ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 January 2013

လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညို


လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရွှေတိဂုံ စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုကြစဉ်။  
လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရွှေတိဂုံ စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုကြစဉ်။
ရန်ကုန် ဇန်နဝါရီ ၂၆
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီတွင် ရွှေတိဂုံ စေတီတော်သို့ ရောက် ရှိကြပြီး လာအိုနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ဧည့်ခံ တန်ဆောင်းရှိ ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေး ထိုး၍ စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ကြကာ စေတီတော် အတွက် အလှူငွေများ ပေးအပ် လှူဒါန်းပြီး ရွှေတိဂုံ စေတီတော်အား လှည့်လည် ဖူးမြော်ကြည်ညို ကြသည်။
ယင်းနောက် လာအိုနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်သို့ သွားရောက် ကြည့်ရှု လေ့လာ ကြသည်။
ဧည့်သည်တော် လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTO ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ သွားကြသည်။
 
 
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ