ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 November 2012

မြောက်ဦးမှ ဖမ်းဆီးစစ်ဆေးခံရမှုသတင်း


ယနေ့ နံနက် ၁၀း ၃၀ ခန့်အချိန်က
 မြောက်ဦးမြို့နယ်၊ သံရွှင်ပြင်
 ကျေးရွာမှ အသက် ၅၀ ၀န်းကျင်
ခန့် ရှိသူများဖြစ်ကြသော ဦးအောင်
ထွန်းဖြူ၊ ပြည်သိမ်းအောင်၊

ထွန်းလင်းကျော်၊ တို့အားလည်းကောင်း၊ အသက် ၂၅ နှစ် ၀န်ကျင်ရှိသူများဖြစ်ကြသော မောင်ဇော်မင်းဦး၊ မောင်အောင်သိန်း၊

 မောင်ကျော်လှ သိန်း တို့ အား လုံခြုံရေးတာဝန်ယူထားသူများဖြစ်ကြသည့် စစ်
တပ်မှ တပ်ဖွဲ့ဝင်များက စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်
သွားကြောင်းသတင်းရရှိပါသည်။

ယိုင်သည်ရွာ မီးလောင်မှုတွင် ပါဝင်ပတ်သတ်နေသည်ဟု သံသယဖြင့်ခေါ် ဆောင်သွားခြင်းဖြစ်ကြောင်းလည်း ဒေသခံများက
သုံးသပ်ပြောဆိုကြပါသည်။

ယင်းသို့ ဖမ်းဆီးနေခြင်းများအပေါ် ဒေသခံများဘုမသိဘသမိဖြင့်
 အဖမ်းခံရ မည်ကို စိုးရိမ်လျက်ရှိကြောင်းလည်းသိရှိရပါသည်။

တစ်ချို့မှာ အမည်ပါနေသည်ဟု သတင်းများအရ ထွက်ပြေး
တိမ်းရှောင်နေကြ ရကြောင်းလည်းသိရှိရပါသည်။

 မြောက်ဦးမှ ဖမ်းဆီးစစ်ဆေးခံရမှုသတင်း အဆက်
-------------------------------------------

ထိုသို့ သွားရောက်ဖမ်းဆီးခဲ့သူများမှာ စစ်တပ်မှ မဟုတ်ကြောင်းနှင့် ရဲ များက သာဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

ယခုအခါတွင် မြောက်ဦးမြို့မှ ရခိုင်တိုင်းရင်းသားဆယ်ဦးခန့်အား စစ်ဆေး
 ရန်ဟုဆိုကာ ဒုပြည်နယ်ရဲမှူးအဆင့်ရှိသူ တစ်ဦးက ဦးဆောင်ပြီး စစ်တွေမြို့ သို့ ကားဖြင့် ခေါ်ဆောင်လာနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် လမ်း၌ပင်ရှိသေးကြောင်း
 လည်းသိရှိရပါသည်။

ဖမ်းဆီးထားခြင်းဟုတ်မဟုတ်မသေချာသေးသော်လည်း ခေါ်ဆောင်လာ
သည်မှာမှန်ကန်ကြောင်းနှင့် စစ်ဆေးမည့်အနေအထားတွင် ရှိနေကြောင်း
 လည်းသိရှိရပါသည်။

 
Rakhine Straight Views

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ