ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ဒိုင်ဗင်သမားများ ကို ဝေဖန် ပြောကြားခဲ့တဲ့ ဆာ အဲလက်စ်


SetWidth638-Screen-shot-2013-01-17-at-10.39.40
မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဖာဂူဆန် က ကစားပွဲအတွင်း ဟန်ဆောင် ဒိုင်ဗင်ထိုးသူများကို ရှုံ့ချကြောင်း၊ ဒိုင်ဗင်ထိုးပြီး လှည့်စားမှုကြောင့် လူငယ်ကစားသမားများ အတွက် အတုယူမှားနိုင်ကြောင်း ပြစ်တင် ပြောကြားသွားခဲ့သည်။ မန်ယူ နည်းပြ ဖာဂူဆန် သည် ဒိုင်ဗင်သမားများ
အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ဖြစ်ပြီး သူ၏ အသင်းသား ဖြစ်သည့် အက်ရှလေယန်း ကိုလည်း ဟန်ဆောင် ဒိုင်ဗင်ထိုးသည့် အတွက် လူသိရှင်ကြား ပြစ်တင်ခဲ့သူ ဖြစ်ပြီး အသင်း၏ ဂုဏ်သိက္ခာ ကို လေးစားလျှင် ဒိုင်ဗင် မထိုးသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် ဒိုင်ဗင်သမား အဖြစ် နာမည်ကျော်နေသည့် လီဗာပူးလ် တိုက်စစ်မှုး လူးဝစ် ဆွာရက်စ် က မန်ယူ အသင်းသည် မီဒီယာများအား ကြိုးကိုင် ချယ်လှယ်နေကြောင်း ဝေဖန်ခဲ့ပြီး မိမိ အနေဖြင့် အသင်း အနိုင်ရရှိရေး အတွက် ဒိုင်ဗင် ထိုးသင့်လျှင် ဟန်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း အပေါ် ဖာဂူဆန် က ယခုလို ပြန်လည် တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆာ အဲလက်စ် က “အသင်းက ကစားသမား တစ်ယောက်ရဲ့ ပြုမှုပုံက အသင်း အပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။ အသင်းရဲ့ ဂုဏ်သိက္ခာကို လေးစားမှု ရှိရင် ဒါမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ကစားကွင်းထဲက ကစားသမားတွေဟာ လူငယ်တွေ အတွက် စံပြ ဖြစ်နေရပါမယ်။ အခုလို ဟန်ဆောင်မှုတွေ ကို အတုယူခဲ့ရင် အနာဂတ် ကစားပွဲတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။” ဟု တုံ့ပြန် ပြောကြားသွားခဲ့ကြောင်း သိရသည်။



FFMC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ