ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ပင်နယ်တီ ကန်သွင်းမှု တိုးတက်အောင် ပြုလုပ်ရမည် ဟု ပြောကြားခဲ့သည့် ဖာဂူဆန်


wayne-rooney-manchester-united_1
မန်ချက်စတာ ယူနိုက်တက် အသင်း၏ နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် က အသင်း၏ ပင်နယ်တီ ကန်သွင်းမှု အရည်အချင်း အပေါ် စိတ်ပျက်လျှက် ရှိနေကြောင်း သိရသည်။ မန်ယူ အသင်းသည် FA ဖလား
ပြန်ကန် ပွဲစဉ် အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ် ၌ ဝက်ဟမ်း အသင်းနှင့် ယှဉ်ပြိုင်ရာတွင် ပွဲချိန် ဒုတိယပိုင်း၌ ပင်နယ်တီ ပြစ်ဒဏ် ကန်သွင်းခွင့် ရခဲ့သော်လည်း တိုက်စစ်မှုး ဝိန်းရွန်နီ မှ အပေါ်ထောင်ကန်ခဲ့သဖြင့် ဂိုးရခွင့်နှင့် လွဲချော်ခဲ့သည်။ ယခုလို လွဲချော်ခဲ့ခြင်းသည် မန်ယူ အသင်းအတွက် ယခုရာသီ၌ ၅ ကြိမ်မြောက် ပင်နယ်တီ လွဲချော်ခဲ့ခြင်း ဖြစ်ပြီး ဖာဂူဆန် က အသင်းသားများ အနေဖြင့် ၁၂ ကိုက် အကွာအဝေးမှ ကန်သွင်းချက်များ တိုးတက်အောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း ငြီးတွား ပြောကြားသွားခဲ့သည်။
“ဒီလို လွဲချော်မှုတွေကို မစဉ်းစားချင်တော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ရှေ့လျှောက် ဒီထက် ပိုကောင်းအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ပင်နယ်တီ ကန်သွင်းမှုဆိုရင် ဆောက်သမ်တန် အသင်းက တိုက်စစ်မှုး ရစ်ကီ လန်းဘတ် လို တိကျဖို့ ကြိုးစားသင့်ပါတယ်။ သူ့လို ၃၁ ကြိမ်မှာ ၃၁ ကြိမ်လို ဂိုးဝင်အောင် လေ့ကျင့်သင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ၄၈ လုံးမှာ ၄၇ ဂိုးဝင်အောင်သွင်းခဲ့တဲ့ မက် လီတစ်စီယာ တို့ ၊ ပင်နယ်တီ သီးသန့် ၅၇ ဂိုးသွင်းခဲ့တဲ့ ရိန်းဂျား အသင်းက ဂျွန်နီ ဟူးဘတ် တို့လို ကစားသမားတွေ ရှိခဲ့ဖူးပါတယ်။ ဘယ်လို ဖြစ်ရပ်ကနေပဲ ပင်နယ်တီ ရရ၊ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်အောင် ကြိုးစားကြရပါမယ်။” ဟု ဆာ အဲလက်စ် မှ သူ၏ ထင်မြင်ချက် အပေါ် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။



FFMC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ