ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှု ချမှတ်ရန် ကုလ သမဂ္ဂကို ဆက်လက် တိုက်တွန်းပါက ပျက်စီးခြင်းနှင့် ကြုံတွေ့ရမည်ဟု တောင်ကိုရီးယားအား မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှု ချမှတ်ရန် ကုလ သမဂ္ဂကို ဆက်လက် တိုက်တွန်းပါက ပျက်စီးခြင်းနှင့် ကြုံတွေ့ရမည်ဟု တောင်ကိုရီးယားအား မြောက်ကိုရီးယား သတိပေး  ဂျနီဗာ ဖေဖော်ဝါရီ ၂ဝ  မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား အစီအစဉ် နှင့်စပ်လျဉ်း၍ ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ချမှတ်ရန် တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် နိုင်ငံများက ကုလသမဂ္ဂကို ဆက်လက်တိုက်တွန်း လုပ်ဆောင်မည် ဆိုပါက တောင်ကိုရီးယား နိုင်ငံအနေဖြင့် ပျက်စီး ခြင်းနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယား နိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။  ထို့အပြင် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှု များအား ၎င်းနိုင်ငံ အနေဖြင့် အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း မြောက်ကိုရီးယား သံတမန် ဂျွန်ယုံရောင်းက လက်နက် ဖျက်သိမ်းရေး ဆိုင်ရာ ကုလ သမဂ္ဂ ညီလာခံတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။  ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုအား ကမ္ဘာ့နိုင်ငံ အသီးသီးက ပြစ်တင်ဝေဖန် ခဲ့ကြသော်လည်း မြောက်ကိုရီးယား အစိုးရကမူ မိမိကိုယ် မိမိကာကွယ်ရန် အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်သည် ဟု ပြောကြား ထားသည်။  တစ်ချိန် တည်းမှာပင် မြောက်ကိုရီးယား နိုင်ငံသည် အလွန်ကြီးမားသည့် ၎င်းတို့၏ အရင်း အမြစ်များကို နျူကလီးယား လက်နက်များနှင့် ဒုံးကျည်များ ထုတ်လုပ်ရာတွင် အလွန်အကျွံ အသုံးပြုလျက် ရှိပြီး နိုင်ငံအတွင်း၌ ကာလရှည်ကြာ အစားအစာ ပြတ်လပ်မှု များ ဖြစ်ပေါ် လျက် ရှိကြောင်းနှင့် နိုင်ငံအတွင်းရှိ ပြည်သူများကို ဆက်လက်ခြိမ်းခြောက် နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား သံအမတ် ကင်ဟေးယုန်က တုံ့ပြန်ပြောကြား ခဲ့သည်။  မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် နိုင်ငံ တကာ၏ တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေ အနေနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အပေါ် ပြစ်တင် ဝေဖန်လျက် ရှိကြောင်း သိရသည်။  http://bit.ly/XmD6Ch

မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား အစီအစဉ် နှင့်စပ်လျဉ်း၍ ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ချမှတ်ရန် တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် နိုင်ငံများက ကုလသမဂ္ဂကို ဆက်လက်တိုက်တွန်း လုပ်ဆောင်မည် ဆိုပါက တောင်ကိုရီးယား နိုင်ငံအနေဖြင့် ပျက်စီး ခြင်းနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယား နိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှု များအား ၎င်းနိုင်ငံ အနေဖြင့် အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း မြောက်ကိုရီးယား သံတမန် ဂျွန်ယုံရောင်းက လက်နက် ဖျက်သိမ်းရေး ဆိုင်ရာ ကုလ သမဂ္ဂ ညီလာခံတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုအား ကမ္ဘာ့နိုင်ငံ အသီးသီးက ပြစ်တင်ဝေဖန် ခဲ့ကြသော်လည်း မြောက်ကိုရီးယား အစိုးရကမူ မိမိကိုယ် မိမိကာကွယ်ရန် အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်သည် ဟု ပြောကြား ထားသည်။

တစ်ချိန် တည်းမှာပင် မြောက်ကိုရီးယား နိုင်ငံသည် အလွန်ကြီးမားသည့် ၎င်းတို့၏ အရင်း အမြစ်များကို နျူကလီးယား လက်နက်များနှင့် ဒုံးကျည်များ ထုတ်လုပ်ရာတွင် အလွန်အကျွံ အသုံးပြုလျက် ရှိပြီး နိုင်ငံအတွင်း၌ ကာလရှည်ကြာ အစားအစာ ပြတ်လပ်မှု များ ဖြစ်ပေါ် လျက် ရှိကြောင်းနှင့် နိုင်ငံအတွင်းရှိ ပြည်သူများကို ဆက်လက်ခြိမ်းခြောက် နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား သံအမတ် ကင်ဟေးယုန်က တုံ့ပြန်ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် နိုင်ငံ တကာ၏ တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေ အနေနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အပေါ် ပြစ်တင် ဝေဖန်လျက် ရှိကြောင်း သိရသည်။

http://bit.ly/XmD6Ch

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ