ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

အသင်းရဲ့ ခံစစ်အတွဲကို ချီးကျူးခဲ့တဲ့ ဆာအဲလက်စ်



မန်ယူအသင်းရဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ မနေ့က ၀က်စ်ဟမ်းအသင်းကို ၁-၀နဲ့ အနိုင်ရရှိခဲ့တဲ့ FAဖလား ပွဲစဉ်မှာ အသင်းရဲ့ ခံစစ်အတွဲ ဖြစ်တဲ့ ဖီးလ်ဂျုံးစ်နဲ့ စမောလင်းတို့ရဲ့ ခြေစွမ်းနဲ့
ပတ်သတ်ပြီး ချီးကျူးပြောဆိုမှု ပြုလုပ် ခဲ့ပါတယ်။ မန်ယူအသင်းဟာ အဆိုပါပွဲစဉ်မှာ ၀ိန်းရွန်နီရဲ့ ၉မိနစ်မှာ သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျုံးစ်နဲ့ စမောလင်းဦးဆောင်တဲ့ မန်ယူအသင်းရဲ့ ခံစစ်ဟာလည်း တဖက်ရှေ့တန်း တိုက်စစ်မှူးတွေရဲ့ ထိုးဖောက်မှုများကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး ပေးဂိုးမရှိ ရလဒ်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
ဆာအဲလက်စ်က ” ဂျုံးစ်နဲ့ စမောလင်း တို့ရဲ့ စွမ်းဆောင်ရည် တွေက မနေ့က ပွဲစဉ်မှာ ပြောစရာ မလိုအောင် ကောင်းမွန် ခဲ့ပါတယ်။ သူတို့ရဲ့ ခြေစွမ်းတွေကြောင့် ကျွန်တော် အရမ်းပဲ ၀မ်းမြောက်မိပါတယ်။ သူတို့နှစ်ဦးဟာ ဒဏ်ရာတွေကြောင့် အနားယူ နေခဲ့ရလို့ ပွဲတွေ ကစားဖို့ လိုနေပါတယ်။ ဒါကြောင့် မနေ့က ပွဲစဉ်မှာ သူတို့ကို ထည့်သွင်းပြီး ကူညီပေး နိုင်ခဲ့ပါတယ်။ နောက်ထပ်ပြီးတော့ နာနီ ၊ ရွန်နီ ၊ အန်ဒါဆန် ၊ ဘတ်တနာ တို့ဟာလည်း ပွဲတွေ ကစားဖို့ လိုနေပါတယ်။ အခုတော့ ကစားသမား ၆ဦးလောက်ဟာ သူတို့ရဲ့ ဆိုးရွားတဲ့ အချိန်ကာလကို ကျော်ဖြတ်ပြီး လာမဲ့စပါးပွဲစဉ်နဲ့ ရီးရဲလ် ပွဲစဉ်တွေ အတွက် အသင့်ဖြစ် နိုင်တော့မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက် သတင်းကောင်း တစ်ခုပါပဲ။
ဒီနေ့ည ပွဲစဉ်မှာ ကျွန်တော်တို့ အနေနဲ့ အခွင့်အရေး တစ်ချို့ကို လွဲချော် ခဲ့ရပေမဲ့ အကောင်းဆုံး ကစားနိုင် ခဲ့ပါတယ်။ ပထမပိုင်းအပြီး ပြန်စတဲ့ ၁၅မိနစ်လောက်ကတော့ အခက်ခဲဆုံး ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ၀က်စ်ဟမ်းဟာ ဂိုးဧရီယာထဲ ဘောလုံးပေးပို့ပြီး အကောင်းဆုံး ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂိုးမပေးရအောင် ထိန်းသိမ်း နိုင်ခဲ့ပြီး ဒီအခြေအနေ တွေအတွက် အကောင်းဆုံး စွမ်းဆောင် ပေးခဲ့တဲ့ နောက်ခံလူ နှစ်ယောက်ကို ချီးကျူး ရမှာပါပဲ။ ” လို့  ဆိုသွားခဲ့ပါတယ်။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ