ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 November 2012

ကျောက်ဖြူမြို့တွင် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၅၀၀ ကျပ်ဖြင့် သုံးစွဲနေရဆဲ






Meter Billမြန်မာနိုင်ငံမှ နိုင်ငံခြားသို့ရောင်းချရန် ရေနံနှင့်သဘာဝဓာတ်ငွေ့များအဓိက ထုတ်ယူမည့်နရာတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၅၀၀ ကျပ်စီဖြင့် ယခုအချိန်ထိသုံးစွဲနေကြရကြောင်း သတင်း ရရှိသည်။
ထို့အပြင် မီးလင်းရေးကော်မီတီမှ လျှပ်စစ်မီးသုံးစွဲခ ငွေတောင်းခံလွှာအား ရက်လွန်နီးမှ
လာရောက်ပေးဆောင်သဖြင့် ဒေသခံများက လျှပ်စစ်မီးသုံးစွဲခ ငွေကြေးပေးဆောင်ရာတွင် ရက်ပိုကြေးအဖြစ် ၂၀၀၀ ကျပ်စီ ပေးဆောင်ရသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။
"လျှပ်စစ်မီးသုံးစွဲခွန်ပေးဆောင်ရတာက အယင်တော့ ရက်လွန်ကြေးအဖြစ် ၅၀၀ ကျပ်ပါ။ အခုတော့ ရက်လွန်ကြေး ၂၀၀၀ ကျပ်ထိ မြင့်တက်သွားတယ်။ ကျနော်တို့က ရက်မလွန်ရအောင် လျှပ်စစ်မီးသုံးစွဲခွန်ကို ပေးသွင်းမယ်ဆိုတော့လဲ ငွေတောင်းခံလွှာကို ရက်လွန်မယ့်အချိန်မှ လာပေးပါတယ်။ ဘာဖြစ်လို့နောက်ကျမှလာပေးတာလဲမေးတော့ မအားဘူးလို့ ပြောပါတယ်။ သူတို့နောက်ကျရင်တော့ မအားဘူး ပြောတယ်၊ ကျနော်တို့ လျှပ်စစ်မီးသုံးစွဲခ ငွေသွင်းတာနောက်ကျရင် ရက်လွန်ကြေးအဖြစ် ၂၀၀၀ ကျပ် ပေးသွင်းရတယ်။" ဟု ဒေသခံတစ်ဦးက ယခုကဲ့သို့ပြောကြားသည်။
ထို့အပြင် မီးတာသုံးစွဲခယူနစ်များအား ပုံမှန်အားဖြင့် ၁၈ ယူနစ်သာသုံးစွဲခွင့်ရှိရာတွင် ၁၀ ယူနစ်အတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း သတ်မှတ်ထားပြီး ကျန်သည့် ၈ ယူနစ်အတွက် တစ်ယူနစ်လျှင် ၅၀၀ ကျပ် နှင့် ၁၈ ယူနစ်ထက်ပိုသွားလျှင် အပိုယူနစ်အဖြစ် တစ်ယူနစ်လျှင် ၅၀၀ ကျပ် အသီးသီး သတ်မှတ် ကောက်ခံလျှက်ရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက "ကျနော်တို့ကျောက်ဖြူမြို့မှာရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေကို ဘီလျှံနဲ့ချီပြီး နိုင်ငံတကာကို ရောင်းစားနေပါလျှက် ဒေသခံတွေကျတော့ လျှပ်စစ်မီးတစ်ယူနစ်ကို ၅၀၀ ကျပ် ပေးဆောင်ပြီး သုံးစွဲနေရတာ တကယ့်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။" ဟု Arakantimes သို့ပြောကြားသည်။
ရန်ကုန်မြို့ လျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ်လျှင် ၃၅ ကျပ်၊ မီတာထိန်းသိမ်းခ ၁၀၀၀ ကျပ် အသီးသီးပေးဆောင်ရပြီး ကျောက်ဖြူမြို့တွင် ယခုကဲ့သို့အဆမတန် လျှပ်စစ်မီးသုံးစွဲခ ပေးဆောင်နေရမှုအပေါ် ဒေသခံများက မကျေမနပ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
Meter Bill 2
ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ