ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

အနောက်တိုင်းဆေးလား တိုင်းရင်းဆေးလား။



အနောက်တိုင်းဆေးပညာစတင်တဲ့တိုင်းပြည်တွေကလွဲလို့ အခြားကမ္ဘာ့နိုင်ငံတိုင်းမှာ အစဉ်အဆက်လက်ဆင့်ကမ်းကျင့်သုံးလာကြတဲ့ တိုင်းရင်းဆေးကုသနည်းနဲ့ တိုင်းရင်းဆေးတွေရှိတတ်ကြပါတယ်။ အနောက်တိုင်းဆေးမဖွံ့ဖြိုးခင် ရှေးပဝေသဏီတည်းကကျင့်သုံးလာခဲ့တဲ့ ဆေးနည်းဆေးဝါးတွေဖြစ်တဲ့အတွက် နောက်မှပေါက်တဲ့ရွှေကြာပင်ဖြစ်တဲ့ အနောက်တိုင်းဆေးဝါးတွေထက် ဒေသခံတွေပေါ်မှာ အရှိန်အ၀ါသြဇာကြီးမားတတ်ပါတယ်။ အချို့ထင်ရှားတဲ့ တိုင်းရင်းဆေးနည်းတွေ ဥပမာ တရုတ်တိုင်းရင်းဆေး၊ ကိုရီးယားတိုင်းရင်းဆေး တွေဆိုရင် ပင်ရင်းတိုင်းပြည်တွေကိုကျော်လွန်ပြီးတော့တောင် အခြားနိုင်ငံတွေပေါ်မှာအရှိန်အ၀ါသက်ရောက်ပါတယ်။ အဲလိုတိုင်းရင်းဆေးရဲ့သကရောက်မှုတွေပာာ အနောက်တိုင်းဆေးပညာနဲ့ ဆေးပညာရှင်တွေပေါ်မှာပါ ရှိနေတတ်ပါတယ်။ နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ နည်းစနစ် ဆေးနည်းတွေဖြစ်တဲ့အခါမှာ ယုံကြည်မှုနဲ့ပတ်သက်ရင် အနောက်တိုင်းဆေးပညာ တိုးမပေါက်ဖြစ်ရပါတယ်။ အခုချိန်ထိအောင်ကိုပဲ အနောက်တိုင်းဆေးလုံးဝမမသုံးဘဲ တိုင်းရင်းဆေးတွေသာအသုံးပြုတဲ့ အားကိုးတဲ့လူတွေအများအပြားရှိပါတယ်။ မြန်မာပြည်ကပြည်သူတွေအကုန်လုံးရဲ့ နေ့စဉ်ဘ၀ထဲမှာ တိုင်းရင်းဆေးပာာ လုံးဝဥဿုံမပာုတ်ရင်တောင်မှ မပါမဖြစ်ဆေးဝါးတစ်ခုပါပဲ။ အနောက်တိုင်းဆေးဝါးတွေ မတိုးနိုင်တဲ့အခြေအနေတွေမှာ တိုင်းရင်းဆေးတွေပာာ အစွမ်းထက်နေတတ်ပါတယ်။ ဥပမာ အနောက်တိုင်းအစာအိမ်ဆေး ဘယ်ဆေးနဲ့မှမတိုးတဲ့အစာအိမ်ဝေဒနာရှင်ပာာ တိုင်းရင်းဆေးဖြစ်တဲ့လျက်ဆားနဲ့မှ သက်သာတတ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းဆေးတွေမှာ အားနည်းချက်တွေရှိပါတယ်။ အဲဒီအားနည်းချက်တွေပာာ အနောက်တိုင်းဆေးဝါးရဲ့ ယှဉ်ကြည့်လိုက်တဲ့အခါပိုသိသာလာတတ်ပါတယ်။ ဒီစာပာာ တိုင်းရင်းဆေးတွေရဲ့အခန်းကဏ္ဍကိုမှေးမှိန်အောင် စော်ကားလိုတဲ့စေတနာမပါဘဲ အားနည်းချက်တွေကိုဆင်ခြင်ပြီး တိုးတက်စေလိုတဲ့ဆန္ဒနဲ့သာ ရေးသားတယ်ဆိုတာ အရင်အသိပေးပါရစေ။

အနောက်တိုင်းဆေးပညာ ကမ္ဘာပေါ်မှာဘာလို့ ဒီလောက်တောင်လွှမ်းမိုးလာတာပါလဲ။ မေးကြည့်ရင်တော့ အဖြေအမျိုးမျိုးထွက်ပါလိမ့်မယ်။ အနောက်နိုင်ငံသားတွေပာာ နယ်ချဲ့တာတော်လို့၊ အင်အားကြီးလို့၊ ပိုက်ဆံအများကြီးသုံးနိုင်လို့ အစရှိသည်ဖြင့်ပေါ့။ မှန်ပါတယ်။ ဒီအချက်တွေပာာလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော့်အမြင်အရဆိုရင်တော့ အရေးအကြီးဆုံးက အနောက်တိုင်းဆေးတွေရဲ့ စနစ်ကျမှုပါ။ အနောက်တိုင်းဆေးပညာပာာ ဘယ်နည်းပညာအသစ်အဆန်းမဆို၊ ဘယ်ဆေးဝါးအသစ်မဆို လွယ်လွယ်ကူကူလက်ခံလေ့မရှိပါဘူး။ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုသက်ရောက်မှုရှိတယ်၊ ဘယ်လိုဆိုးကျိုးတွေရှိနိုင်တယ်၊ လူနာကိုဘယ်လိုအကျိုးရှိနိုင်မလဲ စတဲ့အချက်တွေအကုန်လုံးကို အထပ်ထပ်အခါခါ လေ့လာပါတယ်။ လေ့လာတဲ့အခါမှာလည်း လူထောင်နဲ့သောင်းနဲ့ချီလေ့လာပြီး အသေးအမွှားလေးတစ်ခုကအစ ပစ်ပယ်တာမျိုးမလုပ်တတ်ပါဘူး။ အဲလိုလေ့လာဆန်းစစ်ချက်အကြိမ်ကြိမ်ပြုပြီးလို့ ဆိုးကျိုးထက် ကောင်းကျိုးကအများကြီးပိုများမယ်၊ စိတ်ချရမယ်ဆိုမှ အဲဒီဆေးဝါး၊ ကုသမှုကို အသုံးပြုစေပါတယ်။ ဒါ့ကြောင့် အနောက်တိုင်းဆေးဝါးတစ်ခု ကုသနည်းတစ်ခုကိုကျင့်သုံးပြီဆိုရင် အသုံးပြုသင့်တဲ့ပမာဏ၊ သက်ရောက်မှု၊ ဆိုးကျိုးတွေကိုကြိုတင်ခန့်မှန်းထားလို့ရပါပြီ။ ဒါပာာဘယ်တိုင်းရင်းဆေးနဲ့မှမတူတဲ့ အနောက်တိုင်းဆေးဝါးတွေရဲ့ အားသာချက်ပါ။ တိုင်းရင်းဆေးတွေပာာ အများအားဖြင့်တော့ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေလုပ်တာအတော်နည်းပါတယ်။ အဲဒီအတွက် သက်ရောက်မှုတွေ၊ ဆိုးကျိုးတွေ၊ အလုပ်လုပ်ပုံတွေကို မသိရတတ်ပါဘူး။ အဲဒီအတွက်ဆေးရဲ့အချိုးအစားနဲ့ ရောဂါအပေါ်ကိုတိတိပပ သက်ရောက်မှုတွေကိုလည်း ခန့်မှန်းလို့မရပါဘူး။ ဒါ့အပြင် အနောက်တိုင်းဆေးပညာလိုမျိုး စနစ်တကျသင်ကြားတာမျိုးမရှိဘဲ တစ်ဦးကတစ်ဦးလက်ဆင့်ကမ်းတာမျိုးသာရှိပါတယ်။ တိုင်းရင်းဆေးဆရာအမည်ခံပြီး ပယောဂလိုလို သိုက်ဆရာလိုလိုတွေများလာတာကလည်း တိုင်းရင်းဆေးလောကအတွက် နာမည်ပျက်စရာတွေဖြစ်လာပါတယ်။

အနောက်တိုင်းဆေးပညာမှာတော့ ဘယ်ဆေးဝါးကိုမှ ဆိုးကျိုးမရှိဘူး ရောဂါမှန်သမျှပျောက်တယ်လို့ဆိုလေ့မရှိတတ်ပါဘူး။ ဆေးမှန်သမျှဆိုးကျိုးရှိပါတယ် အဲဒီအတွက် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကိုလည်း ပြည့်ပြည့်စုံစုံဖော်ပြထားလေ့ရှိပါတယ်။ ဒါ့ကြောင့်အတတ်နိုင်ဆုံးတော့ ဘယ်ဆေးကိုမှမလိုအပ်ဘဲမသောက်ဖို့ညွှန်ကြားကြပါတယ်။ ဒါပေမယ့် သတိထားမိရသလောက်တော့ တိုင်းရင်းဆေးတွေဟာ ရောဂါအတော်များများကိုပျောက်ကင်းနိုင်တယ်လို့ ကြော်ငြာတတ်ကြပါတယ်။ ဒါ့အပြင်ဆေးရဲ့ဆိုးကျိုးတွေကိုလည်းလေ့လာဖို့ အသေအချာဖော်ပြဖို့ပျက်ကွက်ပါတယ်။ အချို့တိုင်းရင်းဆေးတွေမှာဆိုရင် အန္တရာယ်ရှိတဲ့အနောက်တိုင်းဆေးဝါးတွေ ဥပမာ စတီးရွိုက် (Steroid) လိုဆေးမျိုးတွေကို အတိုင်းအဆမဲ့ရောနှောတတ်ကြပါတယ်။ ဆေးဝါးတွေကိုထုတ်လုပ်တဲ့နေရာမှာလည်း သန့ှ်ရှင်းမှုစံချိန်တွေအားနည်းပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေကို ဆရာဝန်အနေနဲ့အသုံးပြုချင်တယ်ဆိုရင်တောင်မှ ဆေးရဲ့ဆိုးကျိုး၊ အာနိသင်၊ သက်ရောက်မှုတွေကို မသိနိုင် မခန့်မှန်းနိုင်တဲ့အတွက် အသုံးပြုဖို့ တွန့်ဆုတ်ရပါတယ်။

လူတိုင်းလူတိုင်းမှာ ရောဂါတွေကိုတွန်းလှန်ဖို့အတွက် ကိုယ်ခံအားစနစ်ရှိကြပါတယ်။ အဲဒီစနစ်တွေရဲ့ရောဂါအပေါ်တုန့်ပြန်မှု၊ ဆေးဝါးအပေါ်တုန့်ပြန်မှုတွေပာာ တစ်ဦးနဲ့တစ်ဦးတူညီလေ့မရှိကြပါဘူး။ အဲဒီအတွက် ဆေးဝါးသုံးစွဲရာမှာလည်း တစ်ဦးမှာအဆင်ပြေပေမယ့် တစ်ဦးမှာအဆင်မပြေဖြစ်တတ်ပါတယ်။ အနောက်တိုင်းဆေးပညာပာာ ဆေးအသစ်တစ်ခုထုတ်တော့မယ်ဆိုရင် ပထမတိရိစ္ဆာန်များအပေါ်စမ်းသ်ပါတယ်။ အဲဒီမှာအဆင်ပြေတယ်ဆိုရင် နောက်တဆင့်လူတွေပေါ်မှာစမ်းသပ်ပါတယ်။ အဲလိုစမ်းသပ်ပြီးမှ အတော်များများမှာ ကောင်းကျိုးရှိမယ်၊ဆိုးကျိုးကလည်း မပြောပလောက်ဘူးဆိုမှ ဈေးကွက်ဖြန့်ဝေခွင့်ပေးပါတယ်။ လူများကိုစမ်းသပ်တဲ့နေရာမှာလည်း ထောင်သောင်းချီပြီး စမ်းသပ်ရပါတယ်။ လူ၅ယောက်၆ယောက်လောက်မှာကောင်းတယ်ဆိုရုံနဲ့ လက်ခံလို့မရနိုင်ပါဘူး။ တိုင်းရင်းဆေးတွေမှာတော့ အဲလိုသေချာရေရာတဲ့စမ်းသပ်ချက်တွေကင်းမဲ့ပြီး ပါးစပ်ပြောပျောက်တယ်ဆိုတဲ့နည်းလမ်းတွေကများပါတယ်။ လက်တွေ့မှာတကယ်ဘယ်သူဘယ်ဝါ ဘယ်လိုမျိုးပျောက်ကင်းလဲဆိုတာကို တိတိပပပြောဆိုနိုင်မှုတွေနည်းပါတယ်။ တကယ်ပဲပျောက်တယ်ဆိုစေဦး။ တစ်ဦးအပေါ်မှာဒီဆေးက ကောင်းကျိုးပေးနိုင်ပေမယ့် လူနာရဲ့အခြေအနေပေါ်မူတည်ပြီး အခြားတစ်ဦးအပေါ်မှာဆိုးကျိုးသွားပေးနိုင်သေးတာပါပဲ။ အဲလိုအရာမျိုးတွေကိုကျတော့ မစမ်းသပ် မလေ့လာဘဲသိနိုင်မှာမပာုတ်ပါ။ တိုင်းရင်းဆေးမို့လို့ ဆိုးကျိုးမပေးနိုင်ပါဘူး။ ကောင်းပါတယ်ဆိုတာမျိုးကလည်း လက်မခံနိုင်ပါဘူး။ ဘာ့ကြောင့်မှန်းမသိတဲ့အကျိတ်တွေကြီးနေတာကို ဆေးပူတွေလိမ်းရင်း ဆေးမှုန့်တွေကပ်ရင်း အကျိတ်တွေအပေါ်အရေပြားစုတ်ပြဲကုန်လို့ ပိုးဝင်တာတွေလည်းရှိပါတယ်။ စုတ်ပေါက်၊ ဆေးထိုးပြီး အနာတွေဖြစ်ကုန်တာတွေလည်းရှိပါတယ်။ အနောက်တိုင်းဆေးမတတ်နိုင်တာတွေကို လုပ်ပြနိုင်တယ်ဆိုပြီး တိုင်းရင်းဆေးတွေပာာ ကြော်ငြာတတ်ပေမယ့်လည်း တကယ်တမ်းစာရင်းနဲ့ဇယားနဲ့ စမ်းသပ်မှုတွေနဲ့ ယှဉ်ကြည့်ရင်ကျပြန်တော့လည်း အဖြေမထွက်ဖြစ်နေပြန်ပါတယ်။

တိုင်းရင်းဆေးကဏ္ဍတိုးတက်လာဖို့ဆိုရင်တော့ ဒီလိုမျိုးအားနည်းချက်တွေကို ပြင်ဆင်မှရပါလိမ့်မယ်။ အထူးသဖြင့်တော့ အနောက်တိုင်းဆေးဝါးနဲ့ တိုင်းရင်းဆေးကိုရောစပ်ပေးနိုင်မယ့် ပညာရှင်တွေများများပေါ်ထွန်းလာရင် ပိုပြီးကောင်းနိုင်ပါလိမ့်မယ်။ ဆရာဝန်များနဲ့ တိုင်းရင်းဆေးပညာရှင်များ ပူးပေါင်းလုပ်ကိုင်သင့်ပါတယ်။ အများနည်းတူကျနော်လည်း ကိုယ့်တိုင်းရင်းဆေးပညာကို တိုးတက်ဖွံ့ဖြိုးစေချင်ပါတယ်။ ဒါပေမယ့် ပြောခဲ့သလိုမျိုးသာ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေနဲ့ စနစ်တကျလုပ်ဖို့မကြိုးစားဘဲ ခေတ်ကိုလျစ်လျူရှုပြီး တို့ကတော့ရှေးရိုးအတိုင်းပဲဆိုရင်တော့ တိုင်းရင်းဆေးအပေါ်မှာထားတဲ့မျှော်လင့်ချက်တွေ လက်လျော့လိုက်ရပါလိမ့်မယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ ကျနော့်အမြင်ကိုသာဆွေးနွေးထားခြင်းဖြစ်ပြီး နှိမ့်ချစော်ကားလိုတဲ့စိတ်လုံးဝမပါပါ။



 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ