ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 November 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဖနောင်ပင်မြို့တွင် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပမှ သတင်းထောက်များအား လက်ခံတွေ့ဆုံ






နေပြည်တော် နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (၉) နာရီ (၁၅) မိနစ်တွင် ခေတ္တတည်းခိုသည့်  Hotel Cambodiana ၌ အာဆီယံ အစည်းအဝေးများသို့ လာရောက် သတင်းယူလျက်ရှိသည့် ပြည်တွင်းပြည်ပမှ မြန်မာ သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ သတင်းစာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲနိုင်မိုး၊ ကုမုဒြာဂျာနယ်မှ ဦးကျော်ရင်မြင့်၊ မနန်းလွင် ၊ ပေါ်ပြူလာဂျာနယ်မှ မတင်ဇာဇော်၊ ဗီးနပ်စ်ဂျာနယ်မှ ဒေါက်တာ မျိုးမင်းထိုက်၊ မြန်မာ တိုင်းမ်မှ မကျော်ဆုမွန်၊ Eleven Media Group မှ ကိုငြိမ်းချမ်း၊ ကိုနေထွန်းနိုင်၊ ကျိုဒိုသတင်းဌာနမှ မအိမွန်ကျော်၊The Voice Weekly မှ မမြနှင်းအေး၊ Mizzima Media မှ ကိုမျိုးသန့်၊ မော်ကွန်းမဂ္ဂဇင်းမှ ကိုဥာဏ်လင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံမှ မသီရိထက်စံ၊  Myanmar News Week မှ ဒေါက်တာ တင်အောင်ခိုင်၊ ဦးတင့်ဆွေ၊ Asian Fame Media Group မှ ဒေါ်နန်းကလျာဝင်း၊ 7 days News မှ ဦးသောင်းစုငြိမ်း အပါအ၀င် (၁၅) ဦးတို့အား လက်ခံတွေ့ဆုံပြီး (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့မှု အခြေအနေများ၊ အာဆီယံ အသိုက်အ၀န်း၏ လုပ်ဆောင်ချက်များ၊ အစည်းအဝေးကြီး၏ အကျိုးရလဒ်များ၊ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အစည်းအဝေးကြီးမှ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်များနှင့် အမေရိကန်သမ္မတ မြန်မာနိုင်ငံသို့လာရောက်စဉ် ဆွေးနွေးခဲ့မှုများ၊ အကျိုးရလဒ်များအပါအ၀င် အပြုသဘောဆောင်သည့် ခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည် ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သတင်းထောက်များသည် မြန့်မာရိုးရာ အစဉ်အလာနှင့် အညီ ဂါရဝပြုကန်တော့ကြသည်။

တွေ့ဆုံမှုအပြီးတွင် နိုင်ငံတော်သမ္မတသည် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ခဲ့သည်။

From : သမ္မတရုံး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ