ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ဒမ်ဘာဘာရဲ့ ဂိုးလှပေမယ့် ချဲလ်ဆီး မနိုင်ခဲ့

ဒမ်ဘာဘာရဲ့ဂိုး လှပေမယ့် ချဲလ်ဆီး မနိုင်ခဲ့ဒမ်ဘာဘာ ဒုတိယအကြိမ်မြောက် ပွဲထွက် ခွင့် ရရှိခဲ့ပြီး ပထမပိုင်းမှာ ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ
ဒုတိယပိုင်းမှာ ဆောက်သမ်တန်ရဲ့ မြန်နှုန်းမြင့် ကစားဟန်ကို ထိန်းနိုင်ခြင်းမရှိလို့ ၂ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ပထမပိုင်း မိနစ်၂၀ အထိ နှစ်သင်းစလုံး ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ပေမယ့် နောက်
၅မိနစ်အကြာမှာတော့ အော်စကာ ခေါင်းတိုက်ချပေးရာကနေ ကျလာတဲ့ ဘောလုံးကို နောက်ခံလူ နှစ်ယောက် ကာဆီးထားတဲ့ကြားက ဒမ်ဘာဘာက လှပတဲ့ မြေမကျကန်ချက်နဲ့ ချဲလ်ဆီးအတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာ ရိုဒရီဂွက်ဇ်က အဝေးကန်ချက်နဲ့ ချဲလ်ဆီးဘက်ကို ပြန်ခြိမ်း ခြောက်ခဲ့ပြီး ချဲလ်ဆီးအတွက် ဒုတိယဂိုးကိုတော့ ရာမီရက်ဇ်ရဲ့ ဘားထိထွက်လာတဲ့ကန်ချက်ကတစ်ဆင့် ဟာဇတ်က အပေါ်ထောင့်ထဲ အပြင်းကန်သွင်းယူသွားခဲ့တာပါ။
ဒုတိယပိုင်းအစမှာလည်း ချဲလ်ဆီးတို့ ပွဲကို ဆက်လက်စိုးမိုးနိုင်ခဲ့ပေမယ့် ၅၈မိနစ်အရောက်မှာ ဆိုင်နီရဲ့ ဖြတ်တင်ဘောကို ရစ်ကီလမ်ဘတ်က ဧရိယာထိပ်က ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။ အဲဒီ့နောက်မှာ ချဲလ်ဆီး ကစားပုံ ပျက်လာခဲ့ပြီး ဆောက်သမ်တန်တို့ကတော့ တောင်ပံတွေကနေ ချဲလ်ဆီးဘက်ကို ထိုးဖောက်သွားခဲ့တာ တွေ့ရပါတယ်။ အဲဒါကြောင့် ၇၅မိနစ်မှာ ဘယ်တောင်ပံကနေ လူကီရှော ဖြတ်တင်ပေးတာကို ပန်ချွန်က ပြေးဝင်ကန်သွင်းယူသွားတာပါ။ အဲဒီ့နောက်မှာ တောရက်စ်ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုး မဖန်တီးနိုင်ခဲ့လို့ မန်ယူနဲ့ ၁၃မှတ် ကွာဟတဲ့အထိ ပေးဆပ်မှုတန်ဖိုး ကြီးသွားခဲ့ရပါတယ်။

 ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ