ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကြိုးပမ်း ဆောင်ရွက်ချက် များကို ဒေသအတွင်း နိုင်ငံများ သာမက နိုင်ငံတကာ အဖွဲ့အစည်း များကပါ အသိ အမှတ်ပြု


လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ထဲရေး ဝန်ကြီးဌာန စုစည်း ခန်းမ၌ ကျင်းပသည့် လူကုန်ကူးမှု ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂ဝ၁၃) တွင် ယခုအခါ နိုင်ငံတော် အစိုးရ၏ ဆင်းရဲမှု လျော့နည်း ကျဆင်းရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း များသည် နယ်စွန် နယ်ဖျားထိ  ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် နိုင်ခဲ့သည့် အတွက် လူကုန်ကူးမှုပပျောက်ရေးတွင် အထောက်အပံ့ ဖြစ်ခဲ့ကြောင်း၊နိုင်ငံတော် ဗဟို အဆင့်တွင်လည်း ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ စ၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို စတင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ဗဟို အဖွဲ့မှ  လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်း အရင်းများအား လေ့လာ သုံးသပ်ပြီး စီမံကိန်းများ ရေးဆွဲဆောင် ရွက်လျက်ရှိရာ ယခုနှစ်သည် ဒုတိယ ငါးနှစ် စီမံကိန်း၏ ဒုတိ ယ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထို့ပြင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ သစ်ကို ပြဋ္ဌာန်း နိုင်ခဲ့ပြီး အဓမ္မ အလုပ် စေခိုင်းမှုနှင့် အရွယ်မရောက် သေးသော ကလေးများအား စစ်သားအဖြစ် စုဆောင်းမှု ပပျောက်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ် သားများအား နည်းမျိုးစုံဖြင့် ခေါင်းပုံ ဖြတ်ခံရမှု၊  လူကုန်ကူးမှု ခံရမှုများကို ကာကွယ်စောင့်ရှောက် ပေးခဲ့ကြောင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်ချက် များကို ဒေသအတွင်း နိုင်ငံများ သာမက နိုင်ငံတကာ အဖွဲ့အစည်း များကပါ အသိအမှတ် ပြုခြင်း ခံရပြီး အမေရိကန် နိုင်ငံ အနေဖြင့်လည်း  လူကုန်ကူးမှု အဆင့် သတ်မှတ်ချက် အဆင့်(၃) (TIER 3)မှ အဆင့်(၂) စောင့်ကြည့်စာရင်း (TIER 2 Watch List )သို့ တိုးမြှင့်သတ်မှတ် အသိအမှတ် ပြုခဲ့ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက လူကုန်ကူးမှု ကြိုတင် ကာကွယ်ရေးနှင့် တားဆီး နှိမ်နင်းရေး ဆောင် ရွက် ရာတွင်ဖြစ်စေ၊ လူကုန်ကူးခံ ရသူများ ကယ်တင် ရာတွင်ဖြစ်စေ၊ လူကုန်ကူး ခံရသူများ ပုံမှန် ဘဝသို့ ပြန်လည်ရောက် ရှိအောင်  ထူထောင်ရာ တွင်ဖြစ်စေ သတင်း မီဒီယာ၏ အခန်း ကဏ္ဍမှာ အရေးပါသည့်  ဦးဆောင် ကဏ္ဍတွင် ပါဝင်လျက် ရှိကြောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့  ပြည်သူ့ ရင်ပြင်တွင် ကျင်းပခဲ့သည့် MTV Exit Stage Show သည် မြန်မာ နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက် ရေးကြိုးပမ်း ဆောင်ရွက်မှုကို  နိုင်ငံ တကာသို့ ဖော်ထုတ် ပြ သ နိုင်ခဲ့သည့် ဆောင်ရွက်ချက် ပင်ဖြစ်ကြောင်း၊ MTV Exit ကဲ့သို့ ပြည်သူ ပညာပေးရေး လုပ်ငန်းများကို ဆက်လက် ဆောင် ရွက်ရန် ဖြစ်ကြောင်း တို့ကို ပြောကြားကာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ လူကုန်ကူးမှု ခံရသူများ အား ပြန်လည် လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ တို့ကလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။      

မြ၀တီး 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ