ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ကျွန်တော် ဟန်ဆောင်လှဲချခဲ့ဖူးပါတယ်--ဆွာရက်ဇ်

ကျွန်တော် ဟန်ဆောင်လှဲချခဲ့ဖူးပါတယ်လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်က
၎င်းမှာ အသင်း၏နိုင်ပွဲအတွက် ဟန်ဆောင်လှဲချခဲ့ဖူးသည်ဟု ပထမဆုံး အကြိမ်
ဝန်ခံလာခဲ့ပြီး စတုတ်စီးတီးနှင့် ပွဲတွင် ပင်နယ်တီဧရိယာအတွင်း တမင်လှဲချ ခဲ့သည်ဟု ဆိုသည်။ အန်ဖီးလ်တွင် ယှဉ်ပြိုင်ခဲ့သော
အဆိုပါ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး အနိုင်ရလိုသောကြောင့် ဒိုင်ဗင်ထိုးခဲ့သည်ဟု ၀န်ခံခဲ့သော်လည်း ၎င်းမှာ ပင်နယ်တီဧရိယာထဲတွင် လှဲချရန်သာ ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များကို လက်မခံနိုင်ကြောင်း ဆွာရက်ဇ်က ပြောကြားခဲ့သည်။
ကျွန်တော်နဲ့ပတ်သက်ပြီး လူတွေပြောနေကြတဲ့ စကားတွေဟာ ယုတ္တိမတန်တာတွေကို ကျွန်တော် နားထောင်နေမှာ မဟုတ်ပါဘူး။ ဧရိယာထဲရောက်တာနဲ့ ဟန်ဆောင်လှဲချပြီး ပင်နယ်တီယူဖို့ပဲ ကြိုးစားနေတယ်ဆိုတာ တမင်စွပ်စွဲခံရ တာပါ။ စတုတ်နဲ့ပွဲမှာတော့ အနိုင်ရချင်လို့ ကျွန်တော် လှဲချခဲ့တာကို ၀န်ခံပါတယ်။ ဒါပေမဲ့ မီဒီယာတွေဟာ သတင်းစာ
ရောင်းစားဖို့ ကျွန်တော့်နာမည်ကို အလွဲသုံးစားလုပ်ခဲ့တာပါ။ အင်္ဂလန်ဘောလုံးလောကဟာ တောင်အမေရိက ကစား သမားတွေအတွက် နားလည်ရခက်တဲ့ ရပ်ဝန်းပါပဲ
”ဟု ဆွာရက်ဇ်က တုံ့ပြန်ထားသည်။
ထို့အပြင် မန်စ်ဖီးလ်နှင့်ပွဲတွင် ဘောလုံးကို လက်ဖြင့်မတော်တဆ ထိခဲ့မိခြင်းသာဖြစ်ပြီး လက်ကိုနမ်း၍ အောင်ပွဲခံခြင်းကြောင့်ဝေဖန်ခံခဲ့ရခြင်းကို နားလည်သော်လည်း ဝေဖန်မှုများမှာ ၎င်းအတွက် ထိုက်တန်ခြင်းမရှိဟု ဆွာရက်ဇ်က ဆိုခဲ့သည်။



By ရိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ