ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်ကို ဖော်ထုတ်အရေးယူရန် ပြည်သူ့လွှတ်တော်ဆုံးဖြတ်


ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အင်တာနက်တွေမှာ ဖော်ပြတဲ့ Above the Law ဆိုတဲ့ခေါင်းစဉ်ပါ  ဒေါက်တာဆိတ်ဖွားရဲ့ ပြည်ထောင်စုလွှတ်တော်ကို ဝေဖန်ချက် ဆောင်းပါးကို ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုးရင်ကနေ
စုံစမ်းစစ်ရေးကော်မရှင်ဖွဲ့ပြီး ဒေါက်တာာဆိတ်ဖွားဝက်ဘ်ဆိုဒ်ကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ တင်သွင်းရာမှာ ပြည်ထောင်စုလွှတ်တော်အမတ် ၃၄၇ ဦးက ထောက်ခံလိုက်ပြီး ဒေါက်တာစိုးရင်ရဲ့အဆို အနိုင်ရရှိသွားပါတယ်။
ဒေါက်တာစိုးရင်ရဲ့ ဒေါက်တာဆိတ်ဖွားဝက်ဆိုဒ်ကို စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်အရေးယူ ပေးဖို့အတွက် အဆိုအနိုင်ရရှိသွားတဲ့အတွက် မကြာခင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကနေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတော့မယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ဒီဗွီဘီကိုပြောပါတယ်။
ဒေါက်တာဆိတ်ဖွားရဲ့ဆောင်းပါးမှာ  ပြည်ထောင်စုလွှတ်တော်မှာ စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတနဲ့ ဆန့်ကျင်ဆုံးဖြတ် အတည်ပြုခဲ့တာကို အခြေခံဥပဒေကို လေးစား လိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနဲ့ မညီမှန်းသိလျက်နဲ့ တမင် အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်လိုက်ကြတယ်လို့ စွပ်စွဲထားတာပါ။
ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက “တချို့က ဒါဘယ်သူဆိုတာ၊ ဘယ်ကလုပ်တယ်ဆိုတာ သိနေတယ်ပေါ့။ ပြောချင်တာက တာဝန်မဲ့ ရေးတာပြောတာ၊ သွားပုတ်လေလွင့်ပြောဆိုနေတာတွေ တန့်သွားအောင် ဒီဘက်က တန်ပြန်လိုက်တဲ့ သဘောလို့တော့ တချို့ကပြောကြတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။
ဒေါက်တာဆိတ်ဖွား အင်တာနက်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တွေကို ဝေဖန်တိုက်ခိုက်တဲ့ သဘောထားတွေ ရေးသား ဖော်ပြလေ့ရှိတဲ့  ၀က်ဘ်ဆိုဒ်တခုလည်းဖြစ်ပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ