ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 January 2013

ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ ထုတ်ပြန်ကြေငြာချက်


workshop၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ (၁၄) ရက်။
ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ဇန္န၀ါရီလ (၁၁- ရက်နေ့မှ ၁၄) ရက်နေ့အထိ (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ပြည်တွင်း၊ပြည်ပရှိ ရဟန်းသံဃာတော်များ၊နိုင်ငံရေး ပါတီများ၊ ကျောင်းသားလူငယ်များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များ စုံညီစွာတက်ရောက် ခဲ့ကြသည်။

ဤဆွေးနွေးပွဲသည် ခရဇ်သက္ကရာဇ်၂၀၀၄-ခုနှစ်နောက်ပိုင်း ရခိုင်အမျိုးသားအဖွဲ့စည်းအသီးသီးတို့ စုံညီစွာတက်ရောက်ခဲ့ ကြသည့် ဆွေးနွေးပွဲကြီးတစ်ခုဖြစ်သည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသောအဖွဲ့အစည်းအသီးသီးမှ သဘောထားစာတမ်းများဖတ်ကြားတင်သွင်းခြင်း၊ ရခိုင် အမျိုးသားအားလုံး စည်းလုံးညီညွတ်စွာဆောင်ရွက်ရေးကိစ္စများအပေါ် ဆွေးနွေးခြင်း၊ မကြာမီကဖြစ်ပေါ်ခဲ့သော တရား မဝင်ကျူးကျော်သူ ဘင်္ဂလီအကြမ်းဖက်မှုပြသနာအပေါ် သုံးသပ်ဆွေးနွေးအဖြေရှာခြင်း၊ ရခိုင်ပြည်၏ သဘာဝသယံဇာတ အရင်းအမြစ်များကိစ္စဆွေးနွေးခြင်း၊ ရခိုင်တို့ ရှေ့ဆက်လျောက်လှမ်းရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြ ပြီး အောက်ပါဆုံးဖြတ်ချက်များကို သဘောတူ ချမှတ်နိုင်ခဲ့ကြသည်။
၁) ရခိုင့်ကံကြမ္မာကိုရခိုင်တို့ဖန်တီးနိုင်ရေး“မူ”အပေါ်တွင် ညီညွတ်စွာလက်တွဲဆောင်ရွက်ရန်သဘောတူကြသည်။
၂) ရခိုင်အမျိုးသားတရပ်လုံး ညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရခိုင်အမျိုးသားညီညွတ်ရေးအ ကျိုးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။
၃) တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများနှင့်ပတ်သက်၍ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသား စီစစ်ရေးလုပ်ငန်းများ မှန်ကန်စွာပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံအစိုးရ အား တောင်းဆိုသည်။
၎) ၂၀၁၂-ခုနှစ်၊စက်တင်ဘာ(၂၅)ရက်မှ(၂၆)ရက်နေ့ထိ ကျင်းပခဲ့သော ရသေ့တောင်ဒေသလူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့် အဆိုပြုချက်များကို ထောက်ခံသည်။ ထို့အတူ တောင်ကုတ်မြို့ရခိုင်လူမှုကွန် ယက်၏ ပထမအကြိမ်(၁၈)မြို့နယ်ညီလာခံမှ ၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာ(၁၆)ရက်နေု့စွဲဖြင့် သဘောထားထုတ်ပြန် ချက်များကိုလည်း ထောက်ခံသည်။
၅) ပြည်တွင်း၊ပြည်ပများတွင် ရခိုင်လူမျိုးများ နေ့စဉ်ရက်ဆက်ခြိမ်းခြောက်ခံနေရခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်း အောင် စော်ကားခံနေရခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခံနေရခြင်းများကို ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံ အစိုးရများမှ ကာကွယ်စောင့်ရှောက် အရေးယူဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုသည်။
၆) ယနေ့ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်နေခြင်းအပေါ် ချက်ချင်းရပ် တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံးဆွေးနွေးအဖြေရှာရန် လက်ရှိမြန်မာနိုင်ငံအစိုးရအား တိုက်တွန်းသည်။
ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ (ထိုင်းနိုင်ငံ)
ဆက်သွယ်ရန်-  စောမြရာဇာလင်း (၀၈၆၀၆၁၃၉၅၆) / ဗိုလ်မှူးကြီးထွန်းမြတ်နိုင် (၀၈၉၉၅၃၃၇၁၄)


လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ