ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 January 2013

မွန်မြတ်ဖြည့်စွမ်း ပြည့်ဝန်ထမ်း (အယ်ဒီတာ့အာဘော်)


နိုင်ငံတော် အစိုးရသည် နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဖွံ့ဖြိုးတိုးတက် လာစေရန် အစွမ်းကုန် ကြိုးပမ်း လျက်ရှိသည်။ ''အသီးတစ်ရာ၊ အညှာတစ်ခု'' ဟူသော စကားပုံ ကဲ့သို့ ခိုင်းနှိုင်းပါက အသီး တစ်ရာသည် ဝန်ထမ်းများ ဖြစ်၍ အညှာ တစ်ခုသည် နိုင်ငံတော် အစိုးရပင် ဖြစ်သည်။

နိုင်ငံတော် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများ အကြား အစိုးရက ချမှတ်ထားသော မူဝါဒ များကို ကြားခံ အကောင် အထည်ဖော် ဆောင်ရွက် ပေးရသည့် ယန္တရားများပင် ဖြစ်သည်။ နိုင်ငံတော် အစိုးရ၏ မူဝါဒများအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများ အနေဖြင့် မိမိတို့ တတ်သိထားသည့် အသိပညာ၊ အတတ်ပညာ များကို ကျွမ်းကျင်မှုဖြင့် ပေါင်းစပ်ကာ စိတ်ရင်း စေတနာ ကောင်း များ ထားရှိ ဆောင်ရွက် ကြရမည် ဖြစ်သည်။
ဝန်ထမ်းများသည် မိမိတို့၏ အသိပညာ၊ အတတ်ပညာကို အခြေခံကာ အချို့က ဝါသနာ အလျောက်၊ အချို့ကမူ အသက်မွေးဝမ်း ကျောင်းမှုတစ်ခု အတွက် ဝန်ထမ်း ဖြစ်လာကြ သူများ ဖြစ်ကြသည်။ လုပ်ငန်းခွင်တွင် ဝန်ထမ်းများ အတွက် အဆင့်အလိုက်၊ နေရာအလိုက် ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များကို တိတိကျကျ သတ်မှတ် ပေးထားသည်။ ထိုအခါ ''တာဝန်'' ဟူသောအသိ ''တာဝန်ကျေ ရမည်'' ဟူသော အသိတို့ဖြင့် ထိုတာဝန်တို့ကို ပြီးမြောက်အောင် ဆောင်ရွက် ကြရသည်။
တာဝန်ကျရာ လုပ်ငန်းများ ဆောင်ရွက် ကြရာတွင် အခက်အခဲများ ရှိမြဲဖြစ်သည်။ အခက်အခဲ များကို အဆိုးမြင် စိတ်မထားဘဲ သဘာဝ ကျကျ၊ ယထာဘူတ ကျကျ ရှုမြင်တတ်ခြင်း၊ လုပ်ငန်း တာဝန်များကို ဝတ်ကျေတမ်းကျေ မလုပ်ဘဲ အစမှ အဆုံးတိုင် စေ့စပ် သေချာစွာဖြင့် ပြီးမြောက်အောင် ဆောင်ရွက်သွားကြ ရမည် ဖြစ်သည်။ အလုပ်တစ်ခုကို လုပ်ရာတွင် စေတနာ ထည့်သွင်း ပေါင်းစပ် လုပ်ကိုင်ခြင်းဖြင့် အလုပ်တွင်ကျယ်သည့် အပြင် ရလဒ်ကောင်းများ ရရှိနိုင်သည်။
ယနေ့ အချိန်တွင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍအ လိုက် အောင်မြင်အောင် ဆောင်ရွက်လျက် ရှိရာတွင် ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေ တိုးတက် ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေး ဆောင်ရွက်ပေးလျက် ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံ့ ဝန်ထမ်းများက အစိုးရနှင့် ပြည်သူများ အကြား ပေါင်းစပ် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ ဝန်ထမ်းများ အနေဖြင့် ပြည်သူများ၏ လိုလားချက်အား သိရှိပြီး ပြည်သူ့ အကျိုးစီးပွား ဆန္ဒများကို လက်တွေ့ ဖြည့် ဆည်း ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရမှ မူဝါဒများကို ချမှတ် ဆောင်ရွက်လျက် ရှိရာ နိုင်ငံ့ ဝန်ထမ်းများက အပြည့်အဝ အကောင် အထည်ဖော် ဆောင်ရွက်ပေးကြ ရမည့် တာဝန်ရှိသည်။ နိုင်ငံတော် အစိုးရ၏ စေ တနာနှင့် ဆောင်ရွက်ချက် များကိုလည်း ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ကြရန် ညှိနှိုင်း ဖြည့်ဆည်းပေးကြ ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ဝန်ထမ်းများ၏ အခန်း ကဏ္ဍသည် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကကျသည့် နေရာတွင် ရှိရာ ဝန်ထမ်းကောင်း စိတ်ဓာတ်နှင့် စည်းကမ်း ကျင့်ဝတ်များ အတိုင်း ကြိုးပမ်း သွားကြရမည် ဖြစ်ပါကြောင်း နှိုးဆော် ရေးသား လိုက်ရပါသည်။  ။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ