ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 September 2012

ဆိုမာလီယာသမ္မတသစ် ရွေးချယ်ခံရပြီး နှစ်ရက်အကြာတွင် လုပ်ကြံခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်




ဆိုမာလီယာသမ္မတသစ်ဟာဆန် ရှိတ်ခ်မိုဟာမက်သည် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၁၂ ရက်တွင် မြို့တော်မို ဂါဒစ်ရှူး၌ လုပ်ကြံခံရသော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဆိုမာလီယာသမ္မတသစ်သည် ဂျာဇီရာနန်းတော်ဟိုတယ်တွင် အစိုးရ အကြီးတန်းတာဝန်ရှိသူများနှင့် ဆွေးနွေးပွဲပြုလုပ်နေစဉ် အသေခံဗုံးခွဲသူနှစ်ဦးက ဟိုတယ်ဝင်ပေါက်တွင် ကိုယ့်ကိုယ်ကိုယ်
အသေခံဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာ အနီးရှိနေခဲ့ သော သမ္မတသတင်းထုတ်ပြန်ရေးအရာရှိနှင့် သတင်းထောက်အများအပြားက ပြောကြားခဲ့သည်။ အသေခံဗုံးခွဲမှုကြောင့် ဆိုမာလီယာအစိုးရစစ်သား အနည်းဆုံးလေးဦးနှင့် အာဖရိကသမဂ္ဂ စစ်သားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု  ယင်းနေရာသို့ ရောက်ရှိခဲ့သော သတင်းထောက်များက ပြောကြားခဲ့သည်။ ဗုံးခွဲမှုဖြစ်ပွားချိန်က ကင်ညာနိုင်ငံခြားရေးဝန်ကြီး ဆမ်အွန်ဂီရီလည်း ယင်းဟိုတယ်တွင် ရောက်နေကြောင်း သိရသည်။
အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းနေသော အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘားက ယင်းဗုံးခွဲမှုများကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဗုံးခွဲမှုများအပြီး ချက်ချင်းထုတ်ပြန်ခဲ့သည်။
ယင်းအဖွဲ့ကသမ္မတရွေးကောက် ပွဲကို ပယ်ချခဲ့ပြီး ယင်းမှာ အနောက် နိုင်ငံများ၏အကွက်ဆင်ခြင်းဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ အစိုးရသစ်ကို ဆန့်ကျင်ကန့်ကွက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ယင်းအဖွဲ့သည် အနောက်နိုင်ငံများက ကျောထောက်နောက်ခံပြုထားသော ဆိုမာလီယာအစိုးရကို တိုက်ခိုက်မှုပြုလုပ်လာခဲ့သည်မှာ ငါးနှစ်မျှရှိပြီဖြစ်သည်။ သမ္မတသစ်အစိုးရကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ယင်းအဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းထိုင် မည်ဟု မျှော်လင့်ချက်မှာ အားလျော့သွားစေခဲ့သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အသက် ၅၆ နှစ်ရှိ မိုဟာမက်ကို ဆိုမာလီယာလွှတ်တော်အမတ်များက စက်တင်ဘာလ ၁၀ ရက်တွင် သမ္မတအဖြစ် ရွေးချယ်ခဲ့ကြသည်။  မိုဟာမက်မှာ လက်ရှိသမ္မတရှာရစ်ဖ် ရှိတ်ခ်အာမက်ကို မမျှော်လင့်ဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။ လက်ရှိအစိုးရမှာ အကျင့်ပျက်ခြစားမှုများဖြင့် နာမည်ပျက်ရှိနေကြောင်း သိရသည်။
ဆိုမာလီယာတွင် လွန်ခဲ့သော ၂၁ နှစ်ခန့်က အာဏာရှင် Mohamed Siad Barre ရာထူးမှဖြုတ်ချခံရပြီး နောက်နိုင်ငံမှာ ၀ရုန်းသုန်းကား အခြေအနေကြုံခဲ့ရသည်။ အာဏာရှင်ဖြုတ်ချခံရပြီးနောက် စစ်ဘုရင်များ၊ စစ်သွေးကြွများသည် အပြိုင်အဆိုင် အာဏာလုခဲ့ကြပြီး ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။
ယင်းအချိန်မှစပြီး ဆိုမာလီယာအစိုးရမှာ အာဏာသက်ရောက်မှုမရှိတော့ဘဲ ယိုင်နဲ့နဲ့ဖြစ်နေသော အသွင်ကူးပြောင်းရေး ပြည်ထောင်စုအစိုးရ ထိန်းချုပ်မှုအောက်တွင် နေထိုင်ခဲ့ရသည်။ ယခုကဲ့သို့ သမ္မတသစ်ရွေးချယ်နိုင်ခဲ့မှုမှာ ဆိုမာလီယာတွင် သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူခဲ့ခြင်းဖြစ်သည်။

eleven

facebook မှကြည့် ချင်ရင် like လုပ်ပါ