ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

မှန်မှန်ကန်ကန် ကုန်သွယ်မှု ပြုလုပ်သူများ မနစ်နာ စေရေး စားသုံးသူများ လုံခြုံမှုရှိရန် တရားမဝင် ကုန်သွယ် မှုကို ဝိုင်းဝန်း ဖြေရှင်း


နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ယနေ့ မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး (၁/၂ဝ၁၃) ညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ အနေဖြင့် ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးနေ ပြီဖြစ်၍ ကုန်သွယ်မှု ကဏ္ဍသည် ဦးဆောင်ကဏ္ဍ တစ်ခုတွင်
အပါအဝင် ဖြစ်ေ ကြာင်း၊ လက်ရှိဖြစ်ပေါ် တိုးတက်လျက် ရှိသော အခြေအနေများ အရ မြန်မာနိုင်ငံသည် အာရှနိုင်ငံ များနှင့် သာမက ကမ္ဘာ့နိုင်ငံ အများစုနှင့်ပါ ကုန်သွယ်မှု ပြုနိုင်တော့မည့် အနေအထားသို့ ရောက် ရှိနေပြီဖြစ်၍ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ကုန်သည် လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိအောင် ဖြေလျှော့မှု များ ဆောင်ရွက်ပေး နေသကဲ့သို့ လုပ်ငန်းရှင်များ အပိုင်းကလည်း နိုင်ငံတော်၏ စေတနာကို နားလည်ပြီး သတ်မှတ်ထားသည့် မူဘောင်အတွင်းမှ ဆောင်ရွက် သွားကြရန်နှင့် အခွန်အခများ မှန်မှန် ကန်ကန် ပေးဆောင်ကြရန် လိုအပ်ကြောင်း၊ မှန်မှန်ကန်ကန် ကုန်သွယ်မှု ပြုလုပ်သူများ မနစ်နာ စေရေးနှင့် စားသုံးသူများ လုံခြုံမှု အပြည့်အဝ ရှိစေရန် တရားမဝင် ကုန်သွယ်မှုကို ဝိုင်းဝန်း ဖြေ ရှင်းရ မည် ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့ ဈေးကွက်သည် ပြိုင်ဆိုင်မှု ကြီးမားနေသည့် အတွက် အရည်အသွေး မှန်ကန်မှု၊ ကတိကဝတ် တည်ကြည်မှု၊ သဘောတူညီ ထားသည့် စံချိန်စံညွှန်းများ အတိုင်း ရောင်းဝယ် တင်ပို့ကြမှသာ ကုန်သွယ်မှု ကဏ္ဍသည် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု ပြုလုပ်ရာတွင် သယ်ယူ ပို့ဆောင်ရေး အပါအဝင် Logestic စရိတ်များ သည် အရေးပါသည့် အတွက် လျှော့ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ