ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲကြောင့် လိုင်ဇာတွင် ကုန်ပစ္စည်း ပြတ်လပ်


ခုရက်ပိုင်းအတွင်း ကေအိုင်အိုဌာနချုပ် လိုင်ဇာရဲ့ အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ပြင်းထန် လာတဲ့အတွက် လိုင်ဇာမြို့ထဲမှာ လာရောက် စီးပွားရေးလုပ်ကိုင်နေတဲ့  တရုတ်ကုန်သည်တွေနဲ့ ဒေသတွင်းရောင်းဝယ်ဖောက်ကားသူတွေ  ပြန်သွားကြတဲ့အတွက် မြို့ခံတွေ ကုန်ပစ္စည်းရှားပါး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လိုင်ဇာမြို့ထဲကို
လက်နက်ကြီးကျည်သင့်ပြီး အရပ်သားတွေ သေကျေဒဏ်ရာရခဲ့ပြီးတဲ့ နောက်ပိုင်း  တရုတ်နိုင်ငံဘက်ကနေ လာရောက် ရောင်းဝယ်ဖောက် ကားသူတွေရော၊ တခြားအနီးအနား ပတ်ဝန်းကျင်က လာရောက် ရောင်းဝယ်ဖောက်ကားတဲ့ ကုန်သည်တွေပါ အလာကျဲသွားတဲ့အတွက် လိုင်ဇာဈေး ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရောင်းဝယ်ဖောက်ကားမှုလမ်းကြောင်းတခုဖြစ်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်း၊ တရုတ် နယ်စပ်လမ်းတွေမှာ အစစ်အဆေးတွေ ထူပြောလာပြီး ယာဉ်အသွားအလာ နည်းပါးတဲ့အတွက် ကုန်ဈေးနှုန်းတက်တဲ့အပြင် အချို့ပစ္စည်းတွေ ၀ယ်မရအောင် ရှားပါးသွားတယ်လို့  လိုင်ဇာဒေသခံတဦးက ခုလိုပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ ဗန်းမော်လမ်းတလျှောက်မှာလည်း ခါတိုင်း ၀ယ်နေထက် ကုန်ဈေးနှုန်းထက်ကို ”တော်တော်များများ ပိုပေးရတယ်။ ကုန်ဈေးနှုန်းတွေက တော်တော်လေး တက်နေတယ်။ လောလောဆယ် တရုတ်ပြည်ဘက်မှာ ယူရတယ်။ အဲဘက်မှာ ယူတာတောင် ခါတိုင်း အာလူးဆိုရင် ၁ ကီလိုခွဲကို ၂ ယွမ်ပေးရတယ်။ အခုဆို ၁ ကီလိုကိုတောင် ၂ ယွမ်ပေးနေရတယ်။ ဆန်၊ ဆီ၊ ဆားတွေကတော့ ပြောမနေနဲ့တော့။ ကိုယ်လိုချင်သလောက်လည်း မရတော့ဘူး။”
လိုင်ဇာမြို့ပြင်ဘက်မှာ တိုက်ခိုက်သံတွေ ကြားနေရတဲ့အတွက် လူတွေက တောင်ယာ လုပ်ငန်း သွားလုပ်ဖို့ ကြောက်ရွံ့နေပြီး မြို့တွင်းမှာလည်း  အရောင်းအ၀ယ် မကောင်းတော့ အလုပ်အကိုင် ရှားပါးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့ပြင် လက်လုပ်လက်စားနဲ့ နေ့စားသမားတွေအတွက်လည်း တိုက်ပွဲတွေကြောင့် အလုပ်မရှိတော့ဘဲ စားဝတ်နေရေး ခက်ခဲပြီး ဒုက္ခသည်စခန်းမှာ အကူအညီတောင်းရတယ်လို့ သိရပါတယ်။
လက်နက်ကြီးသင့်ခဲ့တဲ့ လိုင်ဇာမြို့က ခဂျန်ရပ်ကွက်မှာ ညဆိုရင် ဘယ်သူမှ မအိပ်ရဲတော့ ဘဲ တခြားကို ရွှေ့ပြောင်းသွားတဲ့သူတွေက  ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်သူတွေဟာ တရုတ်နယ်စပ်က နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက် ခိုလှုံကြပြီး လိုင်ဇာရဲ့ အနေအထားအရ အခြေအနေဆိုးလာရင် တရုတ်နယ်စပ်ကိုသာ ပြေးပေါက်ရှိတဲ့အတွက် တရုတ်ဘက်က ဒုက္ခသည်တွေလက်ခံဖို့ လိုင်ဇာနဲ့ ကပ်လျက် နားပန်မြို့ဘက်မှာ စခန်း ၃ ခု ချထားပေးမယ်လို့ သတင်းတွေ ထွက်နေပေမယ့်လည်း တရားဝင် ထုတ်ပြန်တာတွေတော့ မတွေ့ရဘူးလို့ ဒေသခံက ပြောပါတယ်။




DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ