ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင်




ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင် Thursday, February 21, 2013  မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည် မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။  “ဘဏ္ဍာနှစ်အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်း လုပ်ကိုင်လျက် ရှိပါတယ်။ ဘတ်ဂျက်နှစ် ကုန်ဖို့ တလခွဲလောက်ပဲ လိုပါတော့တယ်။ အခုရရှိထားတာက အမေရိကန်ဒေါ်လာ ၅၆၈.၃၁၉ သန်း ရရှိထားတာဆိုတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မပြည့်နိုင်ပါဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦိးဟန်ထွန်း က ပြောသည်။  အဆိုပါ ဒေါ်လာ ၅၆၈ သန်းကျော်မှာ ပုံမှန်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၂၇ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများက ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ သိရသည်။  “နယ်စပ် ကုန်သွယ်ရေး စခန်းတွေအလိုက် ရေထွက်ကုန် တင်ပို့မှုကို ကြည့်ရင် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၉၇.၇၉၂ သန်း၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန်ဒေါ်လာ ၉.၄၂၅ သန်း၊ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၂၅.၉၆၃ သန်း ရရှိခဲ့ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။  ထို့အပြင် စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၄.၉၃၂ သန်း၊ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၉၈.၃၉ သန်း၊ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၄၀.၀၀ သန်း၊ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၀.၁၃၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။  “မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေချို-ရေငန် ငါးတွေကို အဓိက တင်ပို့နေတယ်။ ငါးရှဥ့်၊ ဂဏန်း၊ အလှမွေးငါး၊ ပုစွန်နဲ့ ပင်လယ်ရေမှော် တွေကိုလည်း တင်ပို့နေပါတယ်” ဟု ရေထွက်ကုန် တင်ပို့သူ ဦးသန်းလှ က မဇ္ဈိမကို ပြောပြသည်။  ခင်မျိုးသွယ် မဇ္ဈိမမြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည်မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဘဏ္ဍာနှစ်အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်း လုပ်ကိုင်လျက် ရှိပါတယ်။ ဘတ်ဂျက်နှစ် ကုန်ဖို့ တလခွဲလောက်ပဲ လိုပါတော့တယ်။ အခုရရှိထားတာက အမေရိကန်ဒေါ်လာ ၅၆၈.၃၁၉ သန်း ရရှိထားတာဆိုတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မပြည့်နိုင်ပါဘူး”ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦိးဟန်ထွန်း က ပြောသည်။

အဆိုပါ ဒေါ်လာ ၅၆၈ သန်းကျော်မှာ ပုံမှန်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၂၇ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများက ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ သိရသည်။

“နယ်စပ် ကုန်သွယ်ရေး စခန်းတွေအလိုက် ရေထွက်ကုန် တင်ပို့မှုကို ကြည့်ရင် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၉၇.၇၉၂ သန်း၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန်ဒေါ်လာ ၉.၄၂၅ သန်း၊ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၂၅.၉၆၃ သန်း ရရှိခဲ့ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၄.၉၃၂ သန်း၊ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၉၈.၃၉ သန်း၊ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၄၀.၀၀ သန်း၊ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၀.၁၃၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေချို-ရေငန် ငါးတွေကို အဓိက တင်ပို့နေတယ်။ ငါးရှဥ့်၊ ဂဏန်း၊ အလှမွေးငါး၊ ပုစွန်နဲ့ ပင်လယ်ရေမှော်
တွေကိုလည်း တင်ပို့နေပါတယ်” ဟု ရေထွက်ကုန် တင်ပို့သူ ဦးသန်းလှ က မဇ္ဈိမကို ပြောပြသည်။

မဇ္ဈိမ



No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ