ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 February 2013

ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်


ဘတ်ဂျက် လျာထား ငွေများ ပြန်လည် စိစစ်ပြီး ဥပဓိရုပ် မကောင်းသည့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်သည့် ကျောင်းများအတွက် လွှဲပြောင်း အသုံးပြု ဆောင်ရွက် သွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ အစည်းအဝေး တွင် ဇလွန် မဲဆန္ဒနယ်မှ  ဦးတင်ထွတ်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ရာ လွှတ်တော်က အဆိုအတည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦး အသတ်ခံရ ================================  ၁၉၇၁ခုက ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ အတွင်း ပါကစ္စတန်နဲ့ ပူးပေါင်းပြီး လူမျိုးတုန်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သူ အစွန်းရောက် ဘာသာရေးခေါင်းဆောင် 'အဘူကွာဒါမိုလာ' ကို သေဒဏ်ပေးရန် တောင်းဆိုမှုတွေမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ပြီး ဘင်္ဂလားက ဘာသာရေး အစွန်းရောက် ပါတီ ဖြစ်တဲ့ ဂျမားအတ် အလ် အစ္စလာမ္မီ ပါတီ အပေါ် မကြာခဏ ဝေဖန်ရေးသားခဲ့သူ ဘလော့ဂါ 'အာမက်ရာဂျစ်ဟလ်ဒါ'ဟာ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခြင်းခံခဲ့ရပါတယ်။  ပိသုကာ တစ်ဦးဖြစ်သူ ရာဂျစ်ဟာ 'သာဘာ ဘာဘာ' အမည်ဖြင့် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲ နှင့် ဂျမားအတ်ပါတီတို့ အကြောင်းတွေ ကို အမာဘလော့ [http://www.amarblog.com/] မှာ ဝေဖန် ရေးသားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူရဲ့အလောင်းကို သူနေထိုင်ရာ အိမ်ရှေ့ဂိတ်ဝ ရဲ့ ၆ပေ ၇ပေ အကွာမှာ တွေ့ခဲ့တာဖြစ်ပြီး မျက်နှာပေါ်မှာ ဓားထိုးရာတွေ ဗလဝနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့ အစပိုင်းမှာ သူဖြစ်မှန်းမသိခဲ့ ကြဘူးလို့လည်း သတင်းမှာ ရေးသားထားပါတယ်။  ဒေသခံ အမတ်တစ်ဦးဖြစ်သူ အီလီယာအူဒင်မိုလာ ကတော့ ဒီလူသတ်မှုမှာ ဂျမားအတ် ပါတီဝင်တွေရဲ့ လက်ချက် မကင်းဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းကတော့ လူသတ်မှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အသတ်ခံရချိန်မှာ ရာဂျစ်ဟာ အသက် ၃၀ ရှိပါပြီ။ ရာဇဓိရာဇာ
၁၉၇၁ခုက ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ အတွင်း ပါကစ္စတန်နဲ့ ပူးပေါင်းပြီး လူမျိုးတုန်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သူ အစွန်းရောက် ဘာသာရေးခေါင်းဆောင် 'အဘူကွာဒါမိုလာ' ကို သေဒဏ်ပေးရန် တောင်းဆိုမှုတွေမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ပြီး ဘင်္ဂလားက ဘာသာရေး

ဒုက္ခသည်များကို ကော်မတီဖွဲ့ လက်ခံရန် စီစဉ်နေ







ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အာဏာပိုင်များက ကော်မတီဖွဲ့၍ လက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ

“ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။“  ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-  မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့် နယ်မြေ ဆက်စပ်လျက် ရှိသောကြောင့် ပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံကူးလူး သွား လာ ဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။   သမိုင်းကြောင်းကို ပြန်ပြောင်းလေ့ လာကြည့်‌မယ်ဆိုလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည် နယ်နှင့် တနင်္သာရီဒေသတို့ အား အင်္ဂလိပ် ကိုလိုနီ လက်အောက် ကျရောက် ခဲ့စဉ်က ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်း ခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသ အား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူစလင်များ အများအပြားဝင်ရောက်အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။  ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှ လက်‌အောက် ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်း များ ဖောက်လုပ်ခြင်း၊ သ‌င်္ဘောဆိပ်များတွင် ကုန်တင်ကုန်ချ လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများ လိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် အကြောင်း များကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်းဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြပါတယ်။   ၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိ စပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။  ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။   ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံ တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်း များတွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။   ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာဖြစ်ပါတယ်။  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မပါရှိခဲ့ပါ။   ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသား မှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် မှ ခေတ်အဆက်ဆက်ကရောက် ရှိနေထိုင်လာခဲ့သူများမှာ မူစလင်လူမျိုး ဟု ရေးသွင်း ခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် ပုံစံ(၁) များတွင် ဘင်္ဂါလီလူမျိုး အဖြစ် သာ မှတ်တမ်းတင်ခဲ့ပါ ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်းတင်ထားရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်ခင်ဗျား။   အားလုံးကို ကျေးဇူးတင်ပါတယ်။  သတင်းအရင်းအမြစ် ။ ။ ပြည်သူ့လွှတ်တော်
ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင်




ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၅၆၈ သန်းကျော် ရသော်လည်း လျာထားချက် မပြည့်နိုင် Thursday, February 21, 2013  မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည် မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။  “ဘဏ္ဍာနှစ်အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်း လုပ်ကိုင်လျက် ရှိပါတယ်။ ဘတ်ဂျက်နှစ် ကုန်ဖို့ တလခွဲလောက်ပဲ လိုပါတော့တယ်။ အခုရရှိထားတာက အမေရိကန်ဒေါ်လာ ၅၆၈.၃၁၉ သန်း ရရှိထားတာဆိုတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ မပြည့်နိုင်ပါဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦိးဟန်ထွန်း က ပြောသည်။  အဆိုပါ ဒေါ်လာ ၅၆၈ သန်းကျော်မှာ ပုံမှန်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၂၇ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများက ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ သိရသည်။  “နယ်စပ် ကုန်သွယ်ရေး စခန်းတွေအလိုက် ရေထွက်ကုန် တင်ပို့မှုကို ကြည့်ရင် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၉၇.၇၉၂ သန်း၊ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းက အမေရိကန်ဒေါ်လာ ၉.၄၂၅ သန်း၊ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းကနေ အမေရိကန် ဒေါ်လာ ၂၅.၉၆၃ သန်း ရရှိခဲ့ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။  ထို့အပြင် စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၄.၉၃၂ သန်း၊ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၉၈.၃၉ သန်း၊ မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၄၀.၀၀ သန်း၊ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၀.၁၃၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။  “မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေချို-ရေငန် ငါးတွေကို အဓိက တင်ပို့နေတယ်။ ငါးရှဥ့်၊ ဂဏန်း၊ အလှမွေးငါး၊ ပုစွန်နဲ့ ပင်လယ်ရေမှော် တွေကိုလည်း တင်ပို့နေပါတယ်” ဟု ရေထွက်ကုန် တင်ပို့သူ ဦးသန်းလှ က မဇ္ဈိမကို ပြောပြသည်။  ခင်မျိုးသွယ် မဇ္ဈိမမြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၅၆၈ သန်းကျော် ရရှိခဲ့သော်လည်း ဘဏ္ဍာနှစ်လျာထားချက်ကိုမူ ပြည့်မီနိုင်မည်မဟုတ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ