ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

တပ်မတော်နှင့်ကေအိုင်အေကြား တိုက်ပွဲများ ပိုမိုပြင်းထန်၊ အရပ်သားအချို့သေဆုံး




အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တို့အကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ဇန်န၀ါရီ ၁၄ ရက် နံနက်တွင် တပ်မတော်ဘက်မှ ပစ်လိုက်သောအမြောက်ဆန်သည် ကေအိုင်အိုဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းသို့ ပထမဆုံးအကြိမ် ကျရောက်ပြီး အရပ်သားသုံးဦး သေဆုံးသွားကြောင်း ကေအိုင်အိုပြောခွင့်ရပုဂိုလ် ဦးလနန်နှင့် လိုင်ဇာမြို့ဆေးရုံအုပ်ကြီး ဒေါက်တာ တူးအောင်တို့က ပြောကြားသည်။

ဇန်န၀ါရီ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က လိုင်ဇာမြို့တွင်း ဖာချန်ရပ်ကွက်သို့ ၁၀၅ မမ အမြောက်ဆန် လေးကြိမ်ကျရောက်ခဲ့ပြီး အမြောက်ဆန်ထိမှန်သဖြင့် အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး အပါအ၀င် အမျိုး သားသုံးဦး သေဆုံးသွားပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးဒဏ်ရာ
ပြင်းထန်စွာရခဲ့ကြောင်း လိုင်ဇာမြို့ဆေးရုံအုပ်ကြီး ဒေါက်တာတူးအောင်က သေဆုံး၊ ဒဏ်ရာရသူများနှင့် ပတ်သက်၍ 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
အစိုးရအဖွဲ့မှ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထိုကိစ္စနှင့်ပတ်သက်ပြီး ဇန်န၀ါရီ ၁၄ ရက် နံနက်ပိုင်းတွင်  တပ်မတော်ဘက်မှ လဂျားယန်တစ်ဝိုက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု လုံးဝမရှိဘဲ ထိုဒေသသို့  လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုများလည်း မရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်ဟု ဖြေကြားသည်။
လိုင်ဇာမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေခြင်းကြောင့် ထိုပေါက်ကွဲမှုသည် တပ်မတော်မှ ပစ်ခတ်မှုလား၊  အခြားမတော်တဆပေါက်ကွဲမှုလား၊ မည်သို့ဖြစ်သည်ကို လွတ်လပ်သော အတည်ပြုချက်များ ရရန်လိုကြောင်း
7Day News ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
နှစ်ဖက်တိုက်ပွဲများမှာ ဇန်န၀ါရီလဆန်းကစ၍ ဖြစ်ပွားမှု စိပ်လာခဲ့ပြီး ဇန်န၀ါရီ ၁ ရက်မှ ဇန်န၀ါရီ ၁၅ ရက်အထိ ၁၅ ရက်အတွင်းမှာပင် တိုက်ပွဲပေါင်း ၁၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းများတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ ကေအိုင်အေဘက်မှ မိုင်းထောင်ဖောက်ခွဲမှုများ ရှိခဲ့ပြီး ဇန်န၀ါရီ ၉ ရက် နဘား-မြစ်ကြီးနားရထား မိုင်းခွဲခံရခြင်းကြောင့် ရဲတပ်သားတစ်ဦးနှင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ ဇန်န၀ါရီ ၁၀ရက် ဆွမ်ပရာဘွမ်မြို့နယ်၊ ဇာနန်တံတားအနီးတွင် ကေအိုင်အေဘက်မှ ထောင်ထားသော မိုင်းနင်းမိသဖြင့် ဒေသခံတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း အစိုးရဘက်မှ သတင်းထုတ်ပြန်သည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲများ ကြာမြင့်လာလေ အထိခိုက် အနာတရများရှိလာလေလေဖြစ်ပြီး အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်။  တစ်လကျော်ကြာကာလအတွင်းမှာပင် သေဆုံးသူ၊ ဒဏ်ရာရသူဦးရေမှာ များပြားလာ
ပြီး လူအသေအပျောက် အများဆုံးနှင့် ထိခိုက်မှုအပြင်းထန်ဆုံး တိုက်ပွဲများဖြစ်လာခဲ့သည်။
အစိုးရဘက်မှ လေကြောင်းကူတိုက်ခိုက်ခဲ့သည်မှာ ဇန်န၀ါရီ ၁၃ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဇန်န၀ါရီ ၁၁ ရက်က မြစ်ကြီးနားနှင့် မိုင် ၂၀ အကွာတွင် စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျကာ ရဟတ်ယာဉ်၌  ပါရှိသည့် အရာရှိလေသူရဲနှစ်ဦးနှင့် ပျံသန်းရေးတပ်ကြပ်ကြီးတစ်ဦးတို့ သေဆုံးသွားကြောင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုစစ်ရဟတ်ယာဉ် ပျက်ကျမှုမှာ ကေအိုင်အေဘက်မှ ပစ်ချမှုကြောင့် အင်ဂျင်ထိမှန် ပျက်ကျသည်ဟု ပြောကြားခြင်းကို အစိုးရဘက်မှ ငြင်းဆိုလိုက်ပြီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားနေမှုနှင့် အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်နာကြည်းမှုများကြောင့်   အခြေအနေမှာ ပိုမိုရှုပ်ထွေးလာမည်ကို စိုးရိမ်ကြောင်း ကချင်စစ်ပွဲများအရေး လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။
တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် လိုင်ဇာမြို့အနီး လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်လိုလို ရှိနေခြင်းကြောင့် စစ်ပွဲများရပ်တန့်ရေးအတွက် ဒေသခံများသည် ဇန်န၀ါရီ ၉ရက် ညကလိုင်ဇာမြို့တွင်းသို့ လှည့်လည်လမ်း
လျှောက် ဆုတောင်းခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ကာလဖြစ်သော ဇန်န၀ါရီ ၁၀ ရက် (ကချင်ပြည်နယ်နေ့)တွင်  တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌  နေထိုင်ကြသော ကချင်မျိုးနွယ်စုများက  လိုင်ဇာမြို့နှင့် ချောင်းတစ်ခုသာခြားသော တရုတ်
နိုင်ငံနားပန်မြို့သို့ လာရောက်ကာ တစ်ဖက်ကမ်းရှိ ဒေသခံများကို အားပေးသည့် လှုပ်ရှားမှုတစ်ခုလည်း ပြုလုပ်ခဲ့ကြကြောင်း လိုင်ဇာဒေသခံများထံမှသိရသည်။
၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေတို့ ကြား တိုက်ပွဲများမှာ ယခုဆိုလျှင် တစ်နှစ်နှင့် ခုနစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။


7 day news

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ