ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ပိုင်နက် အငြင်းပွား ကျွန်းများ တရုတ် လေ့လာ ဆန်းစစ်မှု ပြုလုပ်မည်


ပေကျင်း ဇန်နဝါရီ ၁၆
တရုတ် နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား သံတမန်ရေးရာ အငြင်းပွားမှု ဖြစ်ပွားနေစဉ် အတွင်း အရှေ့ တရုတ် ပင်လယ် အတွင်းရှိ ပိုင်နက် အငြင်းပွား နေသော ကျွန်းစုများကို လေ့လာ ဆန်းစစ်မှုများ လုပ်ဆောင်လျက် ရှိ ကြောင်း တရုတ် နိုင်ငံက ပြောကြားခဲ့သည်။
အဆိုပါ လေ့လာ ဆန်းစစ်မှုသည် တရုတ် နိုင်ငံ၏ ရေကြောင်း သွားလာမှု ဆိုင်ရာ အခွင့်အလမ်း များနှင့် အကျိုးစီးပွား များကို ထိန်းသိမ်း စောင့်ရှောက်ရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသ တစ်ရပ် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီ တစ်ခု ဖြစ်သည့် ဆင်ဟွာ သတင်း ဌာနက ပြောကြား ခဲ့သည်။
အဆိုပါ ကျွန်းစု များအား တရုတ် နိုင်ငံက တျောင်ယုကျွန်းဟု ခေါ်ပြီး ဂျပန် နိုင်ငံက ဆန်ကာကု ကျွန်းဟု ခေါ်ကြောင်း သိရသည်။
အဆိုပါ လေ့လာ ဆန်းစစ်မှုသည် တရုတ် နိုင်ငံ ပိုင်နက် ဆိုင်ရာ ကျွန်းများနှင့် ကျောက်တန်း များကို မြေပုံ ရေးဆွဲရေး အစီအစဉ်၏ ဒုတိယ အဆင့် ဖြစ်ပြီး ပထမ အဆင့်ကို ၂ဝဝ၉ ခုနှစ်က အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒုတိယ အဆင့် အနေဖြင့် တျောင်ယုကျွန်း အပါအဝင် ကျွန်းများ အားလုံးကို ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘူမိဗေဒ အချက် အလက်နှင့် မြေပုံ ရေးဆွဲရေး လေ့လာမှု ဆိုင်ရာ အမျိုးသား စီမံခန့်ခွဲမှု ဌာန၏ ပြောကြားချက်ကို ကိုးကား၍ အစီရင် ခံစာတွင် ဖော်ပြထားသည်။
သို့ရာတွင် ယင်းလေ့လာ ဆန်းစစ်မှုသည် အချိန်မည်မျှကြာ ပြုလုပ်မည်၊ မည်သည့် အချိန်တွင် ပြုလုပ်သွား မည် ဆိုခြင်းကို ကြေညာ ထားခြင်း မရှိသေးကြောင်း သိရသည်။


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ