ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 January 2013

ကုလ လုံခြုံရေး ကောင်စီ က မာလီ တွင် ပြင်သစ် ၏ စစ်ရေး ကြားဝင်မှု ကို အတည်ပြု


France Mali Fighting
 
 မာလီ နိုင်ငံ ၏ ၃ ပုံ နှစ် ၂ ပုံ ကျော်ကို သိမ်းပိုက် ထား သည့် အယ်(လ)ကာယီးဒါး အကြမ်းဖက်
အဖွဲ့  နှင့် အဆက် အသွယ် ရှိသည့် အန်ဆာဒိုင်း အစ္စလာမစ် အစွန်းရောက် အကြမ်းဖက်
အဖွဲ့  များ  ၏  အဓိက ခြေကုပ်စခန်း များ ကို ပြင်သစ် လေတပ် မှ တနင်္လာ နေ့  တွင်
ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သူပုန် တို့  အဓိက စခန်းများ ကို လက်လွှတ် ခဲ့ရသည်
ဟု တင်ဘခ်တူ မှ လာသည့် ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

မာလီ အစိုးရ က စစ်ရေး အကူအညီ တောင်းခံ ပြီး နောက် ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က
လေကြောင်း နှင့် မြေပြင် တပ် တိုက် ခိုက် မှု များ ဖြင့် သူပုန် များ ကို ဖယ်ရှား ရန် မာလီ အစိုးရ က
စစ်ရေး အကူအညီ များ ပေး ခဲ့ ခြင်း  ဖြစ်သည်။
ကြောင်ရိုင်း စစ်ဆင်ရေး
အာဖရိက တောနက် များ တွင် ရှင်သန် နေထိုင်သည့် ကြောင်ရိုင်း တစ်မျိုး ဖြစ်သည့် တောကြောင်
ဆာဗယ် ၏ အမည် ကို အစွဲ ပြု မှည့် ခေါ် ထား သည့် “ ကြောင်ရိုင်း စစ်ဆင်ရေး” တွင် ပြင်သစ် တပ်
ဖွဲ့  ၀င် ၆၀၀ ကျော် မာလီ နိုင်ငံ တွင်း ဉ် တပ် စွဲထား ပြီး ပြင်သစ် တပ်ဖွဲ့ ဝင်များ ထပ်မံ စေလွှတ် သွား
မည် ဟု ပြင်သစ် ကာကွယ်ရေး ၀န်ကြီး Jean-Yves Le Drian က နယူးယောက် တိုင်း(မ) သတင်းစာ
ကို ပြောသည်။  သောကြာ နေ့  မှ စတင် သည့် လေကြောင်း တိုက် ခိုက် မှု တွင်  နှစ်ဖက် စလုံး အထိ
အခိုက် အကျ အဆုံး များ ရှိ ကာ နိုင်ငံ အလယ် ပိုင်း ရှိ ကွန်နာ မြို့  သိမ်း တိုက် ပွဲ တွင် သူ ပုန် ဘက် မှ
၁၂၀ ကျော် ကျ ဆုံးပြီး ၊ မာလီ အစိုးရ တပ်သား ၁၁ ဦး ကျဆုံး ကာ ၆၀ ကျော်ဒဏ်ရာ ရရှိ သည်။
သူ ပုန် တို့  အဓိ က ခြေကုပ် စခန်း တစ်ခု ဖြစ်သည့် ဘာမာကာ မြို့  ကို သိမ်းယူရာ တွင် ပြင်သစ် ရဟတ်ယာဉ်မှုး တစ်ဦး ကျဆုံး သည်။
စစ်ရေး အကူအညီ
မာလီ နိုင်ငံ ထက် ၀က် ကျော် ကို သိမ်းပိုက်ထားသည့် အာဖရိက အယ်(လ)ကာယီးဒါး စစ်သွေးကြွ
များ ကို ပြင်သစ် က လေကြောင်း မှ တိုက် ခိုက် မှု အား ဗြိတိန် ၊ ပြင်သစ် နှင့် ကနေဒါ နိုင်ငံ များ က
သယ်ယူ ပို့  ဆောင် ရေး နှင့် ထောက်ပံ့ ရေး လုပ်ငန်းများ ဖြင့် အကူ အညီ ပေး မည် ဖြစ်ကြောင်း
ပြေကြားခဲ့သည်။ ဗြိတိန် တော်ဝင် လေတပ် က C17  လေယာဉ် များ ဖြင့် လက်နက် နှင့် ရိက္ခာ ပစ္စည်း
များ ကို သယ်ယူ ပို့  ဆောင်ပေး ကာ ၊ အမေရိကန် က လက်နက် တပ် ဆင်ထား ခြင်း မရှိသည့် မောင်း
သူမဲ့ ကင်းထောက် ဒရုန်း လေယာဉ် များ ဖြင့် အကူအညီပေး သည်။
မာလီ ၏ အိမ်နီးချင်း နိုင်ငံ များ ဖြစ်သည့် အီကိုဝတ်(စ) နိုင်ငံ များ ဖြစ်သော ဆီနီဂေါလ် ၊ နိုင်ဂျာ ၊ ဘာကီနီဖာ
ဆို နှင့် နိုင်ဂျီးရီယား နိုင်ငံ များ ကို ၎င်း တို့  တပ် ဖွဲ့  ၀င်များ ကို မာလီ နိုင်ငံ တွင်း စေလွှတ် ကာ မာလီ အစိုး
ရတပ် နှင့် ပူး တွဲ ပြီး မြေပြင် တိုက် ပွဲ များ တွင် အား ဖြည့် ပေး ခဲ့ သည်။ ပြင်သစ် ကိုလိုနီ ဟောင်း ဖြစ်
သည့် အိုင်ဗရီကိုစ် နိုင်ငံ သမ္မတ အလက်ဆန် ၀တ်တာရာ က တပ် အင်အား ၃၀၀၀ ကျော် ဖြင့် ဂါအို မြို့ 
သိမ်း တိုက် ပွဲ တွင် အကူအညီ ပေး ခဲ့သည်။ မာလီ နှင့် နယ်နိမိတ် ချင်း ထိစပ် နေသည့် အယ်(လ)ဂျရီးယား
နိုင်ငံ က ၎င်း တို့  ၏ ဝေဟင် ပိုင် နက် နှင့် နယ်ခြား ဒေသ အချို့  ကို ပြင်သစ် တပ် ဖွဲ့  ၀င် များ အတွက် အသုံး
ပြု ခွင့် ပေး သည်။
စစ်သွေးကြွ အပြီး တိုင် ချေမှုန်ရေး
ချဒ် နိုင်ငံ တွင်း ရှိ ပြင်သစ် လေတပ် စခန်း ဖြစ်သော  N’Djamena  မှ ပြင်သစ် မီရပ်ခ်ျ တိုက် လေယာဉ် များ
ဖြင့် သောကြော နေ့  တွင် စတင် တိုက် ခိုက် စဉ် က တည်း က ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က
အကြမ်းဖက် စစ်သွေးကြွ များ ကို အပြီး တိုင် ချေမှုန်း မည် ဟု မာလီ အစိုး ရ ကို ပြောကြား ခဲ့သည်။ လေး
ရက်တာ လေကြောင်း တိုက် ခိုက် မှု အတွင်း  ပြင် သစ် တိုက် လေယာဉ် များ မှ သူပုန် တို့  ၏ ခြေကုပ်စခန်း
များ ကို  အကြိမ် ခြောက်ရာ ကျော် ဗုံးကြဲ တိုက် ခိုက်ခဲ့သည်။ ဂါအို မြို့  ကို တနင်္ဂနွေ နေ့  ည ပိုင်း တွင် ပြန်
လည် ရရှိ ခဲ့ ပြီး သူပုန် တို့  ၏ အဓိက ထောက်ပံ့ရေး စခန်း တစ်ခု ဖြစ်သည့်  ယခင် မာလီ အစိုးရ လေတပ်
စခန်း ပါရှိ သည့် လီယာ ကို တနင်္လာ နေ့  အစော ပိုင်း တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြီး နောက်  ပြန်
လည် သိမ်း ဆည်း ရမိခဲ့သည်။
ပြင်သစ် နိုင်ငံ ခြားရေး ၀န်ကြီး လော့ရင့် ဖေဘီယပ်(စ) က စစ်သွေးကြွ တို့  အသုံး ပြု သည့် လေဆိပ် များ
ကို ဖျက် ဆီး ပြစ် နိုင်ခဲ့ ပြီး သူပုန် များ ၏ ဆက်သွယ်ရေး လမ်းကြောင်းများ ကို လည်း ဖြတ်တောက် နိုင်ခဲ့
သည် ဟု France 24 ကို ပြောသည်။
ဒုတိယ အာဖဂန် နစ္စတန်
ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က မာလီ အစိုးရ တပ် များ ကို စစ်ရေး အကူအညီ မပေး ခဲ့ လျှင်တာ
လီဘန် တို့  အာဏာရ ပြီး  နောက် အယ်(လ) ကာယီဒါး ၏ ကွန်းခိုရာ ဖြစ်သွား သည့် ကဘူလ်း လို မျိုး
မာလီ သည် ဒုတိယ အာဖဂန် နစ္စတန် ဖြစ်သွား နိုင်သည် ဟု ဆိုသည်။ အစ္စလာမ္မစ် အစွန်းရောက် အကြမ်း
ဖက် အဖွဲ့  များ မှာ ယီမင် ၊ ဆိုမာလီယာ နှင့် အာဖရိက မြောက်ပိုင်း ဒေသ များ ကို ခြေကုပ် ယူ ပြီး အနောက်
နိုင်ငံ များ ကို တိုက် ခိုက် မှု များ လုပ် ခြင်း ကြောင့် ယခုကဲ့ သို့  တိုက် ခိုက် ရခြင်း ဖြစ်ကြောင်း အော် လန်းက
ပြောသည်။
အယ်(ယ)ကာယီဒါး အာဖရိက မြောက်ပိုင်း ကွန်ယက်
မာလီ နိုင်ငံ မြောက်ပိုင်း ကို  နှင့် နိုင်ငံ ထက်ဝက် ကျော်ကို ဧပြီ လဆန်း မှ စပြီး အန်ဆာဒိုင်း အစွန်းရောက်
အကြမ်းဖက် အဖွဲ့  က ဦးဆောင် ပြီး သိမ်းယူထား သည်။ မာလီ နိုင်ငံ တွင် ၂၀၁၂ ခုနှစ် မတ်လ က စစ်တပ်
မှ အာဏာသိမ်းပြီး နိုင်ငံ ရေး မငြိမ်မသက် မှု များ စတင် ချိန် လုံခြုံ ရေး ဟာကွက် ကို အကြောင်း ပြု ကာ
အန်ဆာဒိုင်း နှင့် အခြား အစ္စလာမ္မစ် အဖွဲ့  များ က နိုင်ငံ မြောက် ပိုင်း ကို သိမ်း ယူ ခဲ့ခြင်း ဖြစ်သည်။
မာလီ နိုင်ငံ သည် အကြမ်းဖက် တို့  ၏ ကွန်းခိုရာ အဖြစ်  အသွင် ပြောင်း သွား ခြင်း မှာ သွားလေ သူ
လစ်ဗျား အာဏာရှင် ကဒါဖီ ထား ခဲ့ သည့် အမွေ များ ထဲ မှ တစ်ခု ဖြစ်သည်။
လစ်ဗျား နိုင်ငံ တွင် ကဒါဖီ လက်ထက် က အာဖရိက မြောက်ပိုင်း မှ အစ္စလာမ် မစ် လက်နက် ကိုင် များ
နှင့် အစွန်းရောက် တော်ရပ်(ဂ) သူပုန် များ ကို  ၎င်း ၏ ကြေးစား တပ် ဖွဲ့  များ အဖြစ် ထားရှိခဲ့ သည်။
ကဒါ ဖီ နှင့် ၎င်း ၏ မိသားစု အတွက် ကိုယ်ရံတော် များဉ် ပင် လျှင် ကြေးစား တပ် ဖွဲ့  ကို ခန့် ထားခဲ့
သည်။ ၂၀၁၁ ခုနှစ် လစ်ဗျား နိုင်ငံ တွင် အုံကြွ မှု ဖြစ်သည့် အခါ ဆန္ဒ ပြသူ များ ကို ချေမှုန်း ရန် ကြေး
စား တပ် ဖွဲ့  များ ကို အမိန့် ပေး ခဲ့ သည်။ ကြေးစား တပ် ဖွဲ့  များ က လည်း ရက်ရက် စက်စက် နှိမ်နှင်း
ခဲ့ သည်။ နေတိုး နှင့် လစ်ဗျား ပြောက်ကျား များ ၏ ထိုးစစ်ကြောင့် ကဒါဖီ အရေး နိမ့် နေ ချိန် တွင်  ၎င်း
ကြေးစား တပ် များ က ထရီပိုလီ နှင့် အခြား မြို့  များ ရှိ လက်နက် တိုက် များ ကို ဖောက်ကာ မာလီ ၊ နိုင်
ဂျာ နှင့် အယ်(လ)ဂျီးရီယား နိုင်ငံ များ သို့  ၀င်ရောက် ခိုလှုံ ခဲ့ ကြသည်။
မာလီ နိုင်ငံ ထဲ သို့ ရောက်သွား သည့် ကြေးစားလက်နက် ကိုင် များသည့် ဌာနေ အစ္စလာမ်အကြမ်းဖက် များ
နှင့် ပေါင်းမိသွား ကာ အန်ဆာ ဒိုင်း ဟု အသွင် ပြောင်း သွား ပြီး ၊၊ အချို့  မှာ AQIM Al Qaeda in the Islamic Maghreb
ဟူ သော နာမည် ဖြင့် အခြား စစ်သွေး ကြောင်းများ နှင့် ပူးပေါင်း ကာ မာလီ နိုင်ငံ မြောက်ပိုင်း ကို သိမ်းပိုက် လိုက်ကြသည်။
မာလီ မှ လာသည့် နောက်ဆုံးရ သတင်း များ အရ ပြင်သစ် တပ် ဖွဲ့  များ သည့် မာလီ တွင် အစ္စလာမ္မစ် သူပုန်
များ အမြစ် ပြတ်ရေး အတွက် ရေရှည် စစ် ဆင်နွှဲ ရမည် ဖြစ် ပြီး အယ်(လ)ကာယီးဒါး သူပုန်များ က နိုင်ငံ
မြောက်ပိုင်း မြို့  များ ကို ဆက်လက် ထိမ်းချုပ်ထားဆဲ ဖြစ်သည်။
ယနေ့  ပြု လုပ်သည့် ကုလ လုံခြုံရေး ကောင်စီ အစည်း အဝေး က  မာလီ တွင် ပြင်သစ် ၏ စစ်ရေး ကြားဝင်မှု ကို
အတည်ပြုပေး လိုက်ရာ အမေရိကန် က ထောက်ပံ့ နှင့် ကင်းထောက် အကူ အညီ ပေး မှု အပြင် ကောင်းကင်ယံ
ပြင် သစ် တိုက်လေယာဉ် များ ကို ဆီဖြည့် ပေး မှု ပါ တာ ၀န်ယူ မည် ဟု သိရသည်။


FNG

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ