ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ဥာဏ်ကြီးရှင်တို့ရွာ


ဥာဏ်ကြီးရှင်တို့ရွာ
climb
ကျုပ်တို့ရွာမှာ ရွာလုံးကျွတ် ရဟန်းခံရှင်ပြု အလှူကြီးပေးတုန်းကပေါ့…. အလှူမဏ္ဍပ်မှာ တစ်ရွာလုံးက လူကြီးတွေက ၀ိုင်းကူကြ ချက်ပြုတ်ကြနဲ့ အလုပ်ရှုတ်နေတုန်း ကလေးတွေကလည်း ဂျွမ်းပျံအောင် ပြေးလွှားဆော့ ကစားနေကြတာ မျက်စိကို နောက်ရောပဲပေါ့… နောက်ဆုံး မျက်စိနောက် သက်သာအောင် ရွာလူကြီးတစ်ဦးဖြစ်တဲ့ အူးကြက်က
ပဲကြီးလှော်တွေ အများကြီးဝယ်လာပြီး မျောက်လောင်း လေးတွေကို ဝေပေးတာပေါ့….. အဲဒီအချိန်မှာ မျောက်လောင်းဗိုလ် အိုဝင်ပေါက်စက ပဲကြီးလှော်ကို ကောင်းကောင်းမယူပဲ မဏ္ဍပ်တိုင်ကိုဖတ်ပြီး ယူတယ်လေ… သူ့လက်ခုပ်ထဲကိုလဲ ပဲကြီလှော် ထည့်ပေးလည်းပြီးရော အဲမှာ ပြသနာစ တက်တော့တာပဲ…
.
တိုင်ကိုဖတ်ထားတော့ သူ့လက်ကိုလဲ ပြန်ရုတ်လို့မရ လက်ထဲမှာလဲ ပဲကြီးလှော်တွေ အပြည့်နဲ့ဆိုတော့ လက်ကိုလဲ ဖြုတ်လို့မရနဲ့ ဒုက္ခတွေ များနေတော့တာ …. အချိန်ကကြာလာတာနဲ့အမျှ ကလေးက လက်ညောင်းလို့ ငိုတော့ … လူကြီးတွေလည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေတယ်လေ.. မဏ္ဍပ်ထဲမှာ နာဂစ်တိုက်နေတဲ့အတိုင်းပဲပြေးလွှားနေလိုက်ကြတာ မြင်လို့တောင်မကောင်းဝူး…… အဲဒီ အချိန်မှာပဲ ရွာသူကြီး ဦးလင်းထက်ရောက်လာတော့ အားလုံးက အားကိုးတကြီးနဲ့ သူကြီးရယ် ကယ်ပါဦးပေါ့… သူဂျီးလည်း အခြေအနေကို တစ်ချက်ကြည့်ပြီး ဆုံးဖြတ်ပေးလိုက်တာက…
သူကြီး ။ ။ ဒါလေးများကွာ မင်းတို့ကလဲ လွယ်လွယ်လေးကို ခက်နေကြတယ် ဒီမှာကြည့် ငါပြောမယ်… တိုင်ကို ကလေးလက်ရဲ့ အပေါ်နဲ့ အောက်တစ်ချက်ဆီက ဖျတ်လိုက် အဲဒါဆို ကလေးလက် ထုတ်လို့ရပြီပေါ့ကွ….
ရွာသားများ ။ ။ ဟာ ဟုတ်လိုက်လေ… ကျေးဇူးကြီးပါပေ့သူကြီးမင်းရယ် … သူကြီးသာ မကယ်ရင် ဒီကလေး လက်ဖြတ်ပစ်ရမှာ … ဒီလောက်ဥာဏ်ကြီးလို့လဲ သူကြီးမင်းဖြစ်နေတာပေါ့… :P
………………………………… ။ ………………………………….. ။ ………………………………….. ။…………………………..
ဆရာကောင်း
Untitled
ကျောင်းဆရာ အိုးကီးတစ်ယောက် သူ့တပည့် ထုတင် (ခေါ်) တွန်းတင်ကို စာသင်ပေးနေတယ်….
အိုးကီး ။ ။ ငါ့တပည့်ရေ ဟောဟိုကဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ
ထုတင် ။ ။ ဟုတ်ကဲ့ဆရာ
အိုးကီး။ ။ ဘယ်လိုနေလဲကွ
တွန်းတင်။ ။ ဘယ်လိုမှ မနေဘူးဆရာ
အိုးကီး။ ။ အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် အန္တရာယ်ရှိတယ်…




 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ