ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

6 January 2013

အင်္ဂလိပ်စကားပြောခိုင်းမယ်


ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။

ကွန်ပျူတာသုံး မြန်မာစာဖောင့်တစ်ခုပေါ်လာပြန်ပါပြီ


  
ပြည်တွင်းနည်းပညာလောကတွင် မြန်မာစာကို တိတိကျကျ အချက်အလက် သိမ်းဆည်းနိုင်ခြင်း (Data Collection) မပြုလုပ်နိုင်သေးခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တီထွင်ထားခြင်းဟုဆိုသော မြန်မာစာဖောင့် အသစ်တစ်ခုဖြစ်သည့် စံမြန်မာ (Sanmyanmar Font)ကို ပြည်တွင်းမှ မြန်မာစာဖောင့်များ လေ့လာနေသူတစ်ဦးက စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

3 January 2013

english - myanmar - english Dictionary (wxPyDict)

english - myanmar , myanmar-english dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် . ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် . ကျွန်တော်ကတော့ သဘောကျပါတယ် . စာဖတ်ပရိတ်သတ်များ အဆင်ပြေမယ် ထင်လို့ တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ . ကဲ အောက်မှာ download လုပ်ယူလိုက်ပါ .

Download ifile.it | Download mediafire | Download ziddu | Download zshare




အဖြူရောင်လေးမှ

27 December 2012

တန်ဖိုးနည်းဖုန်းများ ဇန်နဝါရီ ၈ ရက် ထွက်မည်



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်းဖုန်းများဖြစ်သော GSM, WCDMA များကို ဇန်နဝါရီလ (၈) ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မော်လမြိုင်မြို့တွေမှာ ဖုန်း (၁) သန်းကျော် ချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ GSM ကို (၁) သိန်းကျပ် WCDMA ကို (၁၂၀၀၀၀)

26 December 2012

မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြီ



လက်ပံတောင်းတောင်အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယေန့  ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍

25 December 2012

မြေဆွဲအားဖြင့်မီးလင်းစေမည့်မီးလုံးကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို အလင်းပေးနိုင်တော့မည်




ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။

အင်တာနက်လိုင်းမရှိဘဲ VoIP အင်တာနက်ဖုန်းလိုင်းဖြင့် နိုင်ငံခြားသို့ တယ်လီဖုန်းခေါ်ဆိုနိုင်မည်




အင်တာနက်လိုင်းမရှိသော မိုဘိုင်းဖုန်းလိုင်းများနှင့် အော်တိုတယ်လီဖုန်းလိုင်းများ အတွက် နိုင်ငံခြားသို့ VoIP အင်တာနက် တယ်လီဖုန်းလိုင်းဖြင့် တိုက်ရိုက်ခေါ်ဆိုမှု ပြုလုပ်နိုင်ရန် ၀န်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။ အဆိုပါဝန်ဆောင်မှု၌ အသုံးပြုနိုင်စေရန် Activation

ယခု ပြည်တွင်းတွင် စတင် ဆန္ဒပြနေကြပြီး ပြည်ပ ရောက်မြန်မာများကလည်း DDos ဖြင့် စတင် တိုက်ခိုက်နေပြီ


အရပ်သားများကို သတ်ဖြတ်မှု၊ ရထားလမ်း/ တံတားများ အား မိုင်းထောင်မှု နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်အား အကြောင်းမပြန်မှုအတွက် KIA အား DDos နှင့် စ တိုက်နေပြီဖြစ်သည်။
 

  ယခု ပြည်တွင်းတွင် KIA ကို လူအများမှ စတင် ဆန္ဒပြနေကြပြီဖြစ်သည်။ အွန်လိုင်းမှ အင်တာနက်သုံးသူများ လည်း DDos နှင့် စတင် တိုက်ခိုက်နေပြီဖြစ်သည်။ ပါဝင်ရန် အတွက်

20 December 2012

iPhone 5 Clone

iPhone 5 CloneiPhone 5 Clone လေးပဲ ဖြစ်ပါတယ်။ Apple မှ နာမည် အကြီးဆုံးနဲ့ နောက်ဆုံး ထွက်ရှိ ထားတဲ့ iPhone 5 နှင့် ချွတ်ဆွတ် ခွဲမရအောင် ပုံစံရော Function ပါ တူညီပြီး အလွန်လှပပါတယ်။
Clone iOS 6.0 ကို အသုံးပြုထားပြီး Dual Cone Processor, Memory (RAM), 1GB, Storage 16GB. 5" touch Screen, Bluetooth, Wifi GPS, Sensor အပြည့်အစုံဖြင့် အဆင့်မြင့် စမတ်ဖုန်းများတွင်သာ ပါဝင်တဲ့ Quality

15 December 2012

အိုင်ဖုန်းအတွက် Apple တို့ နည်းပညာ မူပိုင်ခွင့် ၃ ခု ခိုးခဲ့ကြောင်း တရားရုံးတွင် ဝန်ခံ




တကယ် စိတ်မကောင်းစရာ သတင်းပါပဲ။ Apple တို့ Mobile media Ideas LLC နဲ့ တရားယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအတွက် လျော်ကြေး ဘယ်လောက်ပေးရမယ်ဆိုတာတော့ မသိရသေး ပါဘူး။ သို့ပေမယ့် Apple က LLC ရဲ့  နည်းပညာ သုံးခုကို ယူသုံး ခဲ့ကြောင်းတော့ တရားရုံးက ထွက်ဆိုစေလိုက်ပါတယ်။ ယင်း နည်းပညာ သုံခုကတော့ - အိုင်ဖုန်း ကင်မရာ၊ Call Handling, Call Rejection တို့ ဖြစ်ပြီး ယင်း နည်းပညာများဟာ MmILLC က ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထားနဲ့ တွေ့ရှိခဲ့ပါတယ်။ ၁၉၉၄ ကနေ ၁၉၉၈က ခုနှစ် ကြားကာလမှာ Mobile media ideas LLC က ဖန်တီးထားခြင်း ဖြစ်ပြီး Nokia , Sony တို့နဲ့ တွဲလုပ်နေတဲ့ ကုမ္မဏီ တစ်ခုလည်း ဖြစ်ပါတယ်။

Photo: Ref: Asia.cnet Aung Kham (TSJ team) TechSpace Journal

၆၂ ဒေါ်လာတန် Facebook ဖုန်းများကို Nokia မိတ်ဆက်



၆၂ ဒေါ်လာတန် Facebook ဖုန်းများကို Nokia မိတ်ဆက်ဖင်လန်နိုင်ငံ အခြေစိုက် Nokia ဖုန်း ကုမ္ပဏီသည် Facebook အသုံးပြုရန် သီးခြား ခလုတ် ပါဝင်သည့် Nokia Asha 205 နှင့် Asha 206 စမတ်ဖုန်း တို့ကို ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။
သီးခြားအနေဖြင့် Facebook ခလုတ်အား ထည့်သွင်းထားခြင်းမှာ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် လူမှုကွန်ရက်အား အသုံးပြုနိုင်သည့် ဝန်ဆောင်မှုကို ပေးချင်သည့်အတွက်ကြောင့်ဟု သိရပြီး ဈေးနှုန်းကို မျှတအောင် စီစဉ်ထားကြောင်းလည်း သိရသည်။ Nokia မှ ပြောရေးဆိုခွင့်ရှိသူက

12 December 2012

ကျေးရွာပေါင်း ငါးထောင်ကျော်တွင် မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပြီးဖြစ်




ကျေးရွာပေါင်း ငါးထောင်ကျော်တွင် မိုဘိုင်းတယ်လီဖုန်း လေးသိန်းငါးသောင်းခန့် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ၅ ထောင်ကျော်ရှိ ပြည်သူများအတွက်

9 December 2012

သျှမ်း/မြောက် ကျေးလက်လူထုကိုပါ ဖုန်းကဒ်အရစ်ကျချပေးနေ



သျှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် ကျေးလက်ဒေသတို့တွင် မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနမှ လက်ကိုင်ဖုန်း နံပတ်များကို အရစ်ကျငွေပေးသွ
Photo: င်းမှုစနစ်ဖြင့် ချရောင်းပေးနေ ကြောင်း စုံစမ်းသိရှိရပါသည်

“ မြို့နယ် ဆက်သွယ်ရေးရုံး ကနေ ဖုန်းနံပတ်တွေချရောင်းပေးတယ် ။ ပိုက်ဆံ ၄ သောင်း ၆ ထောင် သွားသွင်းပြီးရင် ဖုန်းပြောလို့ရပြီ။ ကျန်တဲ့ တစ်သိန်းခြောက်သောင်းကိုတော့ လစဉ် အရစ်ကျစနစ်နဲ့ ပေးချေသွားရမယ်။ တလ တသောင်းပေါ့” ဟု လားရှိုးဒေသခံ စိုင်းမောင်ညွန့်ကပြောသည်။

5 December 2012

မြန်မာ့ဆက်သွယ်ရေး၏ ကောင်းမှုကြောင့် မြန်မာ SIM ကဒ်များဖြင့် အာဆီယံ နိုင်ငံများတွင် အသုံးပြုနိုင်တော့မည်




ပြည်တွင်းမှာ အသုံးပြုလျက် ရှိနေတဲ့ မိုဘိုင်းဖုန်း များကို အာဆီယံ နိုင်ငံတွေ အတွင်း သယ်ယူ ပြောဆို နိုင်ခွင့်နဲ့ပတ်သက်ပြီး လာမယ့် ၂၀၁၃ ခုနှစ် ဧပြီ
လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေကြမ်း ပြန်လည်ပြင်ဆင်ရန် လိုအပ်


ဆက်သွယ်ရေးဥပဒေကြမ်းမှာ အစိုးရ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုပေးထားတယ်လို့ တင်ရှားတဲ့ ဘလောဂ်ဂါနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေဖုန်းလတ်က ဝေဖန်ပြောဆိုပါတယ်။
ဒီဥပဒေကြမ်းကို အများသူငါ အကြံပြုတင်ပြနိုင်အောင် ထုတ်ပြန်ထားတာဖြစ်သလို ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) MICT Park မှာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

1 December 2012

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်





မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5
ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့

မိုဘိုင်းဖုန်းအင်တာနက် သုံးစွဲခစနစ်သစ် ပိုပြီးသက်သာဟု ဆက်သွယ်ရေး ပြော


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကောက်ခံမယ့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခ စနစ်သစ်ဟာ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ နှုန်းထားတွေနဲ့ အလားတူဖြစ်ပြီး ပိုသက်သာတဲ့ နည်းလမ်းဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၁ ရက်ကစပြီး ကောက်ခံမယ့် Volume Based Charging ခေါ် သုံးစွဲတဲ့ ပမာဏအလိုက် ပေးဆောင်ရမယ့် စနစ်သစ်ဟာ အင်တာနက် သုံးစွဲသူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တဲ့အကြောင်း၊ မိုဘိုင်းဖုန်းဌာန တာဝန်ခံ အင်ဂျင်နီယာတဦးက ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

30 November 2012

MPT ရဲ့ စေတနာ နဲ့ စမ်းသပ်သူရဲ့ ဝေဒနာ(၃)


ကိုယ့်အကြောင်းကိုယ်သာသိ၊ ဒီတစ်ချိန်တွင်တော့ တကယ်ထိသွားလေသည်။ ကိုယ်က အင်တာနက် သုံးပြန်ရင်လည်း ခဏဖွင့်ကြည့်ပြီး ပိတ်တတ်သူ မဟုတ်။ gmail ကို မေးလ်စစ် ယုံလောက် သုံး၊ Gtalk နဲ့ ပွားနေ သူ လည်း မဟုတ်။ ဟိုနေရာလေးမှာ သတင်း အသစ်တင် လည်း ဖွင့်ကြည့်လိုက်၊ ဒီနေရာလေး သီချင်း အသစ်တင် လည်း ပြေးကြည့် လိုက်။ ဖွင့်လိုက်ပြန် ရင်လည်း စာမျက်နှာ များကို ကိုယ့်ရည်းစား မျက်နှာလေး လို တယုတယ ဖွင့်ထား တတ်တာ ကလည်း အကျင့်ဖြစ်နေ သည်မို့ ကိုယ့်ဝင်ငွေလေးနဲ့ ချိန် ထိုးရ ပေတော့မည်။ Youtube မဖွင့်ရဲ၊ Vedio ဖိုင် မဖွင့်ရဲ၊ webcam မကြည့်ရဲသည့် ဘ၀ကို တစ် ခါပြန်ရောက် ပေ အုံးတော့မည်။ MPT ရဲ့စေတနာ ကောင်းလွန်းပေစွ။ လဆန်းပိုင်းအရောက် ဖုန်းဘေလ် က အလို အလျောက်ဖြတ်။ ထည့်ထားတဲ့ ကျပ် တစ်သောင်း ဘယ်ရောက်သွားပါလိမ့် ဆိုပြီး အော်ရ အုံးမည်။ မသုံး လို့ကလည်း မရ။ ရေမရှိသည့်အရပ်မှာ ရေရောင်းသူ တစ်ဦးတည်း ရှိမှတော့ ၀ယ်သောက် ရတော့မည်ပေါ့။ 

MPT ရဲ့ စေတနာ (၁)

29 November 2012

မြန်မာ Browser အသစ်လေးပါ မြန်မာဖောင်းမလိုဘဲ မြန်မာလို့ ကြည့်လို့ ဖတ်လို့ ရပါတယ်

MyanBrowserဖုန်းတွေအတွက်ကော pc တွေအတွက်ပါအဆင်ပြေဖို့ မျှော်လင်းပါတယ်။ 

MPT ရဲ့ စေတနာ နဲ့ စမ်းသပ်သူရဲ့ ဝေဒနာ(၂)


 MPT ရဲ့ စေတနာ
မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲသူများကို သုံးစွဲသည့် ပမာဏ အလိုက် သာ ကောက်ခံမည့် Volume Based Charging စနစ်အား သုံးစွဲသူအများစုက ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် ဆန္ဒပြမည်ဟု Social Media များတွင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခြင်းအား MPT မှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။100 KB နှစ် ကျပ်မှ မကြိုက်ဘူးဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ