ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 November 2012

အဏုမြူစွမ်းအင်အေဂျင်စီ၏ နောက်တိုးစာချုပ် မြန်မာလက်မှတ်ထိုးမည်


နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) ရဲ့ နောက်တိုးလိုက်နာဖို့ အချက်အလက်တွေကို မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “အရေးကြီးတာက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ နောက်ဆက်တွဲ စာချုပ်မှာပါပြီး လက်မှတ်ထိုးပေးဖို့၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ဆွေးနွေးတယ်၊ ကျနော်တို့ဘက်ကလည်း ကိုယ်စားလှယ် ၁ ယောက် ဆွေးနွေးတယ်၊ လွှတ်တော်ကလည်း သဘောတူပေးလိုက်တယ်” လို့ ပြောပါတယ်။
အခုလို နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ နောက်ဆက်တွဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတက လွှတ်တော်ကို
သ၀ဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး လွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
ဒီ့အတွက် မြန်မာနိုင်ငံအနေနဲ့ ရရှိနိုင်တဲ့ အကျိုးရလဒ်တချို့ကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ခုလို ပြောပါတယ်။
“နိုင်ငံတကာက အရင် စစ်အစိုးရလက်ထက်မှာ အဏုမြူလက်နက်ထုတ်နေတယ်လို့ မယုံသင်္ကာဖြစ်တာပေါ့။ ပွင့်လင်းမြင်သာမှုမရှိဘူး၊ ကျနော်တို့စိတ်ထဲမှာလည်း နည်းနည်းတော့ သံသယဖြစ်တာပေါ့။ အခု လက်မှတ်ထိုးလိုက်ပြီဆိုတော့ စာချုပ်ပါ စည်းကမ်းချက်တွေကို လိုက်နာရမယ်။ အဏုမြူစွမ်းအင်အေဂျင်စီကနေ လာရောက် စစ်ဆေးချင်ရင်လည်း အစစ်ခံရမှာ။ ဆိုတော့ အားလုံး ပြည်သူလူထုစိတ်ထဲမှာရော၊ ကမ္ဘာ့အမြင်မှာရော ရှင်းရှင်းလင်းလင်း ဖြစ်သွားတာပေါ့။”
မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ နောက်တိုးလိုက်နာဖို့ အချက်အလက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ၁၉၉၅ ခုနှစ် Small Quantities Protocol ရဲ့ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ဖို့ သမ္မတက လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) စတင်ဖွဲ့စည်းတဲ့ ၁၉၅၇ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး၊ ၁၉၉၂ ခုနှစ် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ်၊ ၁၉၉၅ခုနှစ် နောက်တိုး Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေးစာချုပ်နဲ့ အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ်၊ ၁၉၉၆ခုနှစ် နျူကလီးယား စမ်းသပ်မှုတားဆီးရေး သဘောတူညီချက်တို့မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။
ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။
“အာရှဖွံ့ဖြိုးရေးဘဏ်တို့၊ ကမ္ဘာ့ဘဏ်တို့က ချေးယူထားတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်ပြီး၊ ရှင်းလင်းလုပ်ဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က ကိုယ်စားလှယ် ၃ ဦးလောက် ဆွေးနွေးတယ်။
ဒါကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းပြီး ကြွေးမြီတွေ ပြန်ဆပ်ရမှာ သဘောတူခဲ့ရတယ်။ နောက်တခုက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အခမဲ့ ကူညီမယ့် မဂ္ဂါဝပ် ၁၂၀ ရှိတဲ့ မစ်ဆူဘီရှီ ဂတ်စ်တာဘိုင် ၂ လုံး ပြောင်းရွှေ့တပ်ဆင်ဖို့ စရိတ်တောင်းတယ်။ အဲဒါကို ကျနော်တို့ဘက်က လွှတ်တော်ကိုယ်စားလှယ် ၆ ဦးလောက် ဆွေးနွေးတယ်။ လွှတ်တော်က သဘောတူပေးတယ်။




DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ