလ် ဝင်တန်းမှ တိုက်ရိုက် ရွေးချယ်မှု မဟုတ်သော ကြားခံ(၂) နှစ်သင်တန်း ဥပမာ-ယခင်ခေတ်က ကျင့်သုံးခဲ့သည့် ဥပစာ (က) (ခ) (သို့မဟုတ်) အလားတူ စနစ်မျိုးကို တည်ထောင်သင့်/ မသင့်နှင့် တက္ကသိုလ် ဝင်တန်းတွင် အမှတ် ကွာဟမှုကို ကောလိပ် (သို့မဟုတ်) တက္ကသိုလ်တွင် (၂)နှစ် သင်ယူခြင်းဖြင့် အားနည်းချက် များကို ပြုပြင် သွားနိုင် မည်ဟု ယူဆပါကြောင်း၊ ဆေးတက္ကသိုလ် အပါအဝင် အသက် မွေး ဝမ်းကျောင်း တက္ကသိုလ် များတွင် ဝင်ခွင့် စာမေးပွဲဖြင့် ရွေးချယ်သင့်သည်ဟု ယူဆပါကြောင်း၊ ငွေကြေး မပြည့်စုံသူ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ၊ ချေးငွေများဖြင့် နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍမှ ကူညီပံ့ပိုး ပေးသင့်ပါကြောင်း၊ မတူညီသော အခြေအနေ များတွင် ရှိနေကြ သည့် ကျောင်းသား၊ ကျောင်းသူများအား မတူညီသော ကူညီ ပံ့ပိုးမှုများ ဆောင်ရွက် ပေးရ မည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။     
ယင်းအဆိုကို လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံမဲ (၁၈)မဲ၊ ကန့်ကွက်မဲ (၁၄၂) မဲ၊ ကြား နေမဲ (၂၂) ရှိပြီး ကန့်ကွက် ဆန္ဒမဲများသည့် အတွက် အဆိုအတည် မပြုကြောင်း ဆုံးဖြတ် ခဲ့သည်။
ယင်းအဆိုအပေါ် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာ မြဦးက ''အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ယေဘုယျအားဖြင့် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးပေမယ့် တက္ကသိုလ် တွေကို တိုက်ရိုက် ဝင်ခွင့် မရပါဘူး၊ အနည်းဆုံး ကောလိပ် (၂)နှစ် သင်တန်း တက်ရောက် အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိ ကျင့်သုံးနေတဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်စနစ်ကို အခု ထက်ပိုပြီး အခွင့်အရေး မျှတမှု ရှိအောင် တစ်ဖက်က ဆောင်ရွက်ရမှာ ဖြစ်သလို လူတွေရဲ့ အသက်ကို စောင့်ရှောက် ကုသရ တဲ့ ဆေးပညာ အဆင့်အတန်း ကျမသွားအောင်လည်း ဆောင်ရွက်ဖို့ လိုတယ်လို့ ထင်ပါ တယ်''ဟု ပြောပြ ခဲ့သည်။
အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ