ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 September 2012

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ Max Myanmar Company နုတ်ထွက်သွားပြီဖြစ်သော်လည်း ယခင်ထည့်ဝင်ထားသည် အမရိကန်ကန် ဒေါ်လာနှစ်သန်းကို ပြန်လည်ထုတ်ယူသွားခြင်းမရှိသေး၊ လစ်လပ်သွားသည့်နေရာတွင် ပြည်တွင်းကုမ္ပဏီများဖြင့် အစားထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ




အခြေခံအဆောက်အအုံအတွက် အမေရိကန်ဒေါ်လာ သန်း ၈၆၀၀ ရင်းနှီးမြှုပ်နှံရမည့် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှ Max Myanmar Company နုတ်ထွက်သွားပြီဖြစ်သော်လည်း              ယခင်ထည့်ဝင်ထားသည့် အမေရိကန် ဒေါ်လာနှစ်သန်းကို ပြန်လည်ထုတ်ယူသွားခြင်း မရှိသေးကြောင်း၊ လစ်လပ်သွားသည့်နေရာတွင် ပြည်တွင်းကုမ္ပဏီများဖြင့်
အစားထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မေးမြန်းချက်ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးသောင်းလွင်က သြဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးမြန်းသော ထားဝယ်ရေနက်စီမံကိန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာလေးခုနှင့်စပ်လျဉ်းသည့် မေးခွန်းများကိုဝန်ကြီးမှ ပြန်လည်ဖြေကြားပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ''သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ရှင်းလင်းဖြေကြားချက်မှာ Max Myanmar Company စီမံကိန်းမှ ထွက်ခွာသွားကြောင်း၊ ထိုသို့ဆိုလျှင် နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွား ထိခိုက်မှု ရှိ၊ မရှိနှင့် ဒုတိယအချက် အနေနဲ့ယင်း Max Myanmar Company အစား မြန်မာနိုင်ငံသား၊ မြန်မာကုမ္ပဏီများမှ အစားထိုးဝင်ရောက်ရန် ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော်ဥက္ကဋ္ဌကလည်း သိချင်တဲ့အတွက် လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအား မေးမြန်းပါတယ်''ဟု မေးမြန်းခဲ့ရာ ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးသောင်းလွင်က''ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး မေးမြန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ဖြေကြားမှာ ဖြစ်ပါတယ်။ ဒီဟာက  Max Myanmar Company အနေနဲ့ လက်ရှိအနေနဲ့ သူထွက်သွားပြီ ဆိုသော်လည်း သူ့ရဲ့ အရင်ထည့်ဝင်ထားတဲ့ငွေကို ဆက်လက်ပြီးတော့ နုတ်မသွားသေးပါဘူး။ အဲလိုနုတ်သွားတဲ့အခါမှာ ပြည်တွင်းက ကုမ္ပဏီတွေကိုကျွန်တော်တို့ ထပ်ထည့်ဖို့လည်း စဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်နေတဲ့ အခြေအနေမှာပဲ ကျွန်တော်တို့ ဒီဟာသည် ထားဝယ်ဒေသက တနသာင်္ရီတိုင်းဒေသကြီးအစိုးရကနေပြီးတော့ သူတို့လည်း ဒေသခံများအတွက် စက်မှုဇုန်ထူထောင်ချင်တယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့ ထိုင်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ Italian-Thai Company ကို ပေးထားတဲ့ ၂၀၄.၅ စတုရန်းကီလိုမီတာထဲက ဒီဟာသည် သူ့အနေနဲ့ ငွေရေး၊ ကြေးရေး အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒီဟာထဲကနေ ၅၀ ပြန်လိုချင်တယ်လို့ ညှိနှိုင်းတဲ့အခါမှာ သူတို့က ပြန်ပေးပါတယ်။ ပြန်ပေးတဲ့အတွက်ကြောင့် လက်ရှိကျွန်တော်တို့ ဒါကို ဒီနေ့ Italian-Thai Company ကို ကျွန်တော်တို့ ဖိတ်ထားပါတယ်။ ဖိတ်ထားပြီးတော့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။  အလားတူပဲ ဒီ Framework Agreement  ကို ကျွန်တော်တို့ ပြန်ပြင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံက ပိုအကျိုးရှိအောင်ဆိုပြီးတော့ ပြန်ပြင်ဆွေးနွေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါကြောင့် လတ်တလောအားဖြင့်တော့ ဒေသကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်ပါဝင်စေဖို့ကိစ္စကို ဆိုင်းငံ့ထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ဒီနေ့ Framework Agreement ကို ပြန်လည်ချုပ်ဆိုရေးကိစ္စကို Italian-Thai Company က သဘောတူတယ်ဆိုရင် အဲဒီအချိန်မှာ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးက'' ထိုင်းနိုင်ငံအခြေစိုက် Italian-Thai Company ဟာ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ Dawei Development Company Ltd ကို မှတ်ပုံတင် ဖွဲ့စည်းထူထောင်ထားပြီးတော့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Max Myanmar Company ဟာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းထည့်ဝင်ကာ လုပ်ငန်းများ ဆောင်ရွက်ရမှာ ရှိပါတယ်။ လက်ရှိအခြေအနေမှာ ဆိုလို့ရှိရင် Italian-Thai အနေနဲ့ စုစုပေါင်း ဒေါ်လာ သန်း ၉၈ သန်းခန့် အသုံးပြုပြီး ဖြစ်ပါတယ်။ အလားတူပဲ Max Myanmar အနေနဲ့ ဒေါ်လာနှစ်သန်းခန့် စိုက်ထုတ်ထည့်ဝင်ထားကြောင်း သိရှိရပါတယ်။ အခုနောက်ဆုံး အခြေအနေကတော့ Max Myanmar ဟာ ထွက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီရဲ့ လက်အောက်မှာ လုပ်ငန်းစီမံကိန်း အလိုက်ဆောင်ရွက်မယ့် ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းစီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် စုစုပေါင်း လိုအပ်တဲ့ငွေကတော့ အမေရိကန်ဒေါ်လာသန်း ၈၆၀၀ ခန့်လိုအပ်ကြောင်း သိရပါတယ်''ဟု ပြောကြားခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း တည်ရှိကာ ဧရိယာအကျယ်အ၀န်းမှာ ၂၅၀ စတုရန်းကီလိုမီတာ(၉၇ စတုရန်းမိုင်) ဖြစ်သည်။


eleven media

facebook မှကြည့် ချင်ရင် like လုပ်ပါ