ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 September 2012

ပွင့်လင်းရာသီကာလ ထီထိုးအားမျှော်မှန်း၍ ယခုလတွင် ထီအက္ခရာ ၃၃ လုံးအထိ တိုးထုတ်ထား





5249ပွင့်လင်းရာသီကာလ ထီထိုးအားကို မျှော်မှန်း၍ ပြီးခဲ့သည့် သြဂုတ်လအတွင်းက အောင်ဘာလေ ထီအက္ခရာကို   “က”မှ “ဟ”အထိ ၃၁ လုံးဖြင့် ထုတ်လုပ်ရောင်းချခဲ့သော်လည်း ယခုလတွင် ထီအက္ခရာကို “က”မှ “အ” အထိ အလုံးပြည့် ၃၃ လုံးအထိ တိုးထုတ်ခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ထီအက္ခရာ ၃၁ လုံးတွင် ထီအစောင်ရေ ၂၇၈ သိန်းကျော်ရှိပြီး ထီအက္ခရာ ၃၃ လုံးတွင်မူ
ထီအစောင်ရေ  ၂၉၆ သိန်းကျော် ရှိသောကြောင့် ယခုလတွင် ထီစောင်ရေကို သိန်းနှစ်ဆယ်နီးပါး တိုးမြှင့်ထုတ်လုပ် ထားသည်ဟု သိရသည်။
“လာမည့် ပွင့်လင်းရာသီအတွက်ကို မျှော်မှန်းပြီးတော့ ထီအက္ခရာကို ၃၃ လုံးအထိ အလုံးပြည့် တိုးထုတ်ခဲ့တာပါ။ ထီအက္ခရာ တိုးထုတ်ခြင်းအားဖြင့် ထီဈေးကွက်မှာ ဈေး နှုန်းကို မတက်အောင် ထိန်းလိုက်တဲ့ သဘောလည်း ရှိပါတယ်။ ဟို အရင်က ထီဈေးကွက်မှာ ထီတစ်စောင်ကို ကျပ် ၄၀၀ လောက်အထိ ဖြစ်ဖူးတယ်။ ထီအက္ခရာတိုးထုတ်တဲ့အတိုင်း ဈေးကွက်မှာ ထီအကုန် ရောင်းရရင်တော့ ထီဆုမဲတွေကို တိုးပြီးပေးသွားမှာပါ”ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ သည်။
ထီဆုမဲများ ပြန်လည်ခွဲဝေရာ တွင် ယခုထုတ်လုပ်ခဲ့သည့် ထီအစောင်ရေ ၂၉၆ သိန်းလုံးအကုန် ရောင်းချနိုင်ပါက ထီတစ်စောင် လျှင်ကျပ် ၂၀၀ နှုန်းဖြင့် မြှောက်ကာရရှိသော ငွေကြေးများ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ခွဲဝေပေး သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကိုမူ နိုင်ငံတော်အခွန် ငွေအဖြစ် ပေးသွင်းသွားမည်ဟု သိရသည်။ ပြီးခဲ့သည့်သြဂုတ်လက ထီဈေးကွက်တွင် ထီအက္ခရာ ၃၁ လုံး(ထီစောင်ရေ  ၂၇၈ သိန်းကျော်  ထုတ်လုပ်ဖြင့်ရောင်းချခဲ့ကာ ထီရောင်းရငွေ ကျပ်သန်းပေါင်း ၅၅၀၀ ကျော်ဖြစ်ကြောင်း၊ ယင်းရောင်းရငွေ ထဲမှ၆၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း ၃၀၀၀ ကျော်(ထီဆုမဲ ၁၈၀၃၁ ဆု) ကို ထီဆုမဲများအနေ ဖြင့် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ ထီအက္ခရာ တိုးထုတ်ထားသော်လည်း ထီဈေးကွက်တွင် မိုးရာသီဖြစ်သောကြောင့် ထီထိုးအားမှာ ပုံမှန်သာရှိနေကြောင်း ထီဆိုင်ကြီးများထံမှ စုံစမ်းသိရှိရ သည်။
“မိုးရာသီကာလဖြစ်တော့ ထီထိုးအားက ပုံမှန်လောက်ပါပဲ။ အရမ်းအကောင်းကြီးမဟုတ်ပါဘူး။  ဒါပေမဲ့ ထီအစောင်ရေ တိုးထားတော့ ထီဈေးကိုတက်လို့ မရဘူးပေါ့ဗျာ။ အခုထီဈေးကွက်မှာ ကျွန်တော်တို့ ဖြန့်တာက လက်ကားဈေးကျပ် ၂၁၀ ဖြန့်တယ်။ လက်လီကတော့ ကျွန်တော်တို့ ၂၇ လမ်းပင်ရင်းဆိုင် မှာ ကျပ် ၂၂၀၊ ၂၃၀ နဲ့ရောင်းတယ်။ ဒီလတော့ ထီအက္ခရာကိုအလုံး ပြည့်ထုတ်ထားတယ်။ အရင်ကဆို ထီအက္ခရာကို ၃၈ လုံးလောက်အထိ ထုတ်ဖူးတယ်”ဟု အောင်ဆုထူးပိုင် ထီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
သို့သော် ယခုရောင်းချနေသော ထီများလကုန်ပိုင်းထီများရောင်းချ၍ မကုန်ပါကမူ ဈေးနှုန်းများကို လျှော့၍ ရောင်းချမှုများ ပြုလုပ်ရသည်ဟု သိရသည်။


elven media

facebook မှကြည့် ချင်ရင် like လုပ်ပါ