ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် လျှောက်လွှာ ထုတ်ပေး



ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် လွယ်အံ ကျေးရွာအုပ်စု ကြေးကုန်း ကျောက်တန်း ကျေးရွာ၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးရေး စီမံချက်အရယမန်နေ့ နံနက် ၉ နာရီက  လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု  လက်မှတ် စုပေါင်း လျှောက်ထားခြင်း အခမ်းအနား ကျင်းပရာ ကလောမြို့နယ် မြေစာရင်း ဦးစီးဌာန ဦးစီးမှူး  ဦးသန့်ဇော်ဦး၊ လွယ်အံကျေးရွာ အုပ်စု  လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မြို့နယ် မြေစာရင်း ဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် လက်မှတ် လျှောက်ထားသူ ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးသန့်ဇော်ဦးက လယ်ယာမြေ ဥပဒေနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးခြင်း ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အခွင့်အလမ်း များကို ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဒေသခံ တစ်ဦးချင်း စီသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် လျှောက်လွှာများ ထုတ်ပေးသည်။
အဆိုပါ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ရရှိပြီးပါက တောင်သူများ သည် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်မှ ထွက်ပေါ်လာသော အကျိုးအမြတ် ခံစားခွင့်၊ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချ၊ ငှားရမ်း၊ ပေါင်နှံ၊ လဲလှယ်၊ ပေးကမ်းခွင့်နှင့် အမွေ ဆက်ခံပိုင်ခွင့် စသည့် အခွင့်အရေးများ ရရှိမည် ဖြစ်ကြောင်း သိရသည်။




မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ