ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 January 2013

ရွန်နီ ပင်နယ်တီ ကန်သွင်းခွင့် ပြန်ရပါလိမ့်မည်ဟု့ အာမခံခဲ့သည့် ဆြာအဲလက်စ်


မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပင်နယ်တီ ကန်သွင်းခွင့် (တာဝန်) အခွင့်အရေးကို ရွန်နီအား ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း ဆြာအဲလက်စ် ဖာဂူဆန်က အာမခံပေး ပြောကြားလိုက်သည်။
ရွန်နီသည် မန်ယူအသင်းတွင် ပင်နယ်တီများ တာဝန်ယူ ကန်သွင်းလာခဲ့ရာ၌ (၁၀)ကြိမ်ထိ့ လွဲချော်ခဲ့သည်။ နောက်ဆုံးလွဲချော်မှူ့အဖြစ် ပြီးခဲ့သည့် (၁၀)ရက်က ၀က်စ်ဟမ်းအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့မှူ့ ဖြစ်သည်။ ။
ထို့နောက်ပိုင်းတွင် ဖာဂူဆန်က ပင်နယ်တီ ကန်သွင်းမူ့အား တာဝန်ယူရမည့် သူကို အပြောင်းအလဲလုပ်ရန် စီစဉ်လာပြီး၊ ယမန်နေ့က ဖူလ်ဟမ်အသင်းကို (၄-၁)ဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွင် ပွဲချိန်(၂)မိနစ်၌ ရရှိခဲ့သည့် ပင်နယ်တီကန်ခွင့်ကို ရွန်နီအစား ရွိုင်ယန်ဂစ်ကို ကန်သွင်းစေရန် တာဝန်ပေးခဲ့သည်။ ။
ရွန်နီအနေဖြင့် ရှေ့အနာဂတ်တွင် သူ၏ပင်နယ်တီ လွဲချော်နေမှူ့များကြောင့် သူ့တာဝန်ကို ဗန်ပါစီအား လွှဲပြောင်းပေးရမည့် အနေအထားတို့နှင့် ရင်ဆိုင်နေရပေမယ့်လည်း ဖာဂူဆန်ကတော့ သူ၏တိုက်စစ်မှူး ရွန်နီ၏ ပင်နယ်တီကန်သွင်းခွင့် (တာဝန်) အခွင့်အရေးများမှာ ပြီးဆုံးသွားပြီးဟု့ သူ့အနေဖြင့် မထင်ကြောင်း ပြောကြားခဲ့သည်။ ။
ဆြာအဲလက်စ်က “၀ိန်းရွန်နီဟာ ပင်နယ်တီတွေကို လွဲချော်ခဲ့ပါတယ်။ အဲ့ဒီအတွက် သူ့ကို အချိန်တစ်ချို့ အနားပေးရပါမယ်။ ဒါပေမယ့် ပင်နယ်တီ ကန်သွင်းခွင့်ကို သူ့အနေနဲ့ ပြန်ရပါလိမ့်မယ်။ အကယ်၍ ပင်နယ်တီကန်ခွင့် တစ်ခါလောက် မရတာနဲ့ပဲ ရွန်နီဟာ ပြသနာ ဖြစ်နေရမယ့် လူစားမျိုး မဟုတ်ပါဘူး၊ သူဟာ စိတ်သဘောထား အလွန်ကောင်းတဲ့ သူတစ်ယောက်ပါ” ဟု့ ဖူလ်ဟမ်နှင့် ပွဲတွင် ရွန်နီ ပင်နယ်တီ မကန်ဖြစ်ခဲ့ရသည့် အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ။
ဖူလ်ဟမ်နှင့် ပွဲတွင် ရွန်နီ ပင်နယ်တီ ကန်ခွင့် မရခဲ့ပေမယ့်လည်း ကိုယ်တိုင် ဂိုးသွင်းယူ နိုင်ခဲ့သောကြောင့် မန်ယူအသင်း၏ ဂိုးသွင်းသူ စာရင်းတွင် သူ့နာမည် ပါဝင်ရေးထိုးနိုင်ခဲ့သည်။ ပွဲချိန် ဒုတိယပိုင်း (၄၉)မိနစ်တွင် အန်ဒါဆန်၏ ခင်းပေးမှူ့မှ တစ်ဆင့် ရွန်နီက မန်ယူအတွက် ဒုတိယ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ။
ရွန်နီဂိုးသွင်းယူပြီးနောက် တစ်ဆက်ထဲ ဆိုသလို ဟာနန်ဒက်ဇ် ဂိုးသွင်းယူနိုင်ရန်အတွက် ရွန်နီက အထောက်အပံ့ ပေးနိုင်ခဲ့ပြန်သည်။ အဆုံးသတ်ကောင်းသည့် ချီချာကြောင့် ဧည်သည်အသင်းမှာ (၄-၁)ဂိုးနှင့် မန်ယူကို အရှူံးပေးခဲ့ရပြီး၊ မန်ယူအသင်း၏ ကာလရှည် ဝေးကွာနေသော အက်ဖ်အေဖလား ချန်ပီယံ ရရှိရေး အိမ်မက်ကို နောက်တစ်ဆင့် မက်ခွင့်ရရှိပေတော့မည်။ ။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ