ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 January 2013

ကာလရှည် ဝေးကွာနေတဲ့ အက်ဖ်အေဖလားကို အရယူဖို့ မန်ယူအသင်းက ဆာလောင်နေပါတယ် – ဆြာအဲလက်စ်


ယမန်နေ့ စနေနေ့က ဖူလ်ဟမ်အသင်းကို (၄-၁)ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် (၁၆)သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်အသင်းသည် (၉)နှစ်ကြာ ဝေးကွာနေသည့် အက်ဖ်အေဖလား ချန်ပီယံဆုကို ပစ်မှတ်ထား အရယူဖို့ ရည်မှန်းလျက်ရှိသည်။ ။

အက်ဖ်အေဖလားနှင့် ဝေးကွာနေသော မန်ယူအသင်းကို ယခုရာသီတွင် အရယူပေးပြီး၊ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် ဆုဖလားတို့ကိုပါ (ဖလားသုံးလုံး) သိမ်းပိုက်ရန် ဆြာအဲလက်စ်က ကြံရွယ်နေသည်။ ပြီးခဲ့သည့် (၁၀)စုနှစ် တစ်ခုကျော်က (၁၉၉၉) ဖလားသုံးလုံး ရရှိခဲ့သည့် ပုံရိပ်ကို ပြန်လည်ပုံဖော်ဖို့ ဖာဂူဆန်က ရည်မှန်းလျက်ရှိသည်။ ။
ဆြာအဲလက်စ်က “ဒီရာသီမှာ အက်ဖ်အေဖလား ချန်ပီယံဆုက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်၊ ဒီဖလားကို မရခဲ့တာ (၁၀)နှစ်လောက် ရှိသွားပါပြီး၊ ရီယိုဖာဒီနန်ဆို အက်ဖ်အေ ချန်ပီယံ ဆုဖလားကြီးကို တစ်ခါမှ မရဖူးသေးပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဒီဆုဖလား ရရှိဖို့အတွက် တစ်ခုခု လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု့ပြောကြားခဲ့သည်။ ။
အက်ဖ်အေဆုဖလား ရယူရန်အတွက် ဖြတ်သန်းရမယ့် လမ်းကြောင်းမှာ ယမန်နေ့က ဖူလ်ဟမ်အသင်းကို (၄-၁)ဖြင့် အနိုင်ရခဲ့သောပွဲ၌ အက်ဖ်အေဖလား အများဆုံး ဆွတ်ခူးရရှိဖူးသည့် မန်ယူအသင်း၏ ဂန္တ၀င် တောင်ပံ ကစားသမား ရွိုင်ယန်ဂစ်က ပွဲချိန်(၂)မိနစ်မှာပဲ ဦးဆောင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ပြီး၊ ကစားပွဲကို သက်တောင့်သက်သာ လွယ်လွယ်ကူကူ ကစားနိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ။
ဂစ်သည် မန်ယူအသင်း (၂၀၀၄)ခုနှစ်က မီဝေါလ်အသင်းကို အနိုင်ရပြီး၊ အက်ဖ်အေချန်ပီယံဆု ရရှိခဲ့စဉ်က ပါဝင် ကစားခဲ့သူတစ်ယောက် ဖြစ်ပေမယ့်၊ (၂၀၀၅)ခုနှစ် ဖိုင်နယ်၌ အာဆင်နယ် အသင်းကို၎င်း၊ (၂၀၀၇)ခုနှစ် ဖိုင်နယ်၌ ချယ်လ်ဆီးအသင်းအား၎င်း ရှူံးနိမ့်ခဲ့သည့် ဆိုးရွားသည့် ခံစားချက်ကိုလည်း မမေ့သေးကြောင်း၊ ပြီးခဲ့သည့် နှစ်တွေက မန်ယူအသင်း အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ရလဒ်ကောင်း မရခဲ့သည်များကို ဂစ်က ပြောကြားခဲ့သည်။ ။
ဂစ်က “ပြီးခဲ့တဲ့ (၈)နှစ် (၉)နှစ်လောက် အတွင်းက အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ကျွန်တော်တို့ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး၊ အသင်းက ကစားသမား အတော်များများရဲ့ မျှော်လင့်ချက်တွေ ဆုံးရှူံးခဲ့ရပါတယ်၊ ဒီရာသီမှာတော့ အရယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု့ပြောကြားခဲ့သည်။ ။
ဖူလ်ဟမ်အသင်းနှင့် ယမန်နေ့က ရင်ဆိုင်ခဲ့ရသည့် အက်ဖ်အေဖလား ပွဲစဉ်တွင် ဖာဂူဆန်သည် မန်ယူအသင်းကို တောင့်တင်းသည့် လူအင်အားဖြင့် ပွဲထွက် ကစားစေခဲ့ပြီး၊ လိုအပ်လျင် အသုံးပြုရန်အတွက် ဂိုးသွင်းဘုရင် ဗန်ပါစီကိုလည်း အရံခုံ၌ အဆင်သင့် ထားရှိစေခဲ့သည်။ အသင်းကိုလည်း အတွေ့အကြုံရင့် ကစားသမားများဖြင့် အဓိက ပွဲထွက်စေခဲ့ပြီး ဂစ်၊ ရွန်နီ၊ ဟာနန်ဒက်ဇ်(2ဂိုး) တို့၏ သွင်းဂိုးများဖြင့် အနိုင်ရလဒ်ကို သေချာအောင် စွမ်းဆောင်ခဲ့ကြသည်။ ။
ဆြာအဲလက်စ်က “ကျွန်တော်တို့ အလွန်အင်အား တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်ကစားခဲ့ပါတယ်၊ ဘာကြောင့်လို့လည်း ဆိုတော့ ဘယ်လိုတစ်စုံတစ်ရာ လွဲချော်မှူ့မျိုးကိုမှ ကျွန်တော်တို့မလွဲချော်ချင်လို့ပါ” ဟု့ပြောကြားခဲ့သည်။ ။
လက်ရှိ ပရီးမီးယားလိဂ် ဇယားထိပ်ကို ဦးဆောင်နေသော မန်ယူအသင်းသည် အက်ဖ်အေဖလား သမိုင်းတစ်လျောက်၌ စံချိန်တင် အကြိမ်အများဆုံး (၁၁)ကြိမ် ရယူဆွတ်ခူး ထားနိုင်သော အသင်းတစ်သင်း ဖြစ်သည်။ ။

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ