ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 March 2013

ရခိုင်စာ သင်ရိုး ညွှန်းတမ်းနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေး



ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်သည် အစိုးရ အဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများနှင့် အတူ မတ် ၉ ရက်နံနက် ၈ နာရီက စစ်တွေမြို့ အဓိဋ္ဌာန် ကျောင်းတိုက် ဆရာတော်အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်သည် တာဝန် ရှိသူများ လိုက်ပါ၍ စစ်တွေမြို့ ပြည်နယ် ဥပဒေချုပ် ရုံး၌ ရခိုင်ပြည်နယ် အတွင်း အခြေခံ ပညာ မူလတန်း အဆင့် တိုင်းရင်းစာ သင်ရိုး ညွှန်းတမ်း ပြုစုရေးနှင့် ၂ဝ၁၃-၂ဝ၁၄ ပညာ သင်နှစ်မှ စ၍ ကျောင်းချိန် ပြင်ပ၌ တိုင်းရင်းစာ သင်ကြားနိုင်ရေး အတွက် ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုနေမှု အခြေ အနေအား ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် တာဝန်ရှိသူ များနှင့်အတူ စစ်တွေမြို့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာနရုံး အစည်းအဝေး ခန်းမ၌ အဆိုပါ ဦးစီး ဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူး များအား တွေ့ဆုံ၍ တင်ပြချက်များ အပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီး ချုပ်သည် ဒိန်းမတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Mgens Lykketoft နှင့် အဖွဲ့အား လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် တို့အားလည်းကောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး  ပြည်နယ် ဝန်ကြီးချုပ် ဧည့်ခန်းမ ဆောင်၌ သီးခြားစီ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ