ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 January 2013

လေဖြတ်သူကို သွေးဖောက်ကုသလို့မရပါ။

၁၄.၁.၂၀၁၃ရက်ကြေးမုံတွင် လေဖြတ်သူကို သွေးဖောက်ပြီးအမြန်ပြုစုကုသနည်းဆိုပြီး ဆေးပညာအမည်ခံဆောင်းပါးတစ်ပုဒ်ပါလာပြန်ပါတယ်။ ပာိုအရင်တုန်းကလည်း ကြေးမုံမှာပဲ အဲဒီဆောင်းပါးတစ်ခါပါလာဖူးပါတယ်။ အဲဒီတုန်းကလည်း ဆေးပညာသတင်းအတိုအထွာများဆိုပြီး အဲဒီနည်းလမ်းမပာုတ်မှန်ပါကြောင်း ရှင်းပြဖူးပါတယ်။ အခုလည်း နောက်တစ်ခေါက်ထပ်ပါလာပြန်ပါပြီ။ လွဲသမှအတော်လေးကိုလွဲပါတယ်။ ပြည်သူအများစုဖတ်ရှုနေတဲ့သတင်းစာတစ်စောင်ကနေ မှားယွင်းတဲ့အသိပညာပေးဝေခြင်းပာာ အတော်လေးကို အန္တရာယ်များတဲ့အပြုအမူလို့ပဲမြင်ပါတယ်။ မှတ်မှတ်ရရပြောရရင် ကျနော်မိတ္တူကူးတုန်းက မိတ္တူဆိုင်မှာ အဲဒီကြေးမုံရဲ့မှားယွင်းတဲ့လေဖြတ်ကုသနည်းကို မိတ္တူဆွဲပြီး နံရံမှာကပ်ထားတာကိုတွေ့မြင်ခဲ့ဖူးပါတယ်။ သူဘယ်နှစ်ယောက်ကို  ဖြန့်ဝေပြီးပြီလဲဆိုတာ မသိနိုင်ပါ။ သူ့စိတ်ထဲမှာတော့ ဆေးပညာပေးတယ် အကျိုးရှိတယ်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါပာာမှားယွင်းတဲ့ပညာပေးမှုဖြစ်လို့ အတော်အန္တရာယ်ရှိပါတယ်။ ခဏခဏပြောခဲ့ဖူးသလိုပဲ လေဖြတ်တယ်ဆိုတာပာာ ခေါင်းထဲမှာရှိတဲ့ သွေးကြောပိတ်သွားလို့သော်လည်းကောင်း ဒါမှမပာုတ် သွေးကြောပေါက်သွားလို့သော်လည်းကောင်း ဦးနှောက်ရဲ့သွေးရရှိမှုပြတ်တောက်သွားတာကြောင့် ဖြစ်ရတာပါ။ အပြင်ဘက်သွေးကြောများနဲ့ ဘယ်လိုမှဆက်စပ်မှုမရှိပါ။ သွေးခဲတဲ့နေရာကိုခွဲစိတ်ပြီးထုတ်ရင်ထုတ်၊ ဒါမှမပာုတ် သွေးခဲကိုအရည်ဖျော်ရင်လည်းဖျော် အဲဒီနည်းတွေကိုသုံးပြီးလူနာအသက်ကို အချိန်နဲ့လုကယ်ရပါတယ်။ လူနာဆေးရုံရောက်တဲ့အချိန်နောက်ကျလေလေ လူနာအတွက် ဆိုးလေလေဖြစ်လာနိုင်ပါတယ်။ သတင်းစာထဲမှာရေးထားတဲ့ကယ်ဆယ်နည်းကတော့ လေဖြတ်တဲ့လူနာရဲ့ လက်ထိပ်အားလုံးကို မီးကင်ထားတဲ့အပ်နဲ့ ဖောက်ပြီးပဲကြီးစေ့ခန့် သွေးထွက်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ ပြီးတော့ ပါးစပ်ရွဲ့ ပါးရွဲ့သွားရင် နားရွက်နှစ်ဘက်ကို နီရဲအောင်ပွတ်ပြီး နီရဲလာပြီဆိုရင်မှ နားရွက်ကို သွေးဖောက်ရမယ်လို့ထပ်ဆိုပါတယ်။ သူကတော့ လေဖြတ်တဲ့သူတွေအတွက် အရေးပေါ်ကုသပြုစုနည်းလို့ အခိုင်အမာဆိုထားပါတယ်။ အဲဒီနည်းနဲ့အသက်ကယ်ပြီးမှ ဆေးရုံပို့ဖို့တိုက်တွန်းပါတယ်။ အတော်လေးကိုဆိုးရွားတဲ့ ပစ္စလက်္ခနိုင်မှုလို့ဆိုနိုင်ပါလိမ့်မယ်။ ဘယ်လိုလူနာမျိုးမဆို အရေးပေါ်ကယ်ဆယ်နည်းဆိုတာပာာ လူနာရဲ့အသက်ကိုကယ်တင်နိုင်တဲ့နည်းလမ်းတွေပဲဖြစ်ရပါမယ်။ ဘယ်အရေးပေါ်ကယ်ဆယ်နည်းမဆို Airway, Breathing, Circulation ကိုပဲအရင်ကြည့်ပြီးကယ်တင်ရပါမယ်။ အဲဒါကမှ အရေးပေါ်ကယ်ဆယ်နည်းပါ။ လေဖြတ်တဲ့လူနာမှာ ပါးစပ်ထဲအရာဝထ္ထုတွေပိတ်ဆို့နေမှုကြောင့် လေလမ်းကြောင်းတွေပိတ်နိုင်ပါတယ်။ အသက်ရှူတာပုံမှန်မပာုတ်ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်တွေကျနေနိုင်ပါတယ်။ အဲဒီအတွက် အရင်ဆုံးလုပ်ရမှာက Airway, Breathing, Circulation ပါပဲ။ အဲဒီအရေးပေါ်ပြုစုနည်းတွေကို မလုပ်ဘဲ ဘာမှမဆိုင်အကျိုးမရှိနိုင်တဲ့ လက်ထိပ်သွေးဖောက်တာမျိုး၊ နားရွက်တွေကိုနီရဲအောင် ပွတ်တာမျိုးပာာ လူနာရဲ့ကုသနိုင်တဲ့အခြေအနေတွေကို ဆုံးရှုံးနိုင်ပါတယ်။ ဒါ့အပြင် အရေးပေါ်ရှေးဦးသူနာပြုစုနည်းတွေကိုမလုပ်ဘဲ မပာုတ်တဲ့ပာာတွေနဲ့အချိန်ကြာသွားနိုင်တဲ့အတွက် လူနာရဲ့အသက်ကိုပါဆုံးရှုံးနိုင်ပါတယ်။ ဒီလိုကြေးမုံလိုသတင်းစာတစ်စောင်ကနေ ဒီလိုအန္တရာယ်ကြီးတဲ့မှားယွင်းတဲ့အသိပေးတစ်ခုကို ပညာရှင်သုံးသပ်ချက်မပါဘဲ ဖြန့်ဝေတာပာာ အရမ်းကိုတာဝန်မဲ့ရာကျပါတယ်။ ကြေးမုံထဲမှာဖော်ပြထားတဲ့ လေဖြတ်တဲ့လူနာပြုစုနည်းပာာ မှားယွင်းပါတယ်။ အန္တရာယ်ကြီးပါတယ်။ လေဖြတ်တာကိုမကယ်နိုင်တဲ့အပြင် သူ့ကြောင့်ပိုးဝင်တာ အချိန်ကြာတာတွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ၀ိုင်းပြီးဖြန့်ဝေကြပါ။ အဲဒီအသိပေးပညာမှားကြောင်းကို အခြေအနေပေးရင်တော့ ဆေးပညာဂျာနယ်တစ်ခုခုကနေ ရှင်းချင်တာပါ။ ဒါပေမယ့် ဆေးပညာဂျာနယ်တွေက အဲလိုမျိုး တိုက်ခိုက်တဲ့ပုံစံပေါက်နေတဲ့ ဖြေရှင်းချက်တွေကိုထည့်ပေးနိုင်ပါ့မလားမသိဘူး။ မှားယွင်းတဲ့အသိပေးတဲ့သူက စာတစ်တန်ပေတစ်တန်နဲ့ပေးတာဆိုတော့ စာနဲ့ပေနဲ့ ပြန်ရှင်းမှတရားဝင်မယ်ထင်ပါတယ်။


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ