ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

23 February 2013

ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို စစ်တွေမြို့တွင်ကျင်းပ


23-2-2013 နေ့တွင် စစ်တွေမြို့တွင် ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီးကို ရခိုင်ရိုးရာထုံးတမ်းအစဉ်အလာအရ ဆက်လက်ဆင်ယင်ဆင်နွဲကျင်းပခဲ့ပါသည်။ ရခိုင်ပဋိပက္ခအရေးအခင်းကြောင့် ရထားပွဲတော်ကို ယခင်နှစ်များကဲ့သို့ ကျင်းပခြင်းမပြုပဲ ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ပါသည်။ အနိုင်ရသည့်အသင်းအား ဆုကြေးငွေ ၁၀၀၀၀၀(တစ်သိန်းကျပ်နှင့်) ရှုံးနိမ့်သည့်အသင်းအား ၇၀၀၀၀(ကျပ်ခုနစ်သောင်းတိတိ)ချီးမြှင့်ခဲ့ပါသည်။ ရထားဆွဲပွဲ ပထမပွဲစဉ်တွင် ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်တို့ယှဉ်ပြိုင်ခဲ့ရာ ဘောက်သီးစုရပ်ကွက်မှ အနိုင်ရရှိသွားခဲ့ပါသည်။ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကြီး ကျင်းပ (17 photos)
From : RSV


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး

ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး      Created on Saturday, 23 February 2013 15:47   ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကို တိုက်မိပြီး တိမ်မှောက်မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မောင်းနှင်လာသော ကျောက်မှုန့်တင် ကွန်တိန်နာယာဉ်မှာ တပ်ကွင်းကားဘော်ဒီရုံအရောက် လိုက်ထရပ်ကားကို တိုက်မိပြီး ထိုမှတစ်ဆင့်  ရပ်ထားသော မေတ္တာလှိုင်း ဘတ်(စ်)ကားယာဉ်ကို ထပ်ဆင့်တိုက်မိကာ တိမ်းမှောက်မီးလောင်သွားခဲ့ကြောင်း မျက်မြင်တို့က ဆိုသည်။  အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အနီးရှိ တပ်ကွင်းကားဘော်ဒီရုံးမှ ကိုကြည်ဝင်းက "ကွန်တိန်နာယာဉ်က လိုက်ထရပ်စ်ယာဉ်ကို တိုက်မိပြီး နောက်ထပ်ဘေးမှာ ရပ်ထားတဲ့ မေတ္တာလှိုင်းယာဉ်ကိုပါ ထပ်တိုက်ပြီး တိမ်းမှောက်သွားတယ်။ သိပ်မကြာဘူး၊ မီးလောင်မှု ဖြစ်သွားခဲ့တာပါ" ပြောသည်။  အဆိုပါယာဉ်တိုက်မှုတွင် ကွန်တင်နာယာဉ်နှင့်အတူ မေတ္တာလှိုင်းယာဉ်တို့ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းသွားပြီး အခြားယာဉ်မှာလည်း အတော်ပျက်စီးသွားကြောင်း မျက်မြင်တို့က ပြောသည်။  အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်စ်ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ကွန်တင်နာယာဉ်မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။  တပ်ကွင်းကားဘော်ဒီရုံရှေ့ရှိ တိမ်းမှောက် မီးလောင်ကျွမ်းနေသော ယာဉ်များကို တွေ့ရစဉ်   အေးချမ်းမွန်မှ http://www.news-eleven.com တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
ကွန်တိန်နာယာဉ် တစ်စီးမှ အခြားယာဉ်နှစ်စီးကိုတိုက်မိပြီးတိမ်မှောက်မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

22 February 2013

အစိုး​ရက နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပြီး​ တပ်မ​တော်က တိုက်​နေတယ် – ဗိုလ်မှူး​စိုင်း​လ


အစိုး ​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​တိုင်း​ရင်း​သား​တပ်​ပေါင်း​စု (ယူအန်အက်ဖ်စီ) တို့​ အကြို နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြန်လည်စ​နေ​ပေမယ့်​ အစိုး​ရစစ်တပ်နဲ့​ကာလုံ ​ခေါ် ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီတို့​က​တော့​ ရှမ်း​ပြည်နယ်အတွင်း​ ထိုး​စစ်ဆင်​နေတဲ့​အ​ကြောင်း​ ရှမ်း​ပြည် တပ်မ​တော် (​မြောက်ပိုင်း​) ​ပြောခွင့်​ရ ဗိုလ်မှူး​ကြီး​စိုင်း​လက ​ပြောပါတယ်။
ဒီအ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ ဗိုလ်မှူး​ကြီး​စိုင်း​လကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။
ဗိုလ်မှူး​စိုင်း​လတို့​ ရှမ်း​ပြည်တပ်မ​တော်(​မြောက်ပိုင်း​)အပါအဝင် ယူအန်အက်ဖ်စီတို့​ ချင်း​မိုင်က ​ဟောလီး​ဒေး​အင်း​မှာ အစိုး​ရဘက်က ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​တို့​လာပြီး​ အကြို ​ဆွေး​နွေး​ပွဲ​တွေ လာလုပ်တယ်​လေ။ ယူအန်အက်ဖ်စီနဲ့​ အစိုး​ရကြား​မှာ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုပြီး​ နှစ်​ပေါင်း​များ​စွာ ​တောင်း​ဆိုတဲ့​ပွဲမှာ ယူအန်အက်ဖ်စီ အဖွဲ့​ဝင်ဖြစ်တဲ့​ ရှမ်း​မြောက်နဲ့​ တိုက်ပွဲ​တွေ ၂ ရက်ဆက်ဖြစ်တယ်။ အဲ​တော့​ တိုက်ပွဲ​တွေဖြစ်တာနဲ့​ ပတ်သက်လို့​ ဒီအ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲက ဒီအတိုင်း​ဆို ​အောင်မြင်ပါ့​မလား​။
ဗိုလ်မှူးစိုင်းလ

21 February 2013

တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်


မနေ့က တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ တန့်ယန်းမြို့နယ် ၇မိုင်စခန်း အရှေ့ဘက် ကောင်းဆန်းဆိုတဲ့ ပလောင်ရွာအနီးမှာ ဒီနေ့မနက် ၁ဝ နာရီခွဲလောက်မှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲထပ်ဖြစ်တဲ့အကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလက ပြောပြပါတယ်။

ကျူးကျော်များကို တိုက်ခန်း ဝယ်ယူခွင့် ဦးစားပေးမည်


 

တန်ဖိုးနည်း အိမ်ယာ စီမံကိန်း ဖော်ဆောင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) စီမံကိန်း ဧရိယာ အတွင်း နေထိုင်သည့် ကျူးကျော်များ ထဲမှ အနေကြာသည့် ကျူးကျော် များကို စီမံကိန်း ပြီးဆုံးပါက တိုက်ခန်း ဝယ်ယူခွင့် အတွက် ဦးစားပေး စဉ်းစားမည် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ မြေခွန် မြေတိုင်း ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

နေမျိုးဇင်နှင့်အဖွဲ့ လိုင်ဇာသို့ရောက်ရှိ


နေမျိုးဇင်နှင့်အဖွဲ့ လိုင်ဇာသို့ရောက်ရှိ  ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၃   ငြိမ်းချမ်းရေးအတွက် လမ်းလျောက်နေသောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နေမျိုးဇင်နှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၆နာရီခန့်တွင် ကားဖြင့် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ ရောက်ရှိလာပြီး ဆွမ်ဖဟိုတယ်တွင် တည်းခို နေကြောင်းသိရှိရပါသည်။   အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများရပ်ကာ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ဇန်န၀ါရီလ ၂၁ရက်နေ့မှစပြီး ရန်နိုင်ထွန်းနှင့် ဇင်ကိုကိုတို့က ဦးဆောင်ပြီး လမ်းလျောက် ခဲ့ကြ ပါသည်။ မန္တလေးတွင် ရန်ကုန်ကအဖွဲ့၊ မြင်ခြံမှအဖွဲ့၊ ပခုက္ကူမှအဖွဲ့၊ တို့ဆုံပြီး လိုင်ဇာထိစုပေါင်း ချီတက်ရန် တိုင်ပင်ခဲ့ကြသော်လည်း အဆင်မပြေသောကြောင့် အုပ်စု၂စုကွဲသွားခဲ့သည်။   ဒါပေမယ့် နေမျိုးဇင်နဲ့ ၁၀ဦးမှ မန္တလေးကနေ ၁၇ရက်နေ့တွင် လိုင်ဇာသို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှနေပြီး ကား၂စီးနှင့် ထွက်ခွါလာခဲ့ပြီး ယမန်နေ့ကညနေ့က ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။    ငြိမ်းချမ်းရေးအတွက် တောင်းဆိုဖို့လုပ်နေတဲ့သူတွေ ကိုယ်တိုင်က အမျိုးမျိုးကွဲနေတာ ကျွန်တော်တို့ကိုလာ ပြီးတော့ ငြိမ်းချမ်းရေးအတွက် လာလုပ်ပေးနေတယ် ဆိုတာ သိပ်တော့ သဘာဝမကျဘူး၊ နာမည်ကောင်း ယူချင်တာလား၊ ပိုက်ဆံတွေကိုလိုချင်လို့ လုပ်နေတာလားဆိုကိုတော့ မသိနိုင်ဘူးဟု KIA ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါသည်။   နေမျိုးဇင်က သူကိုသူ ဗိုလ်ကြီးဟောင်းဆိုပြီးတော့ သိပ်ယုံကြည့်ရတဲ့ အထဲမှာ မပါပါဘူးဟု ၎င်းအရာရှိမှပြောဆိုခဲ့ပါသည်။
ငြိမ်းချမ်းရေးအတွက် လမ်းလျောက်နေသောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နေမျိုးဇင်နှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၆နာရီခန့်တွင် ကားဖြင့် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ ရောက်ရှိလာပြီး ဆွမ်ဖဟိုတယ်တွင် တည်းခို နေကြောင်းသိရှိရပါသည်။

ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်


ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ အစည်းအဝေး တွင် ဇလွန် မဲဆန္ဒနယ်မှ  ဦးတင်ထွတ်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ရာ လွှတ်တော်က အဆိုအတည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ

“ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။“  ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-  မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့် နယ်မြေ ဆက်စပ်လျက် ရှိသောကြောင့် ပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံကူးလူး သွား လာ ဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။   သမိုင်းကြောင်းကို ပြန်ပြောင်းလေ့ လာကြည့်‌မယ်ဆိုလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည် နယ်နှင့် တနင်္သာရီဒေသတို့ အား အင်္ဂလိပ် ကိုလိုနီ လက်အောက် ကျရောက် ခဲ့စဉ်က ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်း ခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသ အား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူစလင်များ အများအပြားဝင်ရောက်အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။  ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှ လက်‌အောက် ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်း များ ဖောက်လုပ်ခြင်း၊ သ‌င်္ဘောဆိပ်များတွင် ကုန်တင်ကုန်ချ လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများ လိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် အကြောင်း များကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်းဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြပါတယ်။   ၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိ စပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။  ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။   ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံ တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်း များတွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။   ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာဖြစ်ပါတယ်။  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မပါရှိခဲ့ပါ။   ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသား မှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် မှ ခေတ်အဆက်ဆက်ကရောက် ရှိနေထိုင်လာခဲ့သူများမှာ မူစလင်လူမျိုး ဟု ရေးသွင်း ခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် ပုံစံ(၁) များတွင် ဘင်္ဂါလီလူမျိုး အဖြစ် သာ မှတ်တမ်းတင်ခဲ့ပါ ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်းတင်ထားရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်ခင်ဗျား။   အားလုံးကို ကျေးဇူးတင်ပါတယ်။  သတင်းအရင်းအမြစ် ။ ။ ပြည်သူ့လွှတ်တော်
ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင်




ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင် Thursday, February 21, 2013  မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည် မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။  “ဘဏ္ဍာနှစ်အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်း လုပ်ကိုင်လျက် ရှိပါတယ်။ ဘတ်ဂျက်နှစ် ကုန်ဖို့ တလခွဲလောက်ပဲ လိုပါတော့တယ်။ အခုရရှိထားတာက အမေရိကန်ဒေါ်လာ ၅၆၈.၃၁၉ သန်း ရရှိထားတာဆိုတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မပြည့်နိုင်ပါဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦိးဟန်ထွန်း က ပြောသည်။  အဆိုပါ ဒေါ်လာ ၅၆၈ သန်းကျော်မှာ ပုံမှန်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၂၇ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများက ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ သိရသည်။  “နယ်စပ် ကုန်သွယ်ရေး စခန်းတွေအလိုက် ရေထွက်ကုန် တင်ပို့မှုကို ကြည့်ရင် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၉၇.၇၉၂ သန်း၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန်ဒေါ်လာ ၉.၄၂၅ သန်း၊ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၂၅.၉၆၃ သန်း ရရှိခဲ့ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။  ထို့အပြင် စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၄.၉၃၂ သန်း၊ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၉၈.၃၉ သန်း၊ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၄၀.၀၀ သန်း၊ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၀.၁၃၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။  “မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေချို-ရေငန် ငါးတွေကို အဓိက တင်ပို့နေတယ်။ ငါးရှဥ့်၊ ဂဏန်း၊ အလှမွေးငါး၊ ပုစွန်နဲ့ ပင်လယ်ရေမှော် တွေကိုလည်း တင်ပို့နေပါတယ်” ဟု ရေထွက်ကုန် တင်ပို့သူ ဦးသန်းလှ က မဇ္ဈိမကို ပြောပြသည်။  ခင်မျိုးသွယ် မဇ္ဈိမမြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည်မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

17 February 2013

သာကေတမြို့နယ်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်



သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အ မည် ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ် ချုပ် သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။
ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင် က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေ တ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေးရန် တောင်း ဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

အပိုင်းပိုင်းပြတ် အမျိုး သမီး အလောင်း ဖြူး တစ်မြို့ လုံး အုတ်အော်သောင်းနင်း ဖြစ်


OLYMPUS DIGITAL CAMERA
ပဲခူးတိုင်း ဖြူး မြို့  နယ် တွင်း ရှိ သပြေ လှ ချောင်း ထဲ တွင် တွေ့ ရှိရသည့် အပိုင်းပိုင်း
ပြတ်နေသော အမျိုး သမီး အလောင်း တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက်
တွင် ပီနံ အိတ် တစ်ခု ထဲ တွင် ထည့် သွင်း ထား ပြီး တွေ့  ရှိရသည် ဟု ဖြူး မြို့ နယ် ရဲ
တပ် ဖွဲ့  မှုး ရုံး မှ ရဲ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။

မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စစ်ဆေးဖို့ရှိ


လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရာမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က  သွားရောက် စစ်ဆေးဖို့ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ကွင်တားနား၏ ငါးရက်ကြာခရီးစဉ် သတင်းစာရှင်းလင်းပွဲ ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့



ကွင်တားနား၏ ငါးရက်ကြာခရီးစဉ် သတင်းစာရှင်းလင်းပွဲ ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့  ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။  မြန်မာနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံလူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် ၎င်း၏ ၅ရက်ကြာခရီးစဉ်ဖြင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့သွားရောက်လေ့လာ မှုများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ရက်နေ့ ည ၆နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။  ကချင်အရေးကိစ္စနှင့်ပတ်သက်၍ အဖွဲ့နှစ်ခုအား နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဥပဒေကို လက်ခံသဘော ပေါက်စေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။ ကွင်တားနား၏ ငါးရက်ကြာခရီးစဉ်၌ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်တို့ရှိ ဒုက္ခသည်စခန်းများအား သွားရောက်လေ့လာခဲ့ရာ မြစ်ကြီးနား မြို့ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။  ထို့နောက် ၎င်းသည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ် သက်၍လည်း စစ်တွေ၊ မြေပုံနှင့် ပေါက်တောမြို့များရှိ ရခိုင်နှင့် မွတ်စလင်ဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အား ပြောကြား ထားကြောင်း သိရသည်။  ထို့ပြင် ယခုလို ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အာဏာပိုင် အဖွဲ့အစည်းများ သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များမှ ကောင်းမွန်သည့်ဖြေရှင်းမှုများ ရရန် ဆောင်ရွက်သင့်ကြောင်းနှင့် အခြားတစ်ဖက်ဖြစ်သည့် ရိုဟင်ဂျာအဖွဲ့အစည်းများအပါအဝင် အခြေခံညီတူညီမျှရှိရှိ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာကွင်တားနားသည် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှစတင်၍ ၇ကြိမ်မြောက်အဖြစ် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။  TMA    The Myanma Age
မြန်မာနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံလူ့အခွင့်
အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
မစ္စတာကွင်တားနားသည် ၎င်း၏ ၅ရက်ကြာခရီးစဉ်ဖြင့်

ပဋိပက္ခအဆုံးသတ်ရေး ကင်တားနားတိုက်တွန်း

မြန်မာနိုင်ငံခရီးစဉ်အဆုံးသတ် ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံခရီးစဉ်အဆုံးသတ် ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂရဲ့

စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ


ရခိုင်ပြည်နယ်၊ ကျောက်တော် အခြေစိုက် စစ်ဒေသကွပ်ကဲရေး ဌာနချုပ် စကခ(၉) က မြောက်ဦး မြို့နယ် နတ်ချောင်းကျေးရွာအုပ်စုရှိ လယ်သမားတွေထံက သူတို့အဓမ္မသိမ်းယူပြီး သီးစားပြန်ချထားတဲ့ လယ်မြေတွေအတွက် သီးစားခစပါးတွေ ပေးဆောင်ဖို့ မနေ့ မနက်ပိုင်းက ညွှန်ကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ

စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ ပါတယ်။  ဝန်ကြီးချုပ် ဦးမြတ်ကိုက အဲဒီရေခဲစက်ကို ချက်ချင်းရပ်ဖို့ သက်ဆိုင်ရာတွေကို ညွှန်ကြားသွားခဲ့ပြီးနောက် မနေ့ကတော့ စက်ရုံပိတ်သွားပါပြီလို့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ကိုထွန်းကျော်မောင်က RFA ကို ပြောပါတယ်။  အဲဒီ့ဖွဲလောင်စာသုံး ဦးမင်းအောင် ခေါ် ဦးအောင်ကြီး ရေခဲစက်ဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲတဲ့စက်ဖြစ်ပြီး ရေတွင်း(၂၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။  အောက်ရေဖြူကျေးရွာမှာ အိမ်ခြေ(၁၅၀၀)ရှိပြီး အဲဒီထဲက အိမ်ခြေ(၂၀၀)လောက်ဟာ စက်ရုံကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် မြို့နယ်ခရိုင်အဆင့်ကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရင်က အရေးယူခဲ့တာမရှိဖူးလို့ ဆိုပါတယ်။  အေးချမ်းမွန်မှ  RFA Burmese တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ ပါတယ်။

မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ



မည့်သည့်ဘွဲ့ရမဆို တက်ရောက်သင်ကြားနိုင်မည့် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ Sunday, February 17, 2013  ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့် ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။  အဆိုပါသင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။၊ Semester တစ်ခုလျှင် ၅ လကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ Semester နှစ်ခုအတွက် ၁ဝ လကြာမည်ဖြစ်ကြောင်း သိရသည်။ Semester တစ်ခုစီကို အောက်တိုဘာလနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နှစ်စဉ် မတ်လနှင့် သြဂုတ်လမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲကာလများကို အွန်လိုင်းမှ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ၅ ရက်တိုင် ဖြေဆိုရမည်ဖြစ်သည်။ သုံးနာရီမေးခွန်း ဖြစ်ကြောင်းလည်း သိရသည်။  ၄င်းအွန်လိုင်း အဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို အလုပ်မပျက် ICT နည်းပညာဖြင့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ သင်တန်းစာမေးပွဲကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည် ဖြစ်သည်။ Assignment များကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဆရာများက အွန်လိုင်းမှပင် စစ်ဆေးပေးသွားမည်ဟု သိရသည်။  ၄င်းအွန်လိုင်းဥပဒေ ဒီပလိုမာသင်တန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားခဲ့သော်လည်း လူသိနည်းနေပြီး၊ ၄င်းသင်တန်း ပြီးဆုံးပါက Diploma in Law (online) ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။   Eleven Media Group
ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mm တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

ရခိုင်ဘာသာ စကား ဝေါဟာရပြိုင်ပွဲ စစ်တွေတွင်ပြုလုပ်


သန်းမင်းထိုက် (စစ်တွေ)
နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ဘာသာ စကား ဝေါဟာရ ကျွမ်းကျင်မူ ပြိုင်ပွဲ တစ်ခုကို စစ်တွေမြို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
competition
ပြိုင်ပွဲဝင် ကျောင်းသားများကို တွေ့ရစဉ်

ယနေ့ လောင်ကျွမ်းခဲ့သော မောင်တောမီး ဒဏ်ရာရသူများရှိ


မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ  ဒဏ်ရာ ရသူ တချို့ရှိကြောင်း သတင်း ရရှိသည်။
Maungdaw watch tower
မီးလောင်မှုမှာ မောင်တောမြို့ အောင်မြေဗောဓိရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီခန့် ဖြစ် ပွားခဲ့သည်။
“ အိမ်တစ်ဆောင် မီးထဲပါသွားပါတယ်။ ဘယ်သူ့အိမ်ဆိုတာတော့ ကျွန်တော်မသိဘူး။ အခုမီးလောင် တဲ့နေရာက ကျွန်တော်တို့နဲ့ဝေးပါတယ်။  ကျွန်တော်ရောက်သွားတဲ့ အခါတော့ အဲဒီအိမ်က လင်မ ယား ၂ ယောက်လုံးကို ဆေးရုံယူသွားပြီလို့သိရပါတယ်။ မိန်းမဖြစ်သူက ဒဏ်ရ ပြင်းထန်တဲ့

16 February 2013

ကမ်းထောင့်ကြီးကျေးရွာပိုင် ရွာလယ်မြေကွက် နဂိုအတိုင်းထားရှိရန် ရွာသားများလိုလား


ရခိုင်ပြည်နယ်မှ ကျေးရွာကြီး တစ်ရွာ ဖြစ်သော မြေပုံမြို့နယ် ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်မြေကွက်ကို သက်ဆိုင်ရာက အိမ်ဆောက်ရန် ရောင်းချနေသဖြင့် ကျေးရွာသားများက ၎င်းမြေကွက်ကို နဂိုအတိုင်းသာ ထားရှိလိုကြောင်း ရွာသားများ သတင်းပေးပို့ရာတွင် ဖေါ်ပြသည်။
Kanhtaungyi
လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်ရှိ မြေကွက်လပ်ထဲမှ  အကျယ် (၆၀ပေ၊ ၄၀ ပေ) မြေကွက် တစ်ခုအား ကျေးရွာ အုပ်ချုပ်ရေး စာရေး၏ ညီဖြစ်သူကို ကျပ်ငွေ သိန်း (၃၅) သိန်းဖြင့် ရောင်းစားထားပြီး ကျန်မြေကွက် တစ်ခုကိုလည်း အုပ်ချုပ်ရေးမှူး၏

facebook မှကြည့် ချင်ရင် like လုပ်ပါ