ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်


ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ အစည်းအဝေး တွင် ဇလွန် မဲဆန္ဒနယ်မှ  ဦးတင်ထွတ်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ရာ လွှတ်တော်က အဆိုအတည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထိုသို့တင်သွင်းရာတွင် အခြေခံ ပညာကဏ္ဍနှင့် အဆင့်မြင့် ပညာ ကဏ္ဍနှစ်ခု၏ ဘတ်ဂျက် လျာထားငွေကို နှိုင်းယှဉ် ကြည့်ပါက အခြေခံ ပညာ ကဏ္ဍသည်  အဆင့်မြင့် ပညာကဏ္ဍ ထက် လျော့နည်း သုံးစွဲရန် လျာထားသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ပညာရေး ဝန်ကြီး ဌာနလက်အောက်ရှိ ဌာန အသီးသီး၏ ရုံးသုံး စက်ကိရိယာများ၊ ပရိဘောဂ များနှင့် ယာဉ်များ ဝယ်ယူရန် အတွက် လျာထားငွေမှာ လွန်စွာ များပြားနေသည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် အဆိုပါအသုံးစရိတ်များကို စိစစ် လျှော့ချနိုင်မည် ဆိုလျှင် ကျေးလက် ပြည်သူများ ငှားရမ်းခန့်ထားသည့် ဆရာ၊ ဆရာမများ အစား အစိုးရက ခန့်ထားမည့် ဆရာ၊ ဆရာမ များအတွက် လစာ စရိတ်များ သုံးစွဲနိုင်မည် ဖြစ်သည်ကို သုံးသပ် ရရှိပါကြောင်း၊ သို့ဖြစ်ရာ ဥပဓိရုပ် မကောင်းသော ကျောင်းများ ပြုပြင်ပေးရေး၊ တွဲဖက် မူလတန်း ကျောင်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်သင် မူလတန်းကျောင်းများ အဆင့် မြှင့်တင် ပေးရေး၊ အဆိုပါ ကျောင်းများမှ သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့် ဆရာ၊ ဆရာမများကို အစိုးရခန့် ဆရာ၊ ဆရာမများ အဖြစ် ခန့်ထားပေးရေး၊ ဆရာနှင့် ကျောင်းသား အရေအတွက် မျှတမှု မရှိသည့် ကျောင်းများတွင် ဆရာ၊ဆရာမ တိုးချဲ့ခန့်အပ် ရေးတို့အတွက် ဤအဆိုကို တင်သွင်းရခြင်း ဖြစ်ပါကြောင်းဖြင့် တင်ပြ ခဲ့သည်။
အဆိုမှာ အခြေခံ ကျောင်းများ အဆင့် မြှင့်တင်ခြင်း၊ ဆရာ/ ဆရာမများ တိုးချဲ့ ခန့်ထား ပေးခြင်း တို့ကို ဆောင်ရွက် ပေးရေး ဟူ၍ ဖြစ်သည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက ဘတ်ဂျက် လျာထားငွေများနှင့် ပတ်သက်၍ ပြန်လည် စိစစ်ပြီး မလိုအပ် သေးသည့် ပရိဘောဂ ပစ္စည်း၊ ဇိမ်ခံ ပစ္စည်းများ အစား ဥပဓိရုပ် မကောင်းသည့် ကျောင်းများ၊ ပြိုကျပျက်စီး၍ အသစ်ပြန်လည် တည်ဆောက်ရမည့် ကျောင်းများနှင့် မွမ်းမံ ပြင်ဆင်ရန် လိုအပ်သည့် ကျောင်းများ နေရာတွင် လွှဲပြောင်း အသုံးပြုနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ရှင်းလင်း ဆွေးနွေး ခဲ့သည်။
ထို့ပြင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီနှင့် ပြင်ဆင်ချက် အဆို တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးခြင်း၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြု ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဥပဒေကြမ်း အပေါ် နမ့်ခမ်း မဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းကျော်အုန်းက ''မြန်မာ့ဘဏ် လုပ်ငန်းမှာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်၊ အဓိကကတော့ ပြည်တွင်း ကုန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့၊ ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်၊ ဒါကြောင့် ငွေကြေး ဖောင်းပွမှု နှုန်းကိုလည်း ထိန်းသိမ်း စေနိုင်မှာဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ခိုင်မာစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဗဟိုဘဏ်ကို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်၊ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ၊  ဒါရိုက်တာ အဖွဲ့ဝင်တွေFiscal Policy ၊ Monetary Policy တွေ ကြေညက် တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းသင့်ပါတယ်''ဟု ၎င်း၏ အမြင်ကို ပြောပြခဲ့သည်။
ဝမ်းတွင်း မဲဆန္ဒနယ်မှ ဦးသန်းမြင့်ကလည်း ''ဗဟိုဘဏ် ဥပဒေ အတည်ပြုပြီးရင် ဗဟိုဘဏ် အနေနဲ့  သီးခြားရပ်တည်ရမယ့် အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဥပဒေကြမ်းကို အတည်မပြုမီ ပြင်ဆင်ဖြည့်စွက် နိုင်အောင် ဆွေးနွေးတင်ပြ ကြတာဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေ ပါ အကြောင်းအရာ အချက်အလက်တွေဟာ ခိုင်မာတိကျဖို့ လိုအပ်ပါတယ်၊ ဥပမာ-ကျွန်တော် ဆွေးနွေးတဲ့ အခန်း(၁)၊ အပိုဒ်(၂)မှာ ပါတဲ့ နိုင်ငံခြား သုံးငွေ စက္ကူနှင့် ဒင်္ဂါးများ (အစား) နိုင်ငံခြားငွေ ငွေသားလို့ ပြင်ဆင်လိုက်ရင် စကားလုံး ကျစ်လျစ်မှု ရှိပြီး ခေတ်ကာ လနဲ့ လိုက်လျောညီထွေမှု ဖြစ်စေတဲ့အတွက် စာသားပြင်ဆင် ရခြင်းဖြစ်ပါတယ်၊ ဗဟိုဘဏ် အနေနဲ့ ဥပဒေအတည်ပြုပြီးရင် သီးခြား ရပ်တည်နိုင်တဲ့ အနေအထား ရှိပါတယ်၊ ငွေကြေး လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ အတွက် အလားအလာ ကောင်းတစ်ရပ် ဖြစ်ပါတယ်'' ဟု ပြောပြ ခဲ့သည်။
ယနေ့ အစည်းအဝေးကို အစီအစဉ် (၈)ခုဖြင့် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး (၁၈)ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ