ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ယူနိုက်တက်ကို ခြေစွမ်းကောင်း တွေနဲ့ ပြန်လာဖို့ မျှော်လင့်နေတဲ့ ဘီဘီ


Bebe-Manchester-United-v-Cape-Town_2799318
မန်ယူအသင်းရဲ့ ပေါ်တူဂီ လူငယ်တိုက်စစ်မှူးလေး ဘီဘီက ၎င်းအနေဖြင့် အငှားထွက် ကစားပြီး ခြေစွမ်းကောင်းများဖြင့် အိုးထရက်ဖို့ဒ် အသင်းဆီသို့ ပြန်လာနိုင်ရန် မျှော်လင့်ထားကြောင်း
ဖွင့်ဟ လိုက်ပါတယ်။ ဘီဘီဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ ကလပ် ရီယို အေဗီ အသင်းကို အငှားဖြင့် ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ လိဂ်ဖလား ပွဲမှာတော့ ရီယိုအေဗီ အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
အသက်၂၁အရွယ် အဆိုပါ ပေါ်တူဂီ ကစားသမား လေးကို 2010ခုနှစ်မှာ ဆာအဲလက်စ်က လက်ထောက်နည်းပြဟောင်း ကားလို့စ် ကွီရော့ဇ်ရဲ့ အကြံဥာဏ်ပေးမှုနဲ့အတူ ပေါင် ၇သန်းကျော်နဲ့ အိုးထရက်ဖို့ဒ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘီဘီဟာ မန်ယူအသင်းကြီး အတွက် ၇ပွဲသာ ပွဲထွက်ကစားခွင့် ရထားခဲ့ပြီး နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ကာ ကျန်တဲ့အချိန်မှာတော့ အငှားကစားခြင်း ဖြင့်သာ အချိန်ကုန်ဆုံး နေခဲ့တာ ဖြစ်ပါတယ်။
ဘီဘီက “ ဆာအဲလက်စ်က ကျွန်တော့ အနေနဲ့ အသင်းက ထွက်ခွာပြီး ပုံမှန်ကစားခွင့် ရနိုင်မဲ့ အသင်းတစ်သင်းကို အငှားသွားရောက်ဖို့ အကြံပြု ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ အနာဂါတ်မှာ အိုးထရက်ဖို့ဒ်ကို ခြေစွမ်းကောင်း တွေနဲ့ ပြန်သွားနိုင်ဖို့ မျှော်လင့် ထားပါတယ်။ ပြီးခဲ့တဲ့ အချိန်တွေကိုတော့ ကျွန်တော့မှာ ဒဏ်ရာတွေနဲ့ပဲ ကျော်ဖြတ် ခဲ့ရပါတယ်။ အခုတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာပြီ ဖြစ်လို့  အကောင်းဆုံး ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အမြဲတမ်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရင်း ကစားပွဲတွေ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီကိုလာရတာ တကယ်ကို ကောင်းမွန်ပြီး အသင်းကို ဘာတွေလုပ်ပြ နိုင်လဲဆိုတာ သက်သေပြနိုင်အောင် ကြိုးစား သွားပါ့မယ်။ ” လို့ ဆိုသွား ခဲ့ပါတယ်။


FFMC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ