ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

22 November 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့




နေပြည်တော် နိုဝင်ဘာ ၂၁

ပြည်ထောင်စုသမ္မတ မြန်မာတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့်  (၂၁)ကြိမ်မြောက်   ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ၁၂ နာရီ မိနစ် ၄ဝ တွင် ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် Hotel Cambodiana ၌ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် အာရှ- ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်အမှုဆောင် အတွင်းရေးမှူး ဒေါက်တာနိုလင်းဟေဇာအား လက်ခံ တွေ့ဆုံသည်။

နိုဝင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင်ဖနောင်ပင်မြို့ရှိ Peace Palace ၌(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို    ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ ထို့နောက်  နိုင်ငံတော်သမ္မတနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် ASEAN Institute for Peace and Reconciliation (AIPR) တရားဝင် ဖွင့်ပွဲကို ဖွင့်လှစ်ပေးကြသည်။

ယင်း နောက် နံနက်  ၁ဝ နာရီခွဲတွင် (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပရာ ရှေးဦးစွာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့သည် အာဆီယံအသိုက်အဝန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ၃၅ မိနစ်တွင် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်အား အတည်ပြုသည့် ဖနောင်ပင်ထုတ်ပြန်ချက်ကို အတူတကွ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲကို ကျင်းပရာ  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး  အာဆီယံ စီးပွားရေးကောင်စီ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ဆွေးနွေး တင်ပြမှုများအပေါ် အာဆီယံနိုင်ငံ ခေါင်းဆောင်များက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ မိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီ အဗ္ဗဒူရာဇတ်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရန်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် အာဆီယံခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးကို ကျင်းပရာ အာဆီယံခေါင်းဆောင်များသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် (၁၅) ကြိမ်မြောက် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ ရှေးဦးစွာ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာဝမကြားပေါင်တို့သည် အာဆီယံ-တရုတ် ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့်  အနာဂတ် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညနေ ၄ နာရီ မိနစ်၂ဝ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဟိုရှီ ဟီကိုနိုဒါနှင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြေငလျင်လှုပ်ခတ်သွားသည်ကို သိရှိရသည့်အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ကျန်ရှိနေသည့် ကြွေးမြီများ လျှော့ချရေး ချေးငွေအသစ် ယန်းသန်းပေါင်း (၅) သောင်း ကို ထပ်ချေးပေးမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အစီအမံများ၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အစီအမံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ညနေ ၆ နာရီ မိနစ် ၂ဝ တွင် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ခေါင်းဆောင် များနှင့် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမားတို့သည် အာဆီယံ- အမေရိကန် ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ကာ အနာဂတ် အလားအလာများ အပေါ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

ညစာစားပွဲတွင် ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ညစာသုံးဆောင်စဉ် ကမ္ဘောဒီးယား ယဉ်ကျေးမှု ပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၂ဝ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အာဆီယံ ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်သည်။ ဆွေးနွေးပွဲတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ကွန်ဖရင့်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့မှ ကိုယ်စားလှယ်များ က ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား ငွေကြေး၊ ကုန်သွယ်ရေးနှင့်  စီးပွားရေးပေါင်းစည်းရေးနှင့် တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတ ဒေါက်တာ ဆူစီလို ဘန်ဘန်းယူဒိုရိုနိုတို့သည် နံနက် ၁ဝ နာရီ မိနစ်၎ဝ တွင် တွေ့ဆုံ ဆွေးနွေးကြသည်။


ယင်းသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ပိုမိုနှီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဆက်လက်လုပ်ဆောင်ရန် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် (၇)ကြိမ်မြောက် အရှေ့အာရှထိပ်သီးမျက်နှာစုံညီ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးသီးသန့် အစည်းအဝေးများသို့ တက်ရောက်သည်။ ယင်းနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၄ဝ တွင်(၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံပြီး အာဆီယံ အစည်းအဝေးများသို့ လာရောက်သတင်းယူလျက် ရှိသည့် ပြည်တွင်းပြည်ပမှ မြန်မာသတင်းထောက်များနှင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ဖြေကြားကာ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

From :သမ္မတရုံး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ