ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေရပ်ဖို့  ရုရှားနိုင်ငံခြားရေးဝန်ကြီးတောင်းဆို


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေ အားလုံး မလိုအပ်တော့ဘူးလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလ်ာဗ်ရော့က ဇန်န၀ါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ရုရှား  RIA သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလ်ာဗ်ရော့
ရုရှားနိုင်ငံခြားရေးဝန်ကြီးက လက်ရှိအခြေအနေတွေမှာ မြန်မာနိုင်ငံအပေါ် ဘယ်လို
ပိတ်ဆို့ဒဏ်ခတ်မှုတွေမျိုးမှ ကျိုးကြောင်းဆီလျော်မှု မရှိတော့ဘူးလို့ ပြောကြားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ရုရှားဝန်ကြီးနဲ့အဖွဲ့ဟာ နေပြည်တော်မှာ  မနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ  နှစ်နိုင်ငံအကြား  ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့  နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒါ့ပြင် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားသတင်းတွေမှာတော့ နှစ်နိုင်ငံအကြား စီးပွားရေးကောင်စီအဖွဲ့တခု ဖွဲ့စည်းတည်ထောင်ဖို့ မကြာခင်မှာ သဘောတူ စာချုပ်ချုပ်ဆိုဖို့ ရှိတယ်လို့ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ