ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 January 2013

ရခိုင်ပြည် မောင်တောမြို့ ဆောက်လုပ်ရေးတပ် GE ကားတစီးနန့် ရယကရုံးတရုံး မီးတိုက်ခံရ


border 2လေးဝတီ(ခိုင်ဥက္ကာပျံ)။       ။ရခိုင်ပြည် မောင်တောနယ်စပ် ကြိမ်ချောင်းနန့် (၈) မိုင်အကွာမှာ ဟိရေ ဗန္ဓုလ န.စ.က နယ်မြေ (၁) နန့် (၂) အပိုင် နယ်ခြား မိုင်တိုင် အမှတ် (၄၉) နန့် (၅၀) အကြား ဂျန္နဝါရီလ ၂၅ ရက် ညဇာဖက် ၅ နာရီအချိန်မှာ ခြံစီးရိုးဖေါက်နိန်ရေ (GE) ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် အစိုးရဂျစ်ကားတစ်စီးကို (RSO) မူဆလင်အစွန်းရောက် လက်နက်ကိုင် တပ်စိတ် တခုက ဝင်ရောက် ပစ်ခတ် မီးတိုက်လားကြောင်း နစကတပ်ဖွဲ့ဝင် နာမေမဖေါ်လိုရေ တပ်ဖွဲ့ဝင် တယောက် က ပြောဆိုချက်အရ လေးဝတီက သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်သမားတိရေ  မြန်မာပိုင်နက်စပ်ဖက်ကို ကျူးကျော်ဝင်ရောက် အကြမ်းဖက်ခစွာ ဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေး တပ်သားတိ ထွက်ဗြီး လွတ်မြောက်ဗျာယ် ထိခိုက်မူမဟိခလို့ အသက်ဘီးက လွတ်မြောက်လာရေ (GE) တပ်ဖွဲ့ဝင်တယောက်ကလေး အဂုပိုင် ပြောပြပါသည်။
“ကျွန်တော်ရို့က ဆောက်လုပ်ရေးတပ်သားတိဆိုခါ လက်နက်ကိုင်ဆောင်ခွင့်မဟိပါ ညဇာဖက် (၅) နာရီလောက်မှာ ခြံစီးရိုးဖက်က ဗြုန်းခနဲ့ စစ်ဝတ်စုံတိ ဝတ်လို့ လက်နက်ကိုင်ဆောင်ထားရေ လူ တတိုင်ပေါ်လာပြီးကေ သေနပ်နန့် (၂) ချိန်းပစ်ပါရေ။ လုပ်ငန်းခွင်သိမ်းချိန် ဖြစ်နိန်လို့ ကျွန်တော်ရို့ လေး အီးလို့ပြန်ဖို့ လုပ်နိန်ဂတ်စွာပါ ပေါက်သံကြားစွာနန့် ဘီးလွတ်ရာဖက်ကို ထွက်ပြီးဂတ်ပါရေ” လို့ သူက ပြောပါသည်။
border1
နာရီဝက်ကျော်လောက်မှာ မြန်မာနိုင်ငံ လုံခြုံရီးတပ်ဖွဲ့ဝင်တိ ရောက်လာခါမှ အကြမ်းဖက်သမား လက်နက်ကိုင်တိကို မတွိရဘဲ ဂျစ်ကားတစီး မီးလောင်နိန်ကြောင်းနန့် ဂဟေဆော် စက်တလုံး မီးလောင်နိန်စွာကို တွိရကြောင်း လုံခြုံရီးတပ်ဖွဲ့ဝင် ပြောကြားချက်အရ သိဟိရပါသည်။
တဆက်တည်း ဂျန္န၀ါရီလ ၂၅ ရက်နိန့် သိုင်ခေါင်ကျော်အချိန်မှာ မောင်တောမြို့ နယ် ပန်းတောပြင်အုပ်စု ဘဂုန်းနားကျေးရွာဟိ ရယက ရုံးတခုကို အကြမ်းဖက်သမားတစုက မီးတိုက်လားကြောင်း ယင်းရုံးက ဥက္ကဌ ဖြစ်သူ ကံပြင်သာစည်ရွာမှ ရခိုင်အမျိုးသားဖြစ်ကြောင်း မီးတိုက်လားရေ တရားခံတိရေ ဘာသာရီးအစွမ်းရောက်အုပ်စု လက်ချက်ဖြစ်တေလို့ ရယကရုံးနန့် နီးစပ်တေ လူတယောက်က အတည်ပြုပြောကြားလားပါသည်။
ညဇာက အဂုပိုင် အကြမ်းဖက်ဝင်ရောက်ပစ်ခတ်မူ ဖြစ်ပွါးလားရေကိစ္စနန့် ပတ်သက်လို့ နယ်စပ်မှာ လုံခြုံရီးတပ်ဖွဲ့ဝင်တိကို အပြည့်ချထားကြောင်း ယင်းတပ်သားက ဆက်ပြောပြပါသည်။
လွန်ခရေ ခရစ်သက္ကရဇ် (၂၀၁၂) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နိန့်ကလေး ဗန္ဓုလ နစက နယ်မြေ(၂)၊ မိုင်တိုင်အမှတ်( ၅၁) မှာ ခြံစည်းရိုးလုပ်နိန်ရေ  (GE) ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် (၄) ယောက်ကို (RSO) မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတိက တယောက်ကို အသီ ပစ်သတ်ခပြီးကေ (၃) ယောက်ကို ပြန်ပီးဆွဲ ခေါ်ဆောင်လားကြောင်းနန့် ယင်းပြန်ပီးဆွဲခံရရေ (၃) ယောက်ကို မြန်မာအစိုးရက အေနိန့်ထိ ပြန်လို့ မကယ်နိုင်သိမ့်လို့ သိရပါသည်။
ပြန်ပီးဆွဲခေါ်လားရေ ဆောက်လုပ်ရီးတပ်သားတိကိစ္စနန့် ပတ်သက်လို့ မြန်မာအစိုးရက ကုလားဆိုး သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးလားကြောင်း အတည်ပြုထားပြီး ယင်းပြဿနာကို နယ်စပ်ချင်း ကပ်နိန်ရေ ဘင်္ဂလာဒေခ်ျ့ အစိုးရ နယ်ခြားစောင့်တပ် (BGP) တပ်ဖွဲ့ကို (၅) ခါတိတိ တရားဝင် အကြောင်းကြားခကေလေး ဘင်္ဂလာဖက်က တစုံတခု အကြောင်းပြန်ကြားစွာ မဟိလို့လေး နစက တပ်ဖွဲ့ဝင်တယောက်က ပြောပါသည်။
လေးဝတီက သီးခြား အတည်မပြုနိုင်ခရေ ကောလဟာတခုမှာ ပြန်ပီးဆွဲလားရေ (GE) တပ်သားတိနန့် မောင်တောအကြမ်းဖက်မူမှာ ပါဝင်လို့ အဖမ်းခံနိန်ရရေ ဒါက်တာထွန်းအောင် (မွတ်ဆလင်အမျိုးသား)နန့် အဆိုပါ ပြန်ပီးဆွဲ တပ်သားသုံးယောက်နန့် ဖဖို့လို့လေး သတင်းတိထွက်ပေါ်နိန်လို့ လေးဝတီက မောင်တောအာဏာပိုင် အဖွဲ့အစီးတိကို ဆက်သွယ်ရေခါ အေကိစ္စကို တခုလေး မဖြေကြားဘဲ ဖုန်းချလားပါသည်။
(RSO) ကုလားလက်နက်ကိုင် အကြမ်းဖက်သမားတိ ထုတ်ဝီနိန်ရေ ကုလားတန်သတင်းဌါန ဝက်ဆိုက်စာမျက်နှာမှာ (ALP) ရခိုင်ပြည် လွတ်မြောက်ရီးပါတီက ယင်း (GE) တပ်သားသုံးယောက်ကို လွန်ခရေ နှစ်က ပြန်ပီးဆွဲလားရေလို့ စွပ်စွဲဖေါ်ပြထားကြောင်းနန့် ဂျန္န၀ါရီလ ၂၅ ရက်နိန့်က ဘင်္ဂလာဒေခ်ျ့ တီဗွီရုပ်သံ (Chennel 24) C24TV သတင်းထောက်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ (RSO) မြန်မာ အတိုက်အခံ ပါတီတိပေါင်းစီးလို့ ဘင်္ဂလာဒေခ်ျ့ အပိုင် တောတွင်း တနိန်ရာမှာ ယာယီစခန်းဆောက်လုပ် သင်တန်းပီးနိန်ကြောင်း မျက်မြင်သက်သီတိနန့် (BGP) တပ်ရင်းမှူးတိကို အင်တာဗျူးတိဘာ ထည့်သွင်း ပြသလားပါသည်။
အဆိုပါ အင်တာဗျူးမှာ (BGP) တပ်ရင်းမှူးက ”နယ်စပ်တိကို ကျွန်တော်ရို့ မျက်ခြေမပြတ် စောင့်ကြည့်နိန်ပါရေ ဇာအကြမ်းဖက်အဖွဲ့ကို မဆို ရှာဖွေဖေါ်ထုတ်ဖမ်းဆီး အရေးယူဘာရေ ကျွန်တော်ရို့  လွန်ခရေ နှစ်တိက (AK47) သေနပ်မျိုးစုံ ဖမ်းဆီးရမိဘာရေ ကျွန်တော်ရို့ ကင်းလှည့်ကေ အကြမ်းဖက်သမားတိ ထွက်ဗြီးလားဘာရေ” လို့ ပြောကြားကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရီးနန့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရီးအဖွဲ့ဝင် စစ်တကောင်းနယ်တာဝန်ခံ မူခင်းသတင်းထောက် (Crime Reporter) အမျိုးသမီးတယောက်က လေးဝတီကို ပြောကြားပါသည်။
မြန်မာအစိုးရ မီဒီယာတိမှာ အေအကြောင်းအရာတိကို ဦးစားပီး ဖေါ်ပြစွာမျိုးမဟိဘဲ ပြည်ပမီဒီယာတိက သတင်းတိကို အချိန်နန့် တပြေးညီ ဖေါ်ပြနိန်စွာတိကို ကြားရလို့ အဂုအခါ မောင်တောမြို့ နယ်မှာ နိန်ထိုင်ရေ ရခိုင်အမျိုးသားတိကြား စိုးရိမ်မူတိ ဖြစ်ပေါ်နိန်ကြောင်း မောင်တောမြို့ ခံ တယောက်ကလေး ပြောပါသည်။


လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ