ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ကျွန်တော်တို့ဟာ ဗန်ပါစီကို မှီခိုနေရတဲ့ အသင်း မဟုတ်ပါဘူး : ဆာအဲလက်စ်


RVP
မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိမန်ယူ အသင်းဟာ ဗန်ပါစီ တစ်ယောက်တည်း အပေါ်ကို မှီခိုနေရတယ် ဆိုတဲ့အဆိုကို ငြင်းချက် ထုတ်လိုက်ပါတယ်။ ဗန်ပါစီဟာ
ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ် အသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် သူ့ရဲ့ နောက်ဆုံးပွဲစဉ် ၁၀ပွဲမှာ သွင်းဂိုး၁၀ဂိုး အပါအ၀င် ယူနိုက်တက် အတွက် ၂၁ဂိုး သွင်းယူပေးထားပြီး ဖြစ်ပါတယ်။
သွင်းဂိုးအများဆုံးနဲ့ အသင်းသား အားလုံးရဲ့ ဂိုးသွင်းယူမှု စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပေမဲ့ ဗန်ပါစီကို မှီခိုနေရတယ် ဆိုတဲ့ အဆိုကိုတော့ နည်းပြကြီးက လက်မခံ ခဲ့ပါဘူး။
ဆာအဲလက်စ်က “ တစ်ဦးတစ်ယောက်တည်း အပေါ်ကို မှီခိုနေရတဲ့ အသင်းဆိုတာကိုတော့ ကျွန်တော် လက်မခံပါဘူး။ အသင်းရဲ့ သမိုင်းမှာတော့ ကစားသမား တစ်ဦးတစ်ယောက်က ကျွန်တော်တို့ကို အများကြီး အကျိုးပြု ခဲ့တယ်ဆိုတဲ့ သမိုင်းတွေတော့ ရှိခဲ့ပါတယ်။ ဥပမာ အဲရစ်ကန်တိုနာ ဟာ အခြားကစားသမားတွေ ခြေစွမ်းပျောက်ဆုံး နေချိန်မှာ သူ့ရဲ့ဂိုးတွေနဲ့ အသင်းကို အကျိုးပြု ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေ တွေကအရင်ကနဲ့ မတူတော့ပါဘူး။ ဂျာဗီယာ ဟာနန်ဒက်ဇ်ဟာ ၁၂ဂိုးထိ သွင်းယူထားပြီး ဖြစ်သလို ၀ိန်းရွန်နီကလည်း ၉ဂိုးနဲ့ ရပ်တည်ထား နိုင်ပါတယ်။ ဗန်ပါစီဟာ အသင်းအတွက် အခွင့်အရေးတွေနဲ့  ဂိုးတွေများစွာ ဖန်တီးပေး နိုင်ခဲ့တယ် ဆိုပေမဲ့ နောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ အီဗန်စ်နဲ့ အီဗရာတို့ နှစ်ယောက်ပေါင်းဟာ သွင်းဂိုး၈ဂိုးလောက် ရှိနေတာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် အပေါ် မှီခိုတဲ့ အသင်းလို့ ပြောလို့ မရပါဘူး။ သူဟာ စိန်ခေါ်မှူ အသစ်တွေအတွက် မှန်ကန်တဲ့ ကလပ်ကို အချိန်ကိုက် ရောက်ရှိလာခြင်းသာ ဖြစ်ပါတယ် “ လို့ ဆိုခဲ့ပါတယ်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ