ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

လူဦး​ရေ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား


အခုတ ​လော ပြည်တွင်း​မှာ ပြည်သူ​တွေ စိတ်အဝင်စား​ဆုံး​ သတင်း​က​တော့​ မိုဘိုင်း​ဖုန်း​တွေနဲ့​ ပတ်သက်တဲ့​ သတင်း​ပဲ ဖြစ်ပါတယ်။ မိုဘိုင်း​ဖုန်း​ တပ်ဆင်​ရေး​ ပြဿနာနဲ့​ ပတ်သက်ပြီး​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ကို စစ်​ဆေး​နေတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ဌာနက အကြီး​တန်း​အရာရှိ​တွေကို တရား​စွဲထား​တယ်။ သူတို့​နဲ့​ အတူလုပ်ကိုင်​နေတဲ့​ ခရိုနီ​တွေပိုင်
ကုမ္ပဏီ​တွေကို ​ခေါ်ယူစစ်​ဆေး​နေတယ်။ လာမယ့်​ ဧပြီလဆန်း​ဆိုရင် ပြည်သူ​တွေ ဝမ်း​သာ​စေမယ့်​ ​ဈေး​နှုန်း​နဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေ ​ရောင်း​ပေး​တော့​မယ် စတဲ့​ သတင်း​တွေအား​လုံး​ ပြည်သူ​တွေ စိတ်ဝင်စား​ကြပါတယ်။
ဒီရက်ပိုင်း​အတွင်း​ ချင်း​ပြည်နယ်ကို ​ရောက်သွား​တဲ့​ သမ္မတ ဦး​သိန်း​စိန်ကလည်း​ သူ့​အစိုး​ရသက်တမ်း​အကုန် ၂၀၁၅-၁၆ ကျရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်​အောင် လုပ်​ပေး​မယ်ဆိုပြီး​ ကတိ​ပေး​ခဲ့​ပြန်တဲ့​အတွက် ဒီကိစ္စ ပြည်သူ​တွေ စိတ်ဝင်စား​စရာပိုဖြစ်လာပါ​တော့​မယ်။ ဒီကတိ ဖြစ်နိုင်ပါ့​မလား​ ဆိုတာ ခုတပတ် ​ဆွေး​နွေး​တင်ပြသွား​မယ် ဖြစ်ပါတယ်။
တကယ်​တော့​ ဒီစီမံကိန်း​ကို ပထမဦး​ဆုံး​ တင်ပြတာ သမ္မတ ဦး​သိန်း​စိန်​တော့​ မဟုတ်ပါဘူး​။ လက်ရှိ အစစ်​ဆေး​ခံ​နေရတဲ့​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ ဦး​သိန်း​ထွန်း​ ဖြစ်ပါတယ်။ သူက ၂၀၁၁ ဇွန်လ အစိုး​ရအဖွဲ့​အစည်း​အ​ဝေး​မှာ ၂၀၁၁-၁၂ ဘဏ္ဍာ​ရေး​နှစ်က စလို့​ ၂၀၁၅-၁၆ အစိုး​ရသက်တမ်း​ကုန်ဆုံး​ချိန် ဘဏ္ဍာ​ရေး​နှစ်အထိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်သွား​မယ်လို့​ ကတိပြုခဲ့​ပါတယ်။ သူ့​တင်ပြချက်အရ ပထမနှစ်မှာ ၄ သန်း​၊​ ​နောက်နှစ် ၅ သန်း​၊​ အဲလိုနည်း​နဲ့​ ၆သန်း​၊​ ၇ သန်း​နဲ့​ ၈ သန်း​ စုစု​ပေါင်း​ သန်း​ ၃၀ တပ်ဆင်မယ်။ ၂၀၁၆ ​ရောက်ရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ ဖုန်း​ကိုင်နိုင်မယ့်​သ​ဘော ဖြစ်ပါတယ်။ ဒါ​တောင် လက်ရှိ က​မ္ဘောဒီး​ယား​မှာ လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​၊​ လာအိုမှာ ၈၀ ရာခိုင်နှုန်း​ကျော်၊​ ထိုင်း​မှာ ၁၀၀ ရာခိုင်နှုန်း​ကျော်ကိုင်နိုင်တာနဲ့​ လုံး​ဝ မနှိုင်း​ယှဉ်နိုင်​သေး​ပါဘူး​။
အဲလို ​နောက်ထပ် ကတိပြုသူတ​ယောက်က​တော့​ အရင် စီမံကိန်း​ဝန်ကြီး​ ဦး​တင်နိုင်သိန်း​ ဖြစ်ပါတယ်။ သူကလည်း​ အလား​တူ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်​ရေး​ကို အမျိုး​သား​စီမံကိန်း​မှာ ထည့်​ထား​တဲ့​အ​ကြောင်း​ နိုင်ငံတကာ ညီလာခံတခုမှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ ဦး​သိန်း​ထွန်း​အ​နေနဲ့​ သူ​ပေး​တဲ့​ ကတိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်ဖို့​ဆိုရင် မြန်မာ့​ဆက်သွယ်​ရေး​ တခုတည်း​ လုပ်လို့​မရနိုင်ပါဘူး​။ အ​ကြောင်း​က​တော့​ ဒီ ဝန်ကြီး​ဌာနဟာ ဆယ်စုနှစ် ၁ ခု​ကျော်အတွင်း​ မိုဘိုင်း​ဖုန်း​ ၂ သန်း​ ၃ သန်း​တောင် ​ကောင်း​ကောင်း​ မတပ်ဆင်ခဲ့​လို့​ ဘာအ​တွေ့​အကြုံမှ မရှိသလို ဘာအချက်အလက်​တွေနဲ့​မှလည်း​ မပြည့်​စုံပါဘူး​။ ဒီအတွက် နိုင်ငံတကာ တယ်လီကွန်း​ ကုမ္ပဏီ​တွေကို ဖိတ်​ခေါ် ရင်း​နှီး​မြှုပ်နှံခွင့်​ပြုဖို့​ လိုပါတယ်။ ဒီအတွက် လိုအပ်တဲ့​ ဥပ​ဒေဆိုင်ရာ ကိစ္စ​တွေကို အလျင်အမြန် ပြဋ္ဌာန်း​ပေး​ဖို့​ လိုပါတယ်။
ဒါ​ပေမယ့်​ လက်​တွေ့​ အ​ခြေအ​နေ​တွေက​တော့​ ​ပြောင်း​ပြန်ဖြစ်ပါတယ်။ ဝန်ကြီး​ဦး​သိန်း​ထွန်း​ဟာ နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှုကို ခွင့်​ပြုဖို့​အတွက် ဥပ​ဒေ အဆင်သင့်​ မရှိ​သေး​ဘူး​ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ဒီလို ပမာဏ ကြီး​မား​လှတဲ့​ စီမံကိန်း​ကို ပြည်တွင်း​က ခရိုနီ​တွေနဲ့​ ပြိုင်ဘက်မရှိ အ​ကောင်အထည် ​ဖော်ပါ​တော့​တယ်။ ပြိုင်ဘက်မရှိ ဆိုတဲ့​အတိုင်း​ ပွင့်​လင်း​မြင်သာမှု မရှိတဲ့​ တင်ဒါစနစ်​တွေနဲ့​ လုပ်ကိုင်တဲ့​အခါ လာဘ်​ပေး​မှု အကြီး​အကျယ် ဖြစ်​ပေါ်ပြီး​ ကုန်ကျစရိတ် မြင့်​တက်မှု​တွေ ဖြစ်​ပေါ်​စေခဲ့​ပါတယ်။ ဒါတင်မက နိုင်ငံတကာမှာ ကျပ် ၅ ​ထောင်​လောက်ပဲ ​ပေး​ရတဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို တန်ဖိုး​နည်း​ ဆိုပြီး​ ကျပ်​ငွေ ၂ သိန်း​၊​ ၂ သိန်း​ခွဲ​ဈေး​နှုန်း​နဲ့​ မျက်နှာ​ပြောင်တိုက် ​ရောင်း​ချခဲ့​ကြပါ​သေး​တယ်။
အကျိုး​ဆက်က​တော့​ အရင်​ခေတ်ကလို ငုံ့​မခံတတ်​တော့​တဲ့​ ပြည်သူ​တွေဆီက မ​ကျေမနပ်အသံ​တွေ ထွက်​ပေါ်လာ​စေပါတယ်။ ဖြစ်နိုင်ရင် မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို အလကား​တောင် ​ပေး​သင့်​တယ်လို့​ပြောတဲ့​ သမ္မတကိုလည်း​ အရှက်ရ​စေပါတယ်။ ဒီထက်ဆိုး​တာက ​ဈေး​နှုန်း​ကြီး​မြင့်​မှု​ကြောင့်​ စီမံကိန်း​ရည်မှန်း​ချက်အတိုင်း​ မိုဘိုင်း​ဖုန်း​တွေ မတပ်ဆင်နိုင်​တော့​ခြင်း​ပါ။ စီမံကိန်း​ ဒုတိယနှစ်အကုန်မှာ မိုဘိုင်း​ဖုန်း​ ၉ သန်း​ ထပ်​ဆောင်း​ တပ်ဆင်ပြီး​ ဖြစ်ရမယ့်​အစား​ ၆ သန်း​တောင် မပြည့်​ခဲ့​ပါဘူး​။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြဿနာ​တွေဟာ ပြည်​ထောင်စုဝန်ကြီး​ ပါဝင်တဲ့​ အဂတိလိုက်စား​မှု ကွင်း​ဆက်ကြီး​ကို အ​ရေး​ယူရသည်အထိ အရုပ်ဆိုး​အကျည်း​တန်ခဲ့​ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက​တော့​ ကံ​ကောင်း​နေဆဲပါပဲ။ ဆက်သွယ်​ရေး​က​နေ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုကုမ္ပဏီ ၂ ခု လုပ်ခွင့်​ပေး​မယ်လို့​ ​ကြေညာလိုက်တဲ့​အခါ လုပ်ကိုင်မယ် ဆိုပြီး​ အဆိုပြုလာတဲ့​ ကုမ္ပဏီလုပ်ငန်း​စု ၉၁ ခု ​တောင်ရှိခဲ့​ပါတယ်။ ကမ္ဘာ့​တိုက်ကြီး​အား​လုံး​က နာမည်ကြီး​ တယ်လီကွမ်း​ကုမ္ပဏီအား​လုံး​ ပါဝင်တယ်လို့​တောင် ဆိုနိုင်ပါတယ်။
တကယ်လို့​သာ သမ္မတ ဦး​သိန်း​စိန်အစိုး​ရအဖွဲ့​ဟာ အရင် ဆက်သွယ်​ရေး​ဝန်ကြီး​ အဆိုပြုထား​တဲ့​ ရင်း​နှီး​မြှုပ်နှံမှုပုံစံကို ပယ်ဖျက်ပြီး​ ကမ္ဘာ့​အဆင့်​ တယ်လီကွန်း​ကုမ္ပဏီ အနည်း​ဆုံး​ ၄-၅ ခု​လောက် ခွင့်​ပြု ပြိုင်ဆိုင်ခွင့်​ပေး​လိုက်ရင် နဂို​မေ်ွာ်မှန်း​ထား​တဲ့​ ရည်ရွယ်ချက်​တွေ ပြည့်​မီနိုင်ပါတယ်။ တကယ်လို့​ အဲလို မဟုတ်ဘဲ သန်း​ ၆၀ ပြည်သူ​တွေ မျက်နှာကိုမကြည့်​ဘဲ ခရိုနီ​တွေ ​ကောင်း​စား​ရေး​ကိုပဲ ဆက်လုပ်ခဲ့​ဦး​မယ်ဆိုရင်​တော့​ ဒါဟာ သမ္မတ ဦး​သိန်း​စိန်အစိုး​ရအတွက် မျက်နှာပျက်စရာ ကိစ္စတခု ထပ်ပြီး​ ဖြစ်လာနိုင်​ကြောင်း​ တင်ပြလိုက်ရပါတယ်။
DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ