ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေရပ်ဖို့  ရုရှားနိုင်ငံခြားရေးဝန်ကြီးတောင်းဆို


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေ အားလုံး မလိုအပ်တော့ဘူးလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလ်ာဗ်ရော့က ဇန်န၀ါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ရုရှား  RIA သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလ်ာဗ်ရော့
ရုရှားနိုင်ငံခြားရေးဝန်ကြီးက လက်ရှိအခြေအနေတွေမှာ မြန်မာနိုင်ငံအပေါ် ဘယ်လို

မြန်မာအလုပ်သမားများ၏ ၁၅ နှစ်အောက် သားသမီးများကို ထိုင်းတွင် တရားဝင်နေခွင့် လုပ်ပေးမည်


မြန်မာအလုပ်သမားတွေရဲ့ အသက် ၁၅ နှစ်အောက် သားသမီးတွေကို သက်သေခံ အထောက်အထားလက်မှတ်တွေကို ထိုင်းနိုင်ငံက  ထုတ်ပေးတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို အထူးအခွင့်အရေးတရပ်အနေနဲ့  ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်နိုင်ဖို့ အခုလို သက်သေခံလက်မှတ်ထုတ်ပေးဖို့ ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ရက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်တုန်းတွင် လယ်သမားများ ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့မှာ ဒီနေ့ မနက်က  ရာနဲ့ ချီတဲ့ လယ်သမားတွေ စုရုံးဆန္ဒပြနေကြပါတယ်။
ညောင်တုန်းမြို့နယ်က ကတုက္ကမ၊ ငှက်ပျော်ကျွန်း၊ ထရောင်၊ ကြိုက်သာ၊ ချောင်းမကြီး၊ လှေလမ်းပိုင်နဲ့ ဦးခွာစု စတဲ့ ကျေးရွာတွေက လယ်သမား  ၆၀၀ လောက်ဟာ လယ်ယာမြေအသိမ်းခံရတာ၊

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်ကို ဖော်ထုတ်အရေးယူရန် ပြည်သူ့လွှတ်တော်ဆုံးဖြတ်


ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အင်တာနက်တွေမှာ ဖော်ပြတဲ့ Above the Law ဆိုတဲ့ခေါင်းစဉ်ပါ  ဒေါက်တာဆိတ်ဖွားရဲ့ ပြည်ထောင်စုလွှတ်တော်ကို ဝေဖန်ချက် ဆောင်းပါးကို ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုးရင်ကနေ

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲကြောင့် လိုင်ဇာတွင် ကုန်ပစ္စည်း ပြတ်လပ်


ခုရက်ပိုင်းအတွင်း ကေအိုင်အိုဌာနချုပ် လိုင်ဇာရဲ့ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ပြင်းထန် လာတဲ့အတွက် လိုင်ဇာမြို့ထဲမှာ လာရောက် စီးပွားရေးလုပ်ကိုင်နေတဲ့  တရုတ်ကုန်သည်တွေနဲ့ ဒေသတွင်းရောင်းဝယ်ဖောက်ကားသူတွေ  ပြန်သွားကြတဲ့အတွက် မြို့ခံတွေ ကုန်ပစ္စည်းရှားပါး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လိုင်ဇာမြို့ထဲကို

facebook မှကြည့် ချင်ရင် like လုပ်ပါ