ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 September 2012

ပါကစ္စတန်ရှိ စက်ရုံနှစ်ရုံမီးလောင်မှုကြောင့် လူ ၃၀၀ ကျော်သေဆုံး







ပါကစ္စတန်ရှိ မြို့ကြီးနှစ်မြို့မှ စက်ရုံနှစ်ရုံ မီးလောင်မှုကြောင့် စက် တင်ဘာလ ၁၂ ရက်တွင် သေဆုံးသူ စုစုပေါင်း ၃၁၄ ဦးအထိရောက်ရှိ လာခဲ့ကြောင်း သိရသည်။ သေဆုံးခဲ့ သူအများစုမှာ အရေးပေါ်ထွက် ပေါက်များ မရှိသဖြင့် ထွက်မပြေးနိုင်ဘဲ ပိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး စက်ရုံတွင် မီးလောင်အချက်ပေးစနစ်များ၊ မီးသတ်ဆေးဗူးများ စသော အခြေခံဘေးကင်းရေးပစ္စည်းများလည်း မရှိကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်းရှိ ကရာချီမြို့မှ အထည်ချုပ်စက်ရုံတစ်ခုတွင် စက်တင်ဘာလ ၁၁ ရက်ညက မီးလောင်မှုကြောင့် စက်တင်ဘာလ ၁၂ ရက်တွင် သေဆုံးသူ ၂၈၉ ဦးအထိ ရှိလာခဲ့သည်။ ယင်းမှာ ပါကစ္စတန်တွင် ၆၅ နှစ်အတွင်း လုပ်ငန်းပိုင်း ဆိုင်ရာ အဆိုးရွားဆုံး ဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း သိရသည်။
အထပ်ငါးထပ်ပါသော ယင်းစက်ရုံမြေအောက်ထပ်တွင် မီးခိုးများ ဖုံးလွှမ်းနေပြီး သေဆုံးခဲ့သူအများစုမှာ မီးခိုးမွှန်ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရာချီမြို့မှမီးသတ်ဌာန အကြီးတန်းတာဝန်ရှိသူ Ehtisham-ud-Din က ပြောကြားခဲ့သည်။ ယင်းစက်ရုံတွင် အရေးပေါက်ထွက် ပေါက်တစ်ခုသာရှိပြီး အခြားထွက် ပေါက်များကို ပိတ်ထားခဲ့ကြောင်း အစိုးရအကြီးတန်းတာဝန်ရှိသူရိုဆန် အလီရှိတ်ခ်က ပြောကြားခဲ့သည်။
အရေးပေါ်ထွက်ပေါက်များကို ပိတ်ထားမှုမှာ ရာဇ၀တ်မှုကျူးလွန် ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ခိုင်းခဲ့သူများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှိတ်ခ်ကပြောကြားခဲ့သည်။ မကြာသေးမီက စက်ရုံတွင် ခိုးမှုဖြစ်ခဲ့သဖြင့် အရေးပေါ်ထွက်ပေါက်များကို ပိတ်ထားရန် စက်ရုံပိုင်ရှင်က ညွှန်ကြားထားခဲ့သည်ဟု သေဆုံးခဲ့သူများ၏ ဆွေမျိုးများက ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်း၊ လာဟိုးမြို့ရှိ အထပ်လေးထပ်ရှိ ဖိနပ်စက်ရုံတွင်လည်း စက်တင်ဘာလ ၁၁ ရက်ညက မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့သည်။ သေဆုံးခဲ့သူအချို့မှာ မီးလောင်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ မီးခိုးမွှန်ကာ သေ ဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲအကြီးတန်းအရာရှိ မူလ်တန်ခန်းက ပြောကြားခဲ့သည်။
ယင်းစက်ရုံကို လူထူထပ်သောဒေသတွင် တရားမ၀င်တည်ထား ခြင်းဖြစ်ပြီး စက်ရုံ၌ မီးပျက်သဖြင့် မီးစက်နှိုးရန်လုပ်နေချိန်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးစက်မှ မီးပွားများသည် ဖိနပ်လုပ်ရာတွင်သုံးသော ဓာတုပစ္စည်းများသို့ ကူးစက်ကာ မီးအကြီးအကျယ် လောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်တွင် လူထူထပ်သောနေရာများ၌ စက်ရုံများကို တရားမ၀င်တည်ထားခဲ့ပြီး စက်ရုံဘေးကင်းမှု စံညွှန်းများကို ရှောင်လွှဲနိုင်ရန်အတွက် စက်ရုံပိုင်ရှင်များက အစိုးရတာဝန်ရှိသူများအား မကြာခဏ လာဘ်ထိုးလေ့ရှိကြောင်း သိရသည်။

eleven

facebook မှကြည့် ချင်ရင် like လုပ်ပါ