ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 January 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် စီးပွားကူးသန်း ဒု-၀န်ကြီး တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး  မစ္စတာ ချန်ကျန်း (Chen Jian) နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ပြောပါတယ်။
တရုတ် ဒု- ၀န်ကြီးနဲ့ အဖွဲ့ဝင် ၁၄ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ဝန်း အတွင်းမှာ မွန်းလွဲပိုင်းက လာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးတဲ့
အကြောင်းအရာအ သေးစိတ်ကိုတော့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌအနေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံတာဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ခြင်း ရှိ မရှိ မသိရသေးဘူးလို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
တရုတ်ဒုဝန်ကြီးနဲ့အဖွဲ့ဟာ နေပြည်တော်မှာ ဒုသမ္မတ ဦးဥာဏ်ထွန်း၊ စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့်တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ